Pages

Pages - Menu

Sunday, February 3, 2013

ကချင် ပြည်နယ် မိုးညှင်းမြို့တွင် မီးလောင်မှု ဖြစ်ပွား


ကချင် ပြည်နယ် မိုးညှင်းမြို့တွင် မီးလောင်မှု ဖြစ်ပွား

ကချင်ပြည်နယ် မိုးညှင်းမြို့ အထွက် ပြည်ထောင်စု လမ်းမကြီး နံဘေး ဆင်ဘို ကုန်း ကျေးရွာ စက်သုံးဆီ အရောင်း ဆိုင်တန်းတွင် ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ က မီးလောင်မှု ဖြစ်ပွားသည်။

ဖြစ်ပွားပုံမှာ ဇန်နဝါရီ ၂၈ မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ ခန့်က မိုးညှင်းမြို့နယ် ဆင်ဘိုကုန်း ကျေးရွာရှိ မအကီး(ခ) မခင်မာကြူ၏ စက်သုံးဆီ အရောင်း ဆိုင် အလုပ်သမား မောင်ဟာရှင်သည် ဓာတ်ဆီ ပီပါ အတွင်းမှ ဓာတ်ဆီကို ပလတ်စတစ်ပုံး အတွင်းထည့်၍ အဖုံးပိတ်ကာ ဆိုင်ရှေ့ ထွက်လာစဉ် အပူရှိန် လွန်ကဲမှုကြောင့် ဓာတ်ဆီပုံး အဖုံး ပွင့်ထွက်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားသည်။

မီးလောင်ရာသို့ မိုးညှင်းမြို့နယ် ဒေသအရန် မီးသတ်စခန်း တာဝန်ခံ ဦးဟိန်းမင်းထက်နှင့် အဖွဲ့ဝင် ၁၅ ဦး၊ မီးသတ် မော်တော်ယာဉ် နှစ်စီး၊ရေသယ်ယာဉ် တစ်စီး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူး ဘဝင်းနှင့် တပ်ဖွဲ့ဝင် ၁၅ ဦး၊ နယ်မြေခံ တပ်ရင်း တပ်ဖွဲ့မှ တပ်မတော်သား ၁ဝ ဦးနှင့် ပြည်သူ အများ ဝိုင်းဝန်း ငြှိမ်းသတ် ခဲ့သဖြင့် မွန်းလွဲ ၂ နာရီ ၄၅ မိနစ် တွင် မီးငြိမ်း သွားသည်။

ထို့ကြောင့် စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင် မအကီး(ခ) မခင်မာကြူ ၅ဝ နှစ်အား မိုးညှင်း ရဲစခန်းမှ (ပ) ၇/ ၂ဝ၁၃ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်လှစ် စစ်ဆေး လျက် ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/crimenews/item/5860-2013-02-01-12-45-44#.UQ3Js_Jafro

Credit to : ၊မြ၀တီ
https://www.facebook.com/excellencemedia

ကချင်ပြည်နယ် မိုးညှင်းမြို့ အထွက် ပြည်ထောင်စု လမ်းမကြီး နံဘေး ဆင်ဘို ကုန်း ကျေးရွာ စက်သုံးဆီ အ
ရာင်း ဆိုင်တန်းတွင် ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ က မီးလောင်မှု ဖြစ်ပွားသည်။ ဖြစ်ပွားပုံမှာ ဇန်နဝါရီ ၂၈ မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ ခန့်က မိုးညှင်းမြို့နယ် ဆင်ဘိုကုန်း ကျေးရွာရှိ မအကီး
(ခ)မခင်မာကြူ၏စက်သုံးဆီ အရောင်းဆိုင်အလုပ်သမား မောင်ဟာရှင်သည် ဓာတ်ဆီ ပီပါ အတွင်းမှ ဓာတ်
ဆီကို ပလတ်စတစ်ပုံး အတွင်းထည့်၍ အဖုံးပိတ်ကာ ဆိုင်ရှေ့ ထွက်လာစဉ် အပူရှိန် လွန်ကဲမှုကြောင့် ဓာတ်
ဆီပုံး အဖုံး ပွင့်ထွက်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားသည်။

မီးလောင်ရာသို့ မိုးညှင်းမြို့နယ် ဒေသအရန် မီးသတ်စခန်း တာဝန်ခံ ဦးဟိန်းမင်းထက်နှင့် အဖွဲ့ဝင် ၁၅ ဦး၊ မီးသတ် မော်တော်ယာဉ် နှစ်စီး၊ရေသယ်ယာဉ် တစ်စီး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူး ဘဝင်းနှင့် တပ်ဖွဲ
့ဝင် ၁၅ ဦး၊ နယ်မြေခံ တပ်ရင်း တပ်ဖွဲ့မှ တပ်မတော်သား ၁ဝ ဦးနှင့် ပြည်သူ အများ ဝိုင်းဝန်း ငြှိမ်းသတ် ခဲ့
သဖြင့် မွန်းလွဲ ၂ နာရီ ၄၅ မိနစ် တွင် မီးငြိမ်း သွားသည်။

ထို့ကြောင့် စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင် မအကီး(ခ) မခင်မာကြူ ၅ဝ နှစ်အား မိုးညှင်း ရဲစခန်းမှ (ပ) ၇/ ၂ဝ၁၃ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်လှစ် စစ်ဆေး လျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment