Pages

Pages - Menu

Sunday, March 24, 2013

တံတားနီနေ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပခြင်းအပေါ် ကိုစည်သူမောင် အား တရားဆွဲဆို

တံတားနီနေ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပခြင်းအပေါ် ကိုစည်သူမောင်
အား တရားဆွဲဆို
Sunday, March 24, 2013

တံတားနီနေ့ အခမ်းအနားကို မတ်လ ၁၆ရက်နေ့တွင် ပြည်လမ်းမပေါ်ရှိ
အင်းလျား ကန်ဘောင်ပေါ်တွင် ပြုလုပ်ခဲ့ကြောင်းခြင်းကြောင့် ရန်ကုန်
စီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တ.က.သ) မှ ကိုစည်
သူမောင်အား တရားဆွဲဆိုထားကြောင်း သိရသည်။

ကိုစည်သူမောင်မှ ယင်းကိစ္စနှင့်ပတ်သက်၍ ကမာရွတ်မြို့နယ် (၉)ရပ်ကွက်
အုပ်ချုပ်ရေးမှုး ဦးခင်မောင်ထွေးမှ တရားရုံးသို့ ဦးတိုက်လျှောက် ထားသော
ကြောင့် ကမာရွတ်ရဲစခန်းမှ အကြောင်းကြားလာကြောင်း ပြောကြားသည်။

ယင်းသို့ တရားစွဲဆိုခဲ့ခြင်းအပေါ် အများပြည်သူနားနေတဲ့ပန်းခြံမှာ
သီချင်းဆိုတယ်၊ ကဗျာတွေရွတ်တယ်၊ ဒါဟာ အများပြည်သူ တည်
ငြိမ်အေးချမ်းမှုကို ပျက်ပြားစေတဲ့ အပြုအမူတွေမဟုတ်ဘူး၊ ခုလို
မျိုး အမှုဖွင့်တယ်။ တရာရုံးမှာ ဦးတိုက်လျောက်တယ် ဆိုတာကတော့
တော်တော်နားမလည်နိုင်စရာ ကိစ္စပဲ။ ကျွန်တော်တို့က နိုင်ငံသားတစ်
ယောက်ရဲ့ အခွင့်အရေးအရ လုပ်ဆောင်တာပဲဖြစ်တယ်  ဟု ကိုစည်
သူမောင်ကပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့
သို့ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ကျ ရဲအရာ
ရှိမှယင်းကိစ္စအား ယခုရဲစခန်းတွင် တစုံတရာ တိုင်းတန်း
ထားခြင်း မရှိသလို မသိရှိသေးကြောင်းဖြင့် ပြန်လည်
ဖြေကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ၈၈မျိုးဆက် ကျောင်းသားများ၊ ဗမာ
နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ၊ များအဖွဲ့ချုပ်၊ တက္ကသိုလ်
ကျောင်းသား များ သမဂ္ဂနဲ့ လူ့ဘောင်သစ်လူငယ်တို့မှ သဝဏ်လွှာ ဖတ်ကြားခြင်း၊ အမှတ်တရ သီချင်းများ သီဆိုခြင်းတို့ကို ၂ နာရီ
ကျော်ကြာ ပြုလုပ်ခဲ့ကြသည်။

ဝေယံ
ွှ့The Myanma Age

Sunday, March 24, 2013

တံတားနီနေ့ အခမ်းအနားကို မတ်လ ၁၆ရက်နေ့တွင် ပြည်လမ်းမပေါ်ရှိ အင်းလျား ကန်ဘောင်ပေါ်တွင် ပြုလုပ်ခဲ့ကြောင်းခြင်းကြောင့် ရန်ကုန် စီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တ.က.သ) မှ ကိုစည် သူမောင်အား တရားဆွဲဆိုထားကြောင်း သိရသည်။ ကိုစည်သူမောင်မှ ယင်းကိစ္စနှင့်ပတ်သက်၍ ကမာရွတ်မြို့နယ် (၉)ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးခင်မောင်ထွေးမှ တရားရုံးသို့ ဦးတိုက်လျှောက် ထားသော ကြောင့် ကမာရွတ်ရဲစခန်းမှ အကြောင်းကြားလာကြောင်း ပြောကြားသည်။

ယင်းသို့ တရားစွဲဆိုခဲ့ခြင်းအပေါ် အများပြည်သူနားနေတဲ့ပန်းခြံမှာ သီချင်းဆိုတယ်၊ ကဗျာတွေရွတ်တယ်၊ ဒါဟာ အများပြည်သူ တည် ငြိမ်အေးချမ်းမှုကို ပျက်ပြားစေတဲ့ အပြုအမူတွေမဟုတ်ဘူး၊ ခုလို မျိုး အမှုဖွင့်တယ်။ တရာရုံးမှာ ဦးတိုက်လျောက်တယ် ဆိုတာကတော့ တော်တော်နားမလည်နိုင်စရာ ကိစ္စပဲ။ ကျွန်တော်တို့က နိုင်ငံသားတစ် ယောက်ရဲ့ အခွင့်အရေးအရ လုပ်ဆောင်တာပဲဖြစ်တယ် ဟု ကိုစည် သူမောင်ကပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ သို့ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ကျ ရဲအရာ ရှိမှယင်းကိစ္စအား ယခုရဲစခန်းတွင် တစုံတရာ တိုင်းတန်း ထားခြင်း မရှိသလို မသိရှိသေးကြောင်းဖြင့် ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ၈၈မျိုးဆက် ကျောင်းသားများ၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ၊ များအဖွဲ့ချုပ်၊ တက္ကသိုလ် ကျောင်းသား များ သမဂ္ဂနဲ့ လူ့ဘောင်သစ်လူငယ်တို့မှ သဝဏ်လွှာ ဖတ်ကြားခြင်း၊ အမှတ်တရ သီချင်းများ သီဆိုခြင်းတို့ကို ၂ နာရီ ကျော်ကြာ ပြုလုပ်ခဲ့ကြသည်။

ဝေယံ
ွှ့The Myanma Age,Rangonnewsdaily
RND:  :24.3.2013

No comments:

Post a Comment