ကမ္ဘာ့ဒုတိယအကြီးဆုံး
ဟိုတယ်လုပ်ငန်းအုပ်စုဖြစ်သည့် Best Western International Inc. သည် ၂၀၁၃
ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ၎င်းတို့၏ ပထမဆုံး ဟိုတယ်ကို
ဖွင့်လှစ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်နေမှုနှင့် မြန်မာနိုင်ငံတွင် ဟိုတယ်ခန်းများ မလုံမလောက်
ဖြစ်နေမှု အခြေအနေအပေါ် Best Western က ဈေးကွက်အသာစီးရယူသည့်အနေဖြင့် ဆောင်ရွက်လာခြင်း
ဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု အာရီဇိုနားပြည်နယ် ဖီးနစ်မြို့တော် အခြေစိုက် Best
Western ဟိုတယ်လုပ်ငန်း
အုပ်စုသည် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဟိုတယ်ဖွင့်လှစ်နိုင်ရန် စဉ်းစားနေသည်ဟု အဆိုပါ ဟိုတယ်လုပ်ငန်းအုပ်စုမှ တာဝန်ရှိသူ ဂလန်းဒီဆိုဇာက အီးမေးလ်မှတစ်ဆင့် မေးမြန်းမှုကို ဖြေကြားကြောင်း Bangkok Post တွင် ဖော်ပြသည်။
၎င်းသည် Best Western ၏ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။
Planet Myanmar Network:
မြန်မာနိုင်ငံကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်နေမှုနှင့် မြန်မာနိုင်ငံတွင် ဟိုတယ်ခန်းများ မလုံမလောက်
ဖြစ်နေမှု အခြေအနေအပေါ် Best Western က ဈေးကွက်အသာစီးရယူသည့်အနေဖြင့် ဆောင်ရွက်လာခြင်း
ဖြစ်ကြောင်း သိရသည်။
အုပ်စုသည် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဟိုတယ်ဖွင့်လှစ်နိုင်ရန် စဉ်းစားနေသည်ဟု အဆိုပါ ဟိုတယ်လုပ်ငန်းအုပ်စုမှ တာဝန်ရှိသူ ဂလန်းဒီဆိုဇာက အီးမေးလ်မှတစ်ဆင့် မေးမြန်းမှုကို ဖြေကြားကြောင်း Bangkok Post တွင် ဖော်ပြသည်။
၎င်းသည် Best Western ၏ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။
Planet Myanmar Network:
No comments:
Post a Comment