ဖြစ်စဉ်မှာ မတ် ၉ ရက်၊ နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တို့ အဆိုအရ သိရသည်။
ဆလွန်းကားသည် ကန်တော်ကြီး ပန်ကန်းလုံးကျွန်းဘက်မှဦးထောင်ဘို
အ၀ိုင်းဘက်သို့သွားမည့် လမ်းကြော
အတိုင်း မောင်းနှင်လာရာမှ
ကန်တော်ကြီးဥယျာဉ်၏ ခြံစည်းရိုး သံတိုင်များကို ၀င်ရောက်တိုက်မိသည့်အပြင်
ကန်တော်ကြီးအတွင်းရှိ သစ်ပင်အားထပ်မံ တိုက်ခဲ့ပြန်သည်။
အဆိုပါ ဆလွန်းကားအဖြူ ရောင်( အ/ ----)၏
ညာဘက် ဒရိုင်ဘာအခြမ်းရှိ ရှေ့ဘီးနှင့် နောက်ဘီးတို့ ကျွတ်
ထွက်သွားပြီး
ဘီးအလွိုင်းများလည်း ကျိုးပဲ့သွားကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်
ပတ်သက်၍ မင်္ဂလာ
တောင်ညွန့်မြို့နယ် ယာဉ်ထိန်းရဲစခန်းမှ ဒုရဲအုပ်နေကျော်စိုးက
''ယာဉ်ပိုင်ရှင်ကိုရှာရမှာပေါ့။ကားတစ်စီးလုံး
ကျန်ခဲ့တာ
ပြန်လာလောက်မှာပါ။ ယာဉ်ပိုင်ရှင်က ကာယကံရှင်ကို ကျေနပ်အောင်
ပြုလုပ်ပေးမယ်ဆိုရင် အ
ရေးယူ ဆောင်ရွက်ဖို့မလိုလောက်ပါဘူး'' ဟု
အခင်းဖြစ်ပွားရာနေရာတွင် ပြောကြားသည်။
ယာဉ်တိုက်မှု
ဖြစ်ပွားခဲ့သည့် ဆလွန်းကားနှင့် သက်ဆိုင်သူများက လက်ရှိတွင် သက်ဆိုင်ရာ
စည်ပင်သာ
ယာရေးကော်မတီနှင့် ဖြေရှင်း ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း
မင်္ဂလာတောင်ညွန့်မြို့နယ် ယာဉ်ထိန်းရဲ
စခန်းမှ ဒုရဲအုပ်နေကျော်စိုးက ပြောသည်။
Eleven Media Group:

Rangonnewsdaily
9.3.2013
No comments:
Post a Comment