ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေရဲ့တိုက်ပွဲတွေေ ကြာင့် နယ်မြေမလုံခြုံတဲ့အတွက် တစ်နှစ်ကျော်လောက် ပိတ်ထားခဲ့ရတဲ့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းကို ဒီကနေ့မနက်က စတင်ပြီး ပြန်လည်သွားလာခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။
ဗန်းမော်မြို့ကနေ မြစ်ကြီးနားမြို့ဘက်ကို ဒီကနေ့မနက် ၈ နာရီမှာ
စတင်ထွက်ခွာခွင့်ပြုခဲ့တာလို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာနပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက အမည်မဖော်လိုတဲ့ ပြည်နယ်အရာရှိတစ်
ဦးက RFA ကို
အတည်ပြုပြောဆိုပါတယ်။
“ဗန်းမော်-မြစ်ကြီးနား ခရီးစဉ်ကတော့ ဒီနေ့ ၁၈ရက်နေ့ မနက် ၈နာရီမှာ ဟိုင်းလတ် ၁ စီး၊ လိုက်ထရပ် ၁ စီး၊ ဘင် ၃ စီးနဲ့ စတင်ပြီးတော့ ပြေးဆွဲတယ်လို့ သတင်းရရှိပါတယ်၊ ဗန်းမော်ဘက်ကတော့ လုံခြုံရေးအရ တာဝန်ရှိတဲ့ နယ်မြေခံတပ်မမှူးရယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖွင့်ပွဲပုံစံလေးလုပ်ပြီးတော့ ဒီဘက်ကိုစမ်းသပ်ပြေးဆွဲတယ်လို့ သိရပါတယ်၊ ဒီဘက်ကတော့ ဝန်ကြီးချုပ်တို့ရဲ့ အစီအစဉ်အတိုင်းပဲ လုပ်မယ်လို့သိထားရပါတယ်”
ဒီကနေ့မနက်ပိုင်းကဗန်းမော်မြို့မှာအမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်ချုပ်ဖုန်းမြတ်၊ ပြည်နယ်

လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဆွေ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးတေဇာအောင် တို့ကတက်ရောက်ဖွင့်လှစ်ပေး
ခဲ့တာ လို့ သိရပါတယ်။
အဲဒီကားလမ်းကို ၂၀၁၁ ခုနှစ် ဇွန်လကစတင်ပြီး ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

RFA (Burmese)
Rangonnewsdaily
RND: :18.3.2013
RND: :18.3.2013
No comments:
Post a Comment