Pages

Pages - Menu

Friday, February 22, 2013

ရန်ကြီးအောင်မှန်လုံလေအိတ် EXPRESS အမြန်ယာဉ်ကားချောက်ထဲထိုးကျ



     မန္တလေးမှ တောင်ကြီးသို့ တက်လာသည့် ခရီးသည်တင် ရန်ကြီးအောင် မှန်လုံလေအိတ် EXPRESS အမြန်ယာဉ်ကားကြီးသည် ဖေဖော်ဝါရီ ၂၁ရက်နေ့ ၊နံနက်၎း၀၀ နာရီအချိန်တွင် ဟဲဟိုးမြို့ အကျော် ၊တောင်လေးလုံးမရောက်မီ တီကောင်တောင်အကွေ့တွင် ကားဘရိတ်ပေါက်ပြီး တီကောင်တောင်အောက်ရှိ ချောက်ကမ်းပါးအတွင်းသို့ ကားတစ်စီးလုံးထိုးကျသွားခဲ့ကြောင်းသိရသည်။ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ၁၇ ဦးထိခိုက်ဒဏ်ရာများ ရရှိပြီး တော င်ကြီးမြို့၊ စ၀်စံထွန်း ဆေးရုံအရေးပေါ်ဌာနတွင် တင်ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

ထို့ကားတစ်သီးလုံးချောက်အတွင်း သို့ကျရောက်ခဲ့သော်လည်း ခရီးသည်အသေအပျောက်လုံးဝမရှိကြောင်း၊ ဒဏ်ရာရရှိသူ (၁၇) ဦးသာရှိကြောင်း၊
ယာဉ်ပေါ်တွင် ခရီးသည် စုစုပေါင်း (၃၆) ဦးပါဝင်ကြောင်း ၊ ယာဉ်အမှတ်မှာ ၂ဃ/ ----- ဖြစ်ကြောင်း ရန်ကြီးအောင် ဂိတ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး ယာဉ်မောင်းဖြစ်သူ ကိုစိုးသန်းထွေး (၄၄)နှစ်အား ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈ ဖြစ့် သက်ဆိုင်ရာမှ အမှုဖွင့်အရေးယူထားကြောင်း တာဝန်ရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အရာရှိတစ်ဦး၏ပြောပြချက်အရ သိရှိရသည်။

RND: 22.2.2013
Yangon Media Group

No comments:

Post a Comment