Pages

Pages - Menu

Wednesday, March 27, 2013

၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် မြန်မာ့တပ်မတော်မှ စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ပြသ

၆၈ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တပ်မတော်(လေ)မှ တိုက်လေယာဉ်များအားတွေ့ရစဉ် (Photo - AFP)

မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်တွင် ကျင်း
ပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ပြသခဲ့သည်။ အခမ်း
အနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား
ခဲ့ပြီး အဆိုပါမိန့်ခွန်းတွင် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေ
တွင် ပြဌာန်းထားကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခံစားခွင့်များ ရရှိရေးနှင့် လိုက်နာဆောင်ရွက်
ရန်အတွက် တပ်မတော်သားတိုင်းက တိုင်းသူပြည်သားများနှင့်အတူ ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း၊ 
 
ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ပြီး စုစည်းညီညွတ်သည့် ပြည်ထောင်စုကြီး ဖြစ်စေရေးအ
တွက် ရိုးသားမှု ကတိတည်မှုနှင့် တိုင်းရင်းသားပြည်သူလူထုအပေါ် စိတ်ကောင်းစေတနာများ ထားရှိရန် လို
အပ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ပိုမိုလိုလားကြောင်း၊ 
 
ယနေ့အချိန်တွင် ဒီမိုကရေစီစနစ်ဖြင့် ချီတက်ရာ၌ တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက စည်းကမ်း
ရှိကြရန် ဥပဒေကို လေးစားလိုက်နာကြရန် အရေးကြီးကြောင်း၊ 
 
တပ်မတော်အနေဖြင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးကို လိုလားကြောင်း၊
 
တပ်မတော်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဒီမိုကရေစီကျင့်စဉ်များနှင့်အ
တူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစရှိသည်တို့ကို ပြောကြားခဲ့ပါသည်။ 

No comments:

Post a Comment