7Day News Hero ဆုရှင် ဦးဌေးနိုင် (လက်ထောက်စက်ခေါင်းမောင်း) |
ခုအား ဂျာနယ် (၁၁)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။ ပြီးခဲ့သည့် (၁၀)
နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားတွင်လည်း ၂၀၁၁ခုနှစ်အတွက် လူပုဂ္ဂိုလ် သုံးဦးနှင့် အဖွဲ့အစည်း နှစ်ခု
အား Hero ဆုပေးအပ်ချီးမြှင့်ခဲ့သည်။
ခုတ်မောင်းလာသည့် မီးရထားအားကြောက်လန့်ကာ ချောင်းကူးတံတား ရထားသံလမ်းပေါ်
စုံရပ်နေသော မြေအဖွားနှစ်ဦးအား ရထားနှင့် တိုက်လုဆဲဆဲတွင် စက်ခေါင်းပေါ်မှ
ခုန်ချကာ သက်စွန့်စံဖျား ကယ်တင်ခဲ့သူဖြစ် သည်။
၂၀၁၂ ဧပြီ ၁၁ရက်က ရန်ကုန်-မော်လမြိုင်(အစုန်ရထား) အမှတ် ၁၇၆ ကိုမောင်းနှင်လာစဉ် ဒါးပိန်ဘူတာအ၀င်တွင်ဖြစ်ပွားခဲ့ သည့် အက်ရှင်ကားဆန်ဆန် ကယ်တင်မှုတစ်ခုဖြစ်သည်။
အသက် ၆၂ နှစ်အရွယ်အဘွားဖြစ်သူနှင့် အသက် ၈ နှစ်အရွယ်မြေးဖြစ်သူတို့ ရထားလမ်းဖြတ်ကူးစဉ် ရှေ့တည့် တည့်မှမောင်းနှင် လာသော ရထားကိုတွေ့ပြီး ကြောက်လန့်ကာရောက်သည့်နေရာမှာပင်
စုံရပ်နေခဲ့ကြခြင်းဖြစ် သည်။
၂၀၁၂ ဧပြီ ၁၁ရက်က ရန်ကုန်-မော်လမြိုင်(အစုန်ရထား)
အသက် ၆၂ နှစ်အရွယ်အဘွားဖြစ်သူနှင့် အသက် ၈ နှစ်အရွယ်မြေးဖြစ်သူတို့ ရထားလမ်းဖြတ်ကူးစဉ် ရှေ့တည့် တည့်မှမောင်းနှင် လာသော ရထားကိုတွေ့ပြီး ကြောက်လန့်ကာရောက်သည့်နေရာမှာပင
စက်ခေါင်းမောင်းက အရေးပေါ်
ဘရိတ်ကိုသုံးလိုက်သော်လည်း လုံးဝ ရပ်တန့်နိုင်ခြင်းမျိုး မဟုတ်သဖြင့်
ဦးဌေးနိုင်သည် တစ်နာရီ ခုနစ်မိုင်နှုန်းမောင်းနှင် အားရှိနေသေးသည့်
စက်ခေါင်းပေါ်မှ ခုန်ချပြေးဆင်းပြီး မြေးအဘွားနှစ်ဦးကို တွန်းထုတ်
ဖယ်ရှားလိုက်သည်။
ထိုအခါ ၃ ဦးစလုံး ရထားလမ်း တံတားပေါ်မှ
ချောင်းထဲသို့ပြုတ်ကျသွားခဲ့ပြီး
အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ အသက်ကိုစွန့်၍ မြေးအဘွားနှစ်ဦး၏
အသက်ကို ကယ်တင်ခဲ့သော ထိုလက်ထောက် စက်ခေါင်းမောင်း၏ သူရဲကောင်း စိတ်ဓာတ်ကို
အခင်းသားမြင်တွေ့ရသည်။
ထို့ကြောင့် 7 Day News အယ်ဒီတာအဖွဲ့က လက်ထောက်စက်
ခေါင်းမောင်း ဦးဌေးနိုင်အား 7Day News Hero အဖြစ် သူရဲကောင်း ဆုပေးအပ်ရန်ု
ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ကိုဌေးနိုင်အား နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပေးအပ်ချီးမြှင့်ခဲ့သည်။
"ကျွန်တော်က မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါ။ အဲဒီတော့ ဘယ်ဘာသာ၊ ဘယ်လူမျိုးရယ်မှ မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကယ်တင်ထိုက်သူကို ကယ်တင်ရမယ်လေ။ ကျွန်တော့် အနေအထားအရလည်း တာဝန်ပိုင်းမှာ ဖြစ်နေတယ်လေ။ ကျွန်တော် ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ ကျွန်တော် မကယ်တင်ဘူး ဆိုရင် လူသား မဆန်တဲ့သူ ဖြစ်သွားမယ်။ "

Weekly Eleven Interview
Credit by: M-Media
Rangonnewsdaily
9.3.2013
No comments:
Post a Comment