Pages

Pages - Menu

Wednesday, March 6, 2013

အရောင်းဝန်ထမ်း မိန်းကလေးနှစ်ဦးကို တရားမ၀င်ကာမစိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူ

Wednesday, March 6, 2013

စိန်ဂေဟာဆေးကောင်တာနှင့် တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange) ဆေးကောင်တာတို့မှ တာဝန်ကျဝန်
ထမ်း မိန်းကလေးနှစ်ဦးကို တရားမ၀င် ကာမစိတ်ကြွဆေးရောင်းချသည်ဟုဆိုကာ သက်ဆိုင်ရာမှ တည်ဆဲ
ဥပဒေများနှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိဝန်ထမ်းတစ်ဦးက
 ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။
အဆိုပါတာဝန်ရှိသူက ပြောကြားရာတွင် တရားမ၀င် ကာမစိတ်ကြွဆေး ရောင်းချမှုကို တားဆီးရန် ပညာ
ပေးကာလအဖြစ် ၅ ရက်ကြိုတင်အကြောင်း ကြားပြီးဖြစ်ကြောင်း၊ ပညာပေးကာလ ကျော်လွန်၍ စိစစ်အ
ရေးယူဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ ကာမစိတ်ကြွဆေးများသည် တရားဝင်ခွင့်ပြု ထားသော ဆေးဝါးများ
မဟုတ်ကြောင်း ပြောကြားသည်။

တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange) ဆေးကောင်တာမှ တာဝန်ကျ အမျိုးသမီးက “ကျွန်မ ဒီတော်ဝင်
စင်တာ (Orange) ဆေးကောင်တာမှာ တာဝန်ထမ်းဆောင်တာ တစ်လခွဲခန့်သာ ရှိသေးတယ်။ လခကတော့ ငါးသောင်းကျော်ရပါတယ်။ ကျွန်မတာဝန်က ဆေးကောင်တာဆိုတော့ ရောင်းနေတဲ့ဆေးတွေက တရား
ဝင်ဆေးဟုတ်၊ မဟုတ်ဆိုတာ ဘယ်သူမှ ပြောမထားဘူး။ ယူထားတဲ့ တာဝန်က ဒီကောင်တာမှာရှိတဲ့
ပစ္စည်း တွေကို လာဝယ်တဲ့သူရှိရင် ရောင်းဖို့ပဲ။ ၀န်ထမ်းဆိုတာ ကုမ္မဏီက ပေးတဲ့တာဝန်ကို ကျေပွန်
အောင် ဆောင်ရွက်ရတာ။ 

လာဝယ်တဲ့ ပစ္စည်းကို မရောင်းချင်ဘူးလို့ ငြင်းခွင့်မရှိဘူး။ ပေးတာယူ၊ ခိုင်းတာလုပ်ရတာ ကျွန်မတို့ ၀န်ထမ်း
တွေပါ။ တောမှာ အနေအထားခက်ခဲလို့ မြို့တက်ပြီး သင်တန်းတွေ တက်ရင်း ၀န်ထမ်းလုပ်ခါမှ အချုပ်ခန်း
ထဲရောက်ရတာ ရင်နာလို့မဆုံးပါဘူးရှင်။မိကောင်းဖခင်သားသမီးတစ်ယောက်ပါ။ ဖြစ်စဉ်တွေကိုနယ်ကမိဘ
တွေ စိတ်ဆင်း ရဲမှာကြောက်လို့ မိဘတွေကိုအသိမပေးခဲ့ဘူး။ဒီပစ္စည်းပိုင်ရှင်ကကျွန်မ မဟုတ်ဘူး” ဟု ပြော
သည်။

စိန်ဂေဟာ ဆေးကောင်တာမှ အရောင်းမန်နေဂျာ အမျိုးသမီးက “ဆေးတွေ မိတော့ တာဝန်ကျနေတဲ့ ညီ
မလေးတွေက ငိုပြီး ကျွန်မထံကိုပြေးလာတော့ သက်ဆိုင်ရာ စစ်ဆေးတဲ့ ၀န်ထမ်းတွေက သက်သေခံအဖြစ်
ဒီစာရွက်တွေ ပေါ်မှာ လက်မှတ်ထိုးပြီးရင် စခန်းခဏ လိုက်ခဲ့ပါဆိုပြီး စခန်းရောက်တော့ အချုပ်ထဲမ၀င်ရင် ဆွဲသွင်းမယ်ပြောပြီးအချုပ်ထဲရောက်ခဲ့ရတယ်။ဥပဒေ၀န်ထမ်းတွေ၊၂၄ နာရီ ပြည်သူ့ဝန်ထမ်းတွေက ဒီပစ္စည်း
ရဲ့ ပိုင်ရှင်ကို မသိတာလား။ ကျွန်မတို့က ၀န်ထမ်းပါ အထက်ကခိုင်းရင်တော့ လုပ်ရမှာပဲ။ ကိုယ်က လုပ်
အားရောင်းတယ်။ အလုပ်ရှင်က လုပ်အားဝယ်တယ်။ အဖြေက ရှင်းပါတယ်” ဟုပြောသည်။

ဥပဒေပညာရှင်တစ်ဦးကလည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ “ကျွန်တော် တစ်ခါ ကြုံဖူးတယ်။ ကာစီနိုက
စားနည်း အကြွေတွေနဲ့ ဆော့တဲ့ကစား နည်းလေ။ ပိုင်ရှင်က တိုင်းတစ်ပါးသား၊ ၀န်ထမ်းတွေက မြန်မာပြည်
သူတွေ၊ တကယ်တမ်းအဖမ်းခံရတော့ ကိုယ့်မြန်မာလူမျိုးတွေ ပိုင်ရှင်က သံတမန် နည်းအရ ကင်းလွတ်ခွင့်
ရပြီး သူ့နိုင်ငံပြန်သွားတယ်။

ဒီအတွက်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလ ရင် မြန်မာနိုင်ငံက၀န်ထမ်းတွေအတွက် အကာအကွယ်
ပေးမယ့် ဥပဒေဆိုတာ မရှိတော့ ဘူးလား။ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးတဲ့အတွက် လူသားချင်း စာနာထောက်ထားပြီး ကာကွယ်ပေးဖို့ ဥပဒေပြင်ဆင်တာ ပြဋ္ဌာန်းတာတွေကို လွှတ်တော်မှာ လုပ် ဖို့သင့်ပြီ” ဟု သုံးသပ်ပြောဆိုခဲ့သည်။

အဆိုပါဖြစ်စဉ်များကို ဒဂုံ မြို့နယ်ရဲစခန်းမှ (ပ)၃၃/၁၃ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး အမျိုးသား
 ဆေးဝါးဥပဒေပုဒ်မ ၁၈ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြစ်မှုမြောက်ပါက ထောင်ဒဏ် တစ်ရက်မှ ခုနစ်ရက်အထိ ဖြစ်စေ၊ ငွေဒဏ်ငါးထောင်မှငါးသောင်းအထိဖြစ်စေ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း
 ထပ်မံပြောကြားခဲ့သည်။

အလုပ်သမား နစ်နာမှုများကို ကူညီဆောင်ရွက်ပေးသူ ကြည့်မြင်တိုင်မြို့နယ် မှ ကိုထွန်းအောင်ကျော်
က ၀န်ထမ်းတွေ မနစ်နာရေးအတွက် ILO ရုံးများကို တင်ပြပြီး ရှေ့နေများဖြင့် ကြိုးစားဆောင် ရွက်ပေးသွား
မည်ဟု ပြောကြား ခဲ့သည်။

မြန်မာ သံတော်ဆင့်
RND: 5.3.2013

No comments:

Post a Comment