ဒီနေ့
နံနက်ပိုင်းက မြောင်း ကြီးလမ်း ကားမှတ်တိုင်မှာ ကား စောင့်နေစဉ်အတွင်း
မြောင်းကြီး လမ်းသွယ်အတွင်းမှ ဝန်ထမ်းဝတ်စုံ ဝတ်ထားတဲ့ မိန်းကလေးတစ်ဦး
သုတ်သီးသုတ်ပြာ ထွက်လာတာကို တွေ့ရပါတယ်။ အနီးကိုရောက် တော့မှ ကိုယ့်လမ်းထဲက
ဖြစ် ကြောင်း သတိပြုမိပါတယ်။ ဘတ်စ် ကား စောင့်တာ ဆယ်မိနစ်ကျော် ကျော်
လောက်ရှိတော့ ခရီးသည် အပြည့်အကျပ်တင်ထားတဲ့ ဘတ်စ် ကားတစ်စီးက ကျွန်တော်တို့
ခရီး သည်တွေ စောင့်နေတဲ့နေရာမှာ မရပ်ဘဲ ရှေ့နားတော်တော်လှမ်း လှမ်းမှာ
သွားရပ်ပါတယ်။ ကလေး မနဲ့ ခရီးသည်တွေက ဘတ်စ်ကား ရပ်တဲ့နေရာကို ပြေးလိုက်ကြပါ
တယ်။ ပြေးလိုက်တဲ့ ခရီးသည်တွေ မရောက်မီ ကားပေါ်မှ ခရီးသည် တစ်ဦး
ဆင်းသွားပြီး ချက်ချင်း မောင်းထွက်သွားတာကို တွေ့ရပါ တယ်။
ကျွန်တော်ကလည်း
ခပ်မှန် မှန်နဲ့ လိုက်သွားပြီး ကလေးမအနီး ရောက်တော့ စိတ်ရှုပ်ဟန်ပေါ်နေတဲ့
ကလေးမကို ပြုံးပြလိုက်ပါတယ်။ ကလေးမက ”ရုံးချိန်မမီရင်တော့၊ ဒုက္ခပါပဲ
ဘကြီးရယ်၊ လမ်းမှာ ကားကျပ်ပြီး ပိတ်မိမှာလည်း စိုးရိမ် ရသေးတယ် ဘကြီးရဲ့၊
ဒါကြောင့် အခါတိုင်းထက် တစ်နာရီလောက် စောပြီး ထွက်နေရတာလို့” ပြော
နေချိန်မှာ ရှေ့ကကားနဲ့ လိုင်းတူ ကားတစ်စီးက မှတ်တိုင်ဝင်ရပ်ဖို့
အရှိန်လျှော့လိုက်ချိန်မှာ အဲဒီကား ပေါ်ကစပါယ်ယာက ”မရပ်နဲ့ ဆရာ၊
ဆက်မောင်း-ဆက်မောင်း၊ ရှေ့ကားက မီးပွိုင့်မှာပဲ ရှိသေး တယ်-” လို့
အော်ပြောသံ ကြား လိုက်ရပြီး လုံးဝမရပ်ဘဲ ဆက် မောင်းသွားတာကို တွေ့လိုက်ရပါ
တယ်။ ကျွန်တော်လည်း ရင် မောစွာနဲ့ သူတို့နေရာမှာ သွားစုပါ တယ်။ ခရီးသည်တွေက
ဆင်မင်း ဈေးမှတ်တိုင်မှာပဲ သွားစီးတော့မယ် လို့ မကျေမနပ်
ရေရွတ်ပြောဆိုပြီး ထွက်သွားကြပါတယ်။
ဘတ်စ်ကားမှတ်တိုင်မှာ
နှစ် ယောက်တည်း ကျန်နေတော့ မိန်း ကလေးက ကျွန်တော့်ကို ခေါင်း ရမ်းပြီး
ပြုံးပြတာနဲ့ မင်းရုံးက ဘယ် မှာလဲကွဲ့ လို့ မေးတဲ့အခါ မြို့ထဲမှာ ပါ၊
ပန်းဆိုးတန်းအထိ ကားစီးရတာ ပါလို့ ဖြေပါတယ်။ ဒါနဲ့ ကျွန်တော် က ဆက်ပြီး
”ငါ့ကို တွေ့ဖူးတယ် မဟုတ်လား၊ မင်းနဲ့ တစ်လမ်း တည်းပဲလေ”လို့ ပြောလိုက်တော့
ကလေးမက ခေါင်းညိတ်ပြပါတယ်။ ”ငါက မြို့ထဲကို သိပ်မသွားပါဘူး။ သွားရင်လည်း
အငှားကားနဲ့ပဲ သွားတာပါ။
ဒီနေ့တော့ မကောင်း သတင်းနဲ့ နာမည်ကြီးနေတဲ့
ဘတ်စ်ကားတွေ စီးကြည့်လိုက်ဦး မယ်လို့ စိတ်ကူးခဲ့တာပါ။ ဒါပေမဲ့ မစီးရသေး
ဘဲနဲ့တင် လုံလောက်နေ ပါပြီဗျာ။ ဒါကြောင့်၊ အငှားကားနဲ့ပဲ သွား တော့မယ်၊
မင်းလည်း တစ်ခါ တည်း လိုက်ခဲ့ပေါ့”လို့ ပြောလိုက်ပါ တယ်။ ကလေးမက နေပါစေ ဘ
ကြီးရယ်၊ အားနာစရာလို့ ပြန် ပြော ပါတယ်။ ဘာမှ အားနာစရာ မလို ဘူး။
ပန်းဆိုးတန်း ကြေးနန်းရုံး နားက မီဒီယာကော်နာကို သွား မှာ၊ မင်းအတွက်
ပိုက်ဆံပိုကုန်တာ မှ မဟုတ်တာဘဲကွယ် လို့ပြောရင်း မောင်းလာတဲ့
အငှားကားတစ်စီး ကို တားပြီး ငှားလိုက်ပါတယ်။
ပန်းဆိုးတန်း မီဒီယာကော် နာ
ရောက်တော့ ကလေးမက နှုတ်ဆက်ပြီး ထွက်သွားပါတယ်။ ကျွန်တော်လည်း မှာထားတဲ့ စာ
အုပ်ကို ဝယ်ပြီး ရောက်နှင့်နေကြ တဲ့ မိတ်ဆွေများနဲ့အတူ ထိုင်နေကျ
လက်ဖက်ရည်ဆိုင်ကို သွားခဲ့ကြပါ တယ်။ လက်ဖက်ရည် သောက်ကြ ရင်း
အပြောင်းအလဲကိစ္စတွေနဲ့ မပြောင်းမလဲကိစ္စတွေက အစ လက်ပံတောင်းတောင် အရေး ကိစ္စ
အဆုံး ပြောဖြစ်ကြပါတယ်။
၂ဝ၁၃ ခုနှစ်၊
နှစ်သစ်ကိုကြိုဆိုတဲ့ စကား လုံး အလှအပတွေ အကြောင်း၊ ကချင်ဒေသမှာ စစ်ဘေးက
ပြေးနေ ကြတဲ့ကချင် တိုင်းရင်းသားတွေအ ရေးနဲ့ သမ္မတအိုဘားမား၊ အတွင်း
ရေးမှူးချုပ် ဘန်ကီမွန်းတို့ရဲ့ ဓာတ် ပုံမှာ ပါးစပ်ကို ကြက်ခြေခတ်ပြီး
ဆန္ဒပြခံရပုံတွေကို ပြောမိကြပါ တယ်။ ကျွန်တော်က ဘတ်စ်ကား မှတ်တိုင်မှာ
ကြုံခဲ့ရတဲ့ အပြေး အလွှားကိစ္စနဲ့ အငှားယာဉ်မောင်း ပြောခဲ့တဲ့ စတစ်ကာ
အကြောင်းကို ပြောပြီး စကားဝိုင်းထဲကို ဝင်လိုက်ပါ တယ်။ကျွန်တော်တို့ အထဲက
အမြဲ တမ်း စကားကြီးစကားကျယ် ပြော လေ့ရှိတဲ့ မိတ်ဆွေက ရပ်ကွက်ထဲက
ဓမ္မာရုံမှာလုပ်တဲ့ အရုဏ်ဆွမ်း လောင်းလှူပွဲကို ဒီနေ့ နံနက်က
ရောက်ခဲ့တာပါတဲ့။
ဆွမ်းခံကြွတဲ့
ကျောင်းတွေက ရှစ်ကျောင်းရှိပြီး စာသင်တိုက်များ ဖြစ်ပါသတဲ့။
ဆွမ်းခံကြွတဲ့အခါ ကျောင်းတိုက် တစ်တိုက်မှာ အနည်းဆုံး သံဃာ အပါး
သုံးလေးဆယ်နဲ့ အများဆုံး ရာကျော်အထိ ရှိပါသတဲ့။ ဆွမ်း ဟင်းချိုင့်တွေကို
ကျောင်းတိုက် အသီးသီးမှ ကျောင်းသားလေး များက လာယူကြပြီး ဓမ္မာရုံမှာ
ဆွမ်းသက်သက်ပဲ လောင်းပါ သတဲ့။ ကျောင်းတိုက် အားလုံး တစ်ပြိုင်တည်း
ဆွမ်းခံကြွတာ မဟုတ်ဘဲ တစ်ကျောင်းနဲ့ တစ် ကျောင်း ဆယ့်လေးငါးမိနစ်ခန့်ခြား
ပါသတဲ့။ ဓမ္မာရုံရှေ့မှာ စားပွဲခုံချ ထားပြီးအလှူရှင်မိသားစုနဲ့ ဝေယျာ
ဝစ္စအဖွဲ့မှ လူသုံးလေးဦးတို့က စတီးဇလုံလေးများနဲ့ လောင်းကြပါ တာတဲ့။
သံဃာတွေ ဆွမ်းခံကြွ လာတဲ့အခါ အလျဉ်မီအောင် ဇယ် စက်သလို အမြန်လောင်းကြ ရပါ
သတဲ့။ တစ်ခါတစ်ရံ စားပွဲပေါ်က ဆွမ်းခံ ဆွမ်းဇလုံ လှည့်ယူချိန်မှာ
ကိုယ်တော်တွေက မစောင့်ဘဲ ကြွ သွားတတ်ပါသတဲ့။ ကိုယ်တော်တွေ က
ဆွမ်းခြံ<ွကလာတုန်းကလည်း ခပ်သုတ်သုတ်နဲ့ ဆွမ်းလောင်းနေ ခိုက်မှာလည်း
ဆွမ်းဇလုံ နောက် လှည့်ပြီး ယူတာကိုတောင် မစောင့် နိုင်အောင် ခပ်လောလော၊
ပြန်ကြွသွားတော့လည်း ခပ်သွက်သွက်နဲ့ အပြေးအလွှား လှုပ်ရှားတဲ့ သဘော
မျိုးဖြစ်နေတော့ သာမန်လူတွေတင် ပြေးလွှားနေကြရတာ မဟုတ် တော့ပါလား လို့
တွေးမိပါသတဲ့။
ကြီးကြီးကျယ်ကျယ် ပြော
တတ်တဲ့ နောက် သူငယ်ချင်း တစ် ယောက်ကလည်း ဝင်ပြောပါတယ်။ သူ့ရဲ့ ဘေးအခန်းက ၇
နှစ်အရွယ် ပထမတန်း ကျောင်းသူကလေးကို စာနာမိပါသတဲ့။ မျက်စိနှစ်လုံး ပွင့်
ကတည်းက အပြေးအလွှား လှုပ်ရှားရတဲ့ ကျောင်းသူကလေးနဲ့ သူမရဲ့ဖခင်ကို
အမြဲတွေ့မြင် ကြား သိနေပါသတဲ့။ ကလေးမရဲ့ အဖေ က နံနက် ၆ နာရီလောက်မှာ
အလုပ်သွားရပြီး ကလေးကျောင်း ကားက ၅ နာရီ ၄၅ မိနစ်မှာ ရောက်ပါသတဲ့။
ကလေးမ
ကျောင်း ကားပေါ် ရောက်နေချိန်မှာ သူ့အ ဖေ အိမ်ပေါ်က ဆင်းလာတာကို တွေ့လို့
လက်ပြနှုတ်ဆက်ရင် တောင် သူ့အဖေက ပြန်ပြီး နှုတ် မဆက်နိုင်ပါဘူးတဲ့။ နောက်ပြန်
လက်တစ်ချက်လောက်ပဲ ပြနိုင်ပါ တယ်တဲ့။ အပြေးအလွှား ထွက် သွားတဲ့ သူ့အဖေကို
ငေးကြည့်ရင်း ကလေးမခမျာ ကျောင်းကားပေါ် ပါသွားရှာတာပါတဲ့။ နံနက်ပိုင်း
ကျောင်းဆင်းပြီး၊ နေ့လယ်ပိုင်း အိမ်ကို ပြန်ရောက်ပြီးတော့လည်း
အတန်းပိုင်ဆရာမထံ ကျူရှင်ပြေး တက်ရရှာတဲ့ ကလေးမကို အတော် လေးစာနာမိတယ်လို့
ဆိုပါတယ်။
ကျွန်တော်တို့
စကားဝိုင်းလည်း အတော်လေး ငြိမ်သွားကြပါတယ်။ တစ်ခဏမျှ ကြာတော့မှ စကား
နည်းပြီး ပြဿနာတိုင်းကို အလေး အနက်ခံစား ပြောဆိုတတ်တဲ့ သူငယ်ချင်းက
စကားစပြောလာ ပါတယ်။ ခင်ဗျားတို့ သတိထားမိ ကြရဲ့လားတော့ မသိဘူး၊ ကျွန်
တော်တို့ နိုင်ငံမှာ မျက်စိနှစ်လုံး ပွင့်ကတည်းက ပြေးလွှားလှုပ်ရှား
ရုန်းကန်ကြရတာဟာ လူကြီး၊ လူ ငယ်၊ လူရွယ်တွေသာမက၊ မမွေး ဖွားရသေးတဲ့
မိခင်ဗိုက်ထဲက သန္ဓေသား ဘဝကတည်းကတောင် ပြေးလွှားနေခဲ့ကြတာပါဗျာ-တဲ့။
ကျွန်တော်တို့ အားလုံးက သူ့ကို ဝိုင်းကြည့်ပြီး မင်းဟာက ဟုတ်မှ လည်း
လုပ်ပါကွာလို့ ပြောလိုက် ကြတော့၊
ငါ့ ကိုယ်တွေ့ပါကွာတဲ့၊ ဒုတိယကမ္ဘာစစ်မှာ၊
ဂျပန်လေယာဉ် ဘေးက၊ ပြေးရ၊ ရှောင်ရ၊ ပုန်းရ တုန်းက၊ ငါက အမေ့ဗိုက်ထဲမှာပဲ
ရှိသေးတယ်လေ၊ ဒီတော့ မင်းတို့ ငါတို့ အသက်အရွယ်ပိုင်း အားလုံး ဟာ၊ အချို့က
ဗိုက်ထဲမှာ၊ အချို့ က အဝတ်ပုခက်ထဲမှာ၊ အချို့က လေးဖက်သွားအရွယ်နဲ့ လမ်း
လျှောက်တတ်စ အရွယ်တွေက တည်းက အပြေးသမားဘဝကို ခံ ယူခဲ့ကြတာပါကွာတဲ့။ သူက
ခံစား ချက်အပြည့်နဲ့ ဆက်ပြောရှာပါ တယ်။
ငါတို့ ပြည်သူတွေအနေနဲ့
မင်းတို့ပြောသလို ဘဝရပ်တည် ရေးအတွက် ပြေးလွှားလှုပ်ရှား ရုန်း ကန်နေကြရတာကို
ခံစားနားလည် နိုင်ကြပေမယ့်၊ ဒီကနေ့ ငါတို့ ကချင်တိုင်းရင်းသားတွေ အနေနဲ့
ပဋိပက္ခလက်နက်ကိုင် တိုက်ပွဲတွေ ဘေးက ရှောင်ပြေးနေရတဲ့ ဘဝ တွေကို
ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်လေယာဉ်ဘေးက ဝေးအောင် ပြေးရှောင်
ပုန်းအောင်းခဲ့ကြတဲ့ ပြည်သူတွေရဲ့ အခြေအနေနဲ့ နှိုင်း ယှဉ်ပြီး ဘယ်လိုများ
ခံစားနား လည်ကြမှာလဲကွာ၊
ငါတို့နိုင်ငံဟာ လွတ်လပ်ရေးနဲ့အတူ ပါလာခဲ့တဲ့
ပြည်တွင်းစစ် အမွေဆိုးကြောင့် တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး၊
နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး နဲ့ လူမျိုးစုအရေးတွေမှာ များစွာ
နစ်နာဆုံးရှုံးခဲ့ရတာဟာ နှစ်ပေါင်း ၆ဝ ကျော်တာတောင် မပြီးဆုံး
ကြသေးပါလားနော်။ ပြည်တွင်းစစ် ကို အမြစ်ပြတ် ချေမှုန်းရေးနဲ့ မဖြေ
ရှင်းနိုင်ကြောင်းကိုလည်း သမိုင်းက သက်သေခံခဲ့ပြီး ဖြစ်တယ်လေတဲ့။
ဒီနေ့
ဒီအချိန်က ဒီမိုကရေစီ နိုင်ငံသစ် တည်ထောင်ချိန် ဖြစ်တဲ့ အတွက် ပြည်တွင်းစစ်
ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည် ဆောက်ကြဖို့တွေဟာ ပြည်သူတစ်
ရပ်လုံးရဲ့ မလွှဲမရှောင်သာတဲ့ အမျိုး သားရေး တာဝန်အဖြစ် ပိုမို ပီပြင်
လာခဲ့ပါပြီ။ဒါကြောင့် တစ်နိုင်ငံလုံး အပစ် အခတ် ချက်ချင်းရပ်စဲပြီး
ပြည်တွင်း စစ်ရပ်စဲရေးဟာ၊ အမျိုးသားနိုင်ငံ ရေး ပြဿနာဖြစ်လို့ လူမျိုးစုအား
လုံး၊ နိုင်ငံရေး အင်အားစုအားလုံး၊ တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းပြီး
အဖြေရှာကြဖို့ လိုအပ်နေပြီဖြစ် ကြောင်း မမောမပန်း ပြောဆိုရင်း သူ့စကားကို
အဆုံးသတ်လိုက်ပါ တယ်။
ကျွန်တော်တို့ အားလုံးက လည်း ဒုတိယကမ္ဘာစစ်အတွင်း
ဂျပန်လေယာဉ်ဘေးက လွတ်ကင်း အောင် ပြေးလွှားပုန်းအောင်းခဲ့ရ တဲ့ အချိန်ကစပြီး
ယနေ့အချိန် အထိ တစ်ပြေးတည်းပြေးနေရဆဲ ဖြစ်တဲ့ ကျွန်တော်တို့ ပြည်သူတွေ၊
အထူးသဖြင့် (ကချင်တိုင်းရင်းသား တွေ) အတွက် စိတ်မကောင်းကြီး စွာနဲ့
ငေးငိုင်သွားကြရပါတယ်။ ဘာစကားမျှ ဆက်မပြောနိုင်ကြ တော့ဘဲ တိတ်ဆိတ်
ငြိမ်သက်စွာ နဲ့ လမ်းခွဲခဲ့ကြပါတယ်။
အိမ်အပြန်လမ်း
အငှားကား ပေါ်မှာ”တိုင်းရင်းသား ပြည်သူ အားလုံးကရော၊ အစိုးရကရော၊
တပ်မတော်ကရော၊ ကေအိုင်အို၊ ကေအိုင်အေကပါ ငြိမ်းချမ်းချင်ကြ ပါရက်နဲ့
ဘာကြောင့်များ၊ ဒီကချင် ပဋိပက္ခကို စေ့စပ်ဖြေရှင်းလို့ မရကြ
သေးတာပါလိမ့်”လို့ ငေးငေးငိုင်ငိုင် စဉ်းစားမိပါတော့တယ်။ ။
နိုင်ငံသားတိုင်း အပြေးသမား ဘဝက ကင်းဝေးကြပါစေ။
နိုင်ငံသားတိုင်း အပြေးသမား ဘဝက ကင်းဝေးကြပါစေ။
ခင်မောင်အေး (ချောက်)
No comments:
Post a Comment