Pages

Pages - Menu

Saturday, March 23, 2013

ထိန်းသိမ်းခံ အာရဗီကျာင်းသားများ ပြန်လွတ်

မိတ္ထီလာ အမှတ်(၁)ရဲစခန်းမှ ထိန်းသိမ်းထားသည့် အာရဗီစာသင်သား(၈၅)ဦးမှာ လူမှုရေးအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် မတ်လ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။ 

အဆိုပါ ကျောင်းသားများကို မန္တလေးမှ မူဆလင်အဖွဲ့(၆)ဖွဲ့၊ (၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်လည်ခေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
 
လက်ရှိတွင် မန္တလေးမှမူစလင်အကျိုးဆောင်အဖွဲ့(၆)ဖွဲ့နှင့် (၈၈)မျိုးဆက်ကျောင်းသားများ(မန္တလေး)အဖွဲ့များမှ မိတ္ထီလာသို့ ကူညီရေးလုပ်ငန်းများဆောင်ရွက်ရန် မတ်လ(၂၃)ရက်နေ့က ထွက်ခွာခဲ့ခြင်းဖြစ်သည်။
 
မိတ္တီလာခရိုင်(၄)မြို့နယ်ကို ယမန်နေ့မတ်လ(၂၂)ရက်နေ့ညနေပိုင်းက နိုင်ငံတော်သမ္မတအမိန့်ဖြင့် တပ်မတော် အကူအညီရယူကာ ထိန်းသိမ်းခဲ့ပြီးနောက် ယခုကဲ့သို့ လူမှုရေးအဖွဲ့အစည်းများ၏ အကူအညီဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြန်လည်စတင်ခဲ့ခြင်းလည်း ဖြစ်သည်။

Rangonnewsdaily
RND:  :23.3.2013

No comments:

Post a Comment