Saturday, February 09, 2013
RFA
မြန်မာအစိုးရ ဒုတိယ-နိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော် ဦးဆောင်ပြီး၊
ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ ပါဝင်တဲ့အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်
အတွင်းရှိ ဘုရားသုံးဆူမြို့ကို မနေ့ကရောက်ရှိလာပြီး ထိုင်း-မြန်မာနယ်စပ်
တိုင်းထွာရေး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်ပြန်ဖွင့်ရေး၊ သံဖြူဇရပ်-ဘုရားသုံးဆူ
ကားလမ်း ဖောက်လုပ်ရေးတို့အတွက် ဌာနဆိုင်ရာ များ၊ ရပ်မိရပ်ဖများနဲ့
တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။
ဒုဝန်ကြီးနဲ့အဖွဲ့ဟာမနေ့နေ့လည်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေးတက်ရောက်ခဲ့တဲ့ရပ်မိရပ်ဖတစ်ဦးက၀န်ကြီးနဲ့အဖွဲ့ဟာဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့်
ဒုဝန်ကြီးနဲ့အဖွဲ့ဟာမနေ့နေ့လည်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေးတက်ရောက်ခဲ့တဲ့ရပ်မိရပ်ဖတစ်ဦးက၀န်ကြီးနဲ့အဖွဲ့ဟာဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့်
ဖို့အတွက် ကနဦး
လာရောက် လေ့လာတဲ့ သဘော ဖြစ်တယ်လို့ အခုလိုပြောပါတယ်။
“နယ်စပ်စခန်းဖွင့်ဖို့အခြေအနေလာကြည့်တယ်၊ကုန်သွယ်ရေးဇုန်ဖွင့်ဖို့အခြေအနေလာကြည့်တယ်၊ နောက်သူ
“နယ်စပ်စခန်းဖွင့်ဖို့အခြေအနေလာကြည့်တယ်၊ကုန်သွယ်ရေးဇုန်ဖွင့်ဖို့အခြေအနေလာကြည့်တယ်၊ နောက်သူ
တို့ကပြည်နယ်ဝန်ကြီးချုပ်ကိုတင်ပြမယ်၊နောက်ပြည်ထောင်စု
လွှတ်တော်ထဲအဆိုတင်သွင်းမယ်ပြောတယ်
ခင်ဗျ၊ကားလမ်းရထားလမ်းဖောက်ဖို့
ရပ်မိရပ်ဖတွေက ပြန်မေးတဲ့အခါ အတိအကျ ဖြစ်အောင် လုပ်မယ် လို့
တော့ပြောတယ်၊နယ်စပ်စည်းမျည်းသတ်မှတ်ရေးပေါ့၊အဲဒါတွေသူတို့အထက်ကိုတင်ပြမယ်၊အထက်ကိုတင်ပြ
ပြီးတော့ ကျနော်တို့ ဒီမှာ ကုန်သွယ်ရေး စခန်းတောင်
ဖွင့်မယ်လို့ ကြားတယ်”
ဒီအစည်းအဝေးကို ကရင်ပြည်နယ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ ပြည်နယ်အစိုးရ အတွင်းရေးမှူး
ဒီအစည်းအဝေးကို ကရင်ပြည်နယ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ ပြည်နယ်အစိုးရ အတွင်းရေးမှူး
ဦးမျိုးအောင်ထွေး၊ပြည်နယ်ရဲမင်းကြီးဦးစိန်လွင်နဲ့ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးများနဲ့ ဌာနဆိုင်ရာများမှ
တာဝန်ရှိသူဝန်ထမ်း၂၂ဦး၊ဘုရားသုံးဆူရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ရပ်မိရပ်ဖ၅ဦးစီ တက်ရောက်ခဲ့ကြ
တယ်လို့ သိရပါတယ်။
မြန်မာဘက်ခြမ်း ကရင်ပြည်နယ်က ဘုရားသုံးဆူမြို့နဲ့ ကပ်လျှက် ထိုင်းနိုင်ငံ စံခရဘူရီနယ်စပ် မြို့ဂိတ်ကို ၂၀၀၉ ခုနှစ်ကတည်းက မြန်မာစစ်ဗျူဟာမှူး အမိန့်နဲ့ ပိတ်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ၅ရက်နေ့ကလည်းပြည်နယ်လဝကညွှန်ကြားရေးမှူးဦးထင်ဝင်း ဘုရားသုံးဆူမြို့ကို ရောက်ရှိ

ခဲ့ပြီး ၂၀၁၄ခုနှစ်မှာ သန်းခေါင်
စာရင်း ကောက်ယူရေးအတွက် နိုင်ငံရေးပါတီများ၊ ရပ်မိရပ်ဖများနဲ့
လာရောက်တွေ့ဆုံပြီး ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းခဲ့သေးတယ်လို့
သိရပါတယ်။
RFA
No comments:
Post a Comment