ဧရာဝတီတိုင်းဒေသကြီး အစ္စလာမ်ကောင်စီမှ မြန်မာပြည် အနှံ့အပြားတွင် မှီတင်း
နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်ခြင်း အန္တရယ်မှ
ရှောင်ရှားနိုင်ရန် သတိပေး ကြေညာချက် တစ်စောင်မတ်လ၂၅ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါ ကြေညာချက်အပြည့် အစုံမှာ လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့်ပတ်သက်၍ အစ္စလာမ် ဘာသာဝင်များအနေဖြင့် - (၁) လူစုလူဝေးရှိသော နေရာများကို မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊
(၂) အများပြည်သူသုံးလမ်းပေါ်တွင် အခြားဘာသာဝင်များ တရားပွဲများ ဆောင်ရွက်နေပါက အခြားလမ်းမှ ရှောင်သွားရန်၊
(၃) အစ္စလာမ်ဘာသာဝင်ပိုင် စားသောက်ဆိုင်များ၊ဈေးဆိုင်မျာ
(၄) မလိုအပ်ဘဲ အရေးကြီးကိစ္စမရှိဘဲ ညအချိန်အပြင်မထွက်ရန်၊
(၅) မိမိတို့၏ သားသမီးများအား အိမ်၌သာ ရှိနေစေရန်
(၆) မကြာမီ ကျရောက်မည့် သင်္ကြန်ရက်များအတွက် လိုအပ်သော စားသောက်ပစ္စည်းများ ကြိုတင်ဝယ်ယူထားပြီး နေအိမ်၌ ရှိနေစေရန်၊
(၇) ပါတီနိုင်ငံရေးကိစ္စများနှင့် ကင်းကင်းရှင်းရှင်း နေထိုင်ကြရန် အသိပေး မေတ္တာရပ်ခံထားကြောင်း သိရသည်။
ယင်းသို့ အစ္စလာမ်ဘာသာဝင်များအား မေတ္တာရပ်ခံထားရခြင်း အကြောင်းရင်းများမှာ- ယခုအခါ ဘာသာရေး လူမျိုးရေးကို ခုတုံးလုပ်ပြီး တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေသည့် အဖျက်လုပ်ငန်းများ သတ်ဖြတ်မူများ၊ မီးရို့မူများ၊လုယက်မူများ၊ဥပဒေ
M-Mediaသတင်း- ၀ါးပင်လေး
RND: 26.3.2013
Rangonnewsdaily
Rangonnewsdaily
No comments:
Post a Comment