Pages

Pages - Menu

Monday, February 11, 2013

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ သဘောထားချင်းမတိုက်ဆိုင်သဖြင့် အဖွဲ့(၂)ဖွဲ့ကွဲ

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ သဘောထားချင်းမတိုက်ဆိုင်သဖြင့် အဖွဲ့(၂)ဖွဲ့ကွဲ
Monday, February 11, 2013

ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ခရီးရှည်
ချီတက်လာသောအဖွဲ့တွင် ဦးအောင်မြင့် ခေါင်းဆောင်သောအဖွဲ့နှင့် ကိုရန်နိုင်ထွန်းခေါင်းဆောင်သောအဖွဲ့(၂)ဖွဲ့ကွဲနေကြောင်းသိရှိရသည်။ 

“ မှန်ပါတယ်၊ သူတို့ချင်း လူကြီးနဲ့လူငယ်လမ်းတစ်လျှောက်မှာ အချို့ 
ကိစ္စလေးတွေနဲ့ပတ်သက်ပြီးအဆင်မပြေတာတွေရှိခဲ့ပါတယ်။ 
အထူးသဖြင့် ဒီလမ်းလျှောက်တဲ့ခရီးမှာဦးအောင်မြင့်ကငြိမ်းချမ်းရေး ကိစ္စအပြင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက် ရေးကိစ္စကိုပါရောနှော
ချင်တယ်၊ ဒါကို ကိုရန်နိုင်ထွန်း ဦးဆောင်တဲ့လူငယ်အဖွဲ့က လက်မခံနိုင်ဘူး၊ 
ကိုရန်နိုင်ထွန်းတို့ အဖွဲ့တွေက မြို့ဝင်တိုင်းဆန္ဒပြတာမဟုတ်တဲ့အကြောင်း
ဝန်ခံကတိထိုးလာရတဲ့အတွက် ငြိမ်းချမ်းရေးသီးသန့်ဘဲ ချီတက်ချင်တယ်၊ အလံကိုင်တာတွေ၊ ဆန္ဒပြတာတွေမလုပ်ချင်ဘူး၊ အဲဒီကိစ္စတွေကနေစပြီး
ပြဿနာဖြစ်တာပါ။ နောက်တစ်ခုက ခရီးတစ်လျှောက်လုံးရရှိလာတဲ့
အကူငွေခွဲဝေသုံးစွဲရေးနဲ့လည်း ပတ်သက်ပြီးအငြင်းပွားကြတယ်။ ဦးအောင်မြင့်က ကိုရန်နိုင်ထွန်းတို့အဖွဲ့ကို ရလာတဲ့ ရန်ပုံငွေကိုချုပ်ကိုင်
ထားတယ်လို့စွပ်စွဲနေတယ် ” ဟု လမ်းလျှောက်ချီတက်ရာတွင် ပါဝင်
သော လူငယ်တစ်ဦးမှပြောပါသည်။

ခရီးစဉ်အတွင်း ဦးအောင်မြင့်မှ မြို့အ၀င်များတွင် ဗကသအလံလွှင့်ထူခြင်း၊
နိုင်ငံရေးအကျဉ်းသားပုံစံသရုပ်ဖော်သည့် အနေဖြင့် သံခြေချင်းဝတ်၍ မြို့များသို့ဝင်ရောက်ရန်စီစဉ်ခဲ့သော်လည်း ကိုရန်နိုင်ထွန်း ဦးဆောင်သော
အဖွဲ့မှ ပြင်းထန်စွာကန့်ကွက်ခဲ့သည်။ 

၎င်းကိစ္စများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ည ပလိပ်မြို့တွင်
ညအိပ်ရပ် နားစဉ် မန္တလေးမစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်ဦးဝိရသူမှ မန္တလေးမြို့သို့ဝင်ရောက်သည့်အခါ ဆန္ဒပြသည့် သဘောမဟုတ်ဘဲ ငြိမ်းချမ်းရေးလမ်းလျှောက်သည့်အနေဖြင့်အလံများလွှင့်ထူခြင်း၊ ကြွေးကြော်သံများဟစ်အော်ခြင်း မပြုလုပ်ရန် လာရောက်ညှိနှိုင်းခဲ့သည်။ 

သို့သော် ယနေ့နံနက် မန္တလေးမြို့သို့ဝင်ရောက်ရာတွင် ဦးအောင်မြင့်
ခေါင်းဆောင်သောအဖွဲ့မှ ဗကသအလံများလွှင့်ထူဝင်ရောက်ခဲ့ပြီး ကိုရန်နိုင်ထွန်းဦးဆောင်သောလူငယ်အဖွဲ့မှ ဦးအောင်မြင့်တို့နှင့်အတူတကွ
မ၀င်ရောက်ဘဲ အချိန်တစ်နာရီခြားပြီးမှသာ ၀င်ရောက်ခဲ့ကြောင်းသိရှိရသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့က facebook စာမျက်နှာအချို့တွင် ကိုရန်နိုင်ထွန်း
ဦးစီးသောငြိမ်းချမ်းရေးလမ်းလျှောက် သည့်လူငယ်အဖွဲ့သည် ပံ့ပိုးကူညီ
သူများအား ရိုင်းစိုင်းစွာဆက်ဆံနေကြောင်း ၆.၂.၂၀၁၃ ရက်နေ့က မိတ္ထီလာမြို့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပေးပို့သောသ၀ဏ်လွှာအား
ပြန်ပေးပြီး ဦးဂမ္ဘီရပေးပို့သော ငြိမ်းချမ်းရေးအလံအားလည်း လက်မခံခဲ့ကြောင်းရေးသားထားသည်ကို တွေ့ရှိရသည်။

ဓါတ်ပုံ - စူပါ (DVB)
မင်းအောင်
ဓါတ်ပုံ - စူပါ (DVB)
မင်းအောင်
Monday, February 11, 2013

ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ခရီးရှည် ချီတက်လာသောအဖွဲ့တွင် ဦး
အောင်မြင့်ခေါင်းဆောင်သောအဖွဲ့နှင့်ကိုရန်နိုင်ထွန်းခေါင်းဆောင်သောအဖွဲ့(၂)ဖွဲ့ကွဲနေကြောင်းသတင်း
ရရှိပါသည်။ “မှန်ပါတယ်၊သူတို့ချင်းလူကြီးနဲ့လူငယ်လမ်းတစ်လျှောက်မှာ အချို့  ကိစ္စလေးတွေနဲ့ပတ်သက်ပြီးအဆင်မြေ
တာတွေရှိခဲ့ပါတယ်။အထူးသဖြင့်ဒီလမ်းလျှောက်တဲ့ခရီးမှာဦးအောင်မြင့်ကငြိမ်းချမ်းရေး ကိစ္စအပြင် နိုင်ငံရေး
အကျဉ်းသားလွတ်မြောက် ရေးကိစ္စကိုပါရောနှော ချင်တယ်၊ ဒါကို ကိုရန်နိုင်ထွန်း ဦးဆောင်တဲ့လူငယ်အဖွဲ့
က လက်မခံနိုင်ဘူး၊ ကိုရန်နိုင်ထွန်းတို့ အဖွဲ့တွေက မြို့ဝင်တိုင်းဆန္ဒပြတာမဟုတ်တဲ့အကြောင်း ၀န်ခံကတိ
ထိုးလာရတဲ့အတွက်ငြိမ်းချမ်းရေးသီးသန့်ဘဲချီတက်ချင်တယ်၊အလံကိုင်တာတွေ၊ ဆန္ဒပြတာတွေမလုပ်ချင်
ဘူး၊ အဲဒီကိစ္စတွေကနေစပြီး ပြဿနာဖြစ်တာပါ။
 
နောက်တစ်ခုက ခရီးတစ်လျှောက်လုံးရရှိလာတဲ့ အကူငွေခွဲဝေသုံးစွဲရေးနဲ့လည်း ပတ်သက်ပြီးအငြင်းပွားကြ
တယ်။ ဦးအောင်မြင့်က ကိုရန်နိုင်ထွန်းတို့အဖွဲ့ကို ရလာတဲ့ ရန်ပုံငွေကိုချုပ်ကိုင် ထားတယ်လို့စွပ်စွဲနေတယ်
 ” ဟု လမ်းလျှောက်ချီတက်ရာတွင် ပါဝင် သော လူငယ်တစ်ဦးမှပြောပါသည်။

ခရီးစဉ်အတွင်း ဦးအောင်မြင့်မှ မြို့အ၀င်များတွင် ဗကသအလံလွှင့်ထူခြင်း၊ နိုင်ငံရေးအကျဉ်းသားပုံစံသရုပ်
ဖော်သည့်အနေဖြင့်သံခြေချင်းဝတ်၍မြို့များသို့ဝင်ရောက်ရန်စီစဉ်ခဲ့သော်လည်းကိုရန်နိုင်ထွန်း ဦးဆောင်
သော အဖွဲ့မှ ပြင်းထန်စွာကန့်ကွက်ခဲ့သည်။

၎င်းကိစ္စများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ည ပလိပ်မြို့တွင် ညအိပ်ရပ် နားစဉ် မန္တလေးမစိုးရိမ်
ကျောင်းတိုက်မှ ဆရာတော်ဦးဝိရသူမှ မန္တလေးမြို့သို့ဝင်ရောက်သည့်အခါ ဆန္ဒပြသည့် သဘောမဟုတ်ဘဲ ငြိမ်းချမ်းရေးလမ်းလျှောက်သည့်အနေဖြင့်အလံများလွှင့်ထူခြင်း၊ကြွေးကြော်သံများဟစ်အော်ခြင်းမပြုလုပ်ရန်
လာရောက်ညှိနှိုင်းခဲ့သည်။

သို့သော် ယနေ့နံနက် မန္တလေးမြို့သို့ဝင်ရောက်ရာတွင် ဦးအောင်မြင့် ခေါင်းဆောင်သောအဖွဲ့မှ ဗကသအ
လံများလွှင့်ထူဝင်ရောက်ခဲ့ပြီး ကိုရန်နိုင်ထွန်းဦးဆောင်သောလူငယ်အဖွဲ့မှ ဦးအောင်မြင့်တို့နှင့်အတူတကွ
မ၀င်ရောက်ဘဲ အချိန်တစ်နာရီခြားပြီးမှသာ ၀င်ရောက်ခဲ့ကြောင်းသိရှိရသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့က facebook စာမျက်နှာအချို့တွင် ကိုရန်နိုင်ထွန်း ဦးစီးသောငြိမ်းချမ်းရေးလမ်း
လျှာက် သည့်လူငယ်အဖွဲ့သည် ပံ့ပိုးကူညီ သူများအား ရိုင်းစိုင်းစွာဆက်ဆံနေကြောင်း ၆.၂.၂၀၁၃ ရက်နေ့
က မိတ္ထီလာမြို့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပေးပို့သောသ၀ဏ်လွှာအား ပြန်ပေးပြီး ဦးဂမ္ဘီရပေးပို့သော ငြိမ်း
ချမ်းရေးအလံအားလည်း လက်မခံခဲ့ကြောင်းရေးသားထားသည်ကို တွေ့ရှိရသည်။
   
 
Myanmar Online News's

No comments:

Post a Comment