နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
၂၆-၂-၂၀၁၃ ရက်နေ့ ၁၀၄၅ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊
ကြခတ် ကျေးရွာနေ ဦးခွေးညို(၅၇)နှစ်၏ လယ်ကွင်းအတွင်းမှ ရှေးဟောင်း
စစ်ကျန်ဗုံးတစ်လုံး အလိုအလျောက် ပေါက်ကွဲခဲ့သဖြင့် ၂ ပေပတ်လည်ခန့်
ကျင်းဖြစ်သွားခဲ့ပြီး အလျား ၆ လက်မ၊ အနံ ၂ လက်မခန့်ရှိ ဗုံးခွံစ ၁ ခု၊
အလျား ၆ လက်မ၊ အနံ ၄ လက်မခန့်ရှိ ဗုံးခွံစ ၁ ခု၊ အလျား ၃ လက်မခွဲ၊ အနံ ၂
လက်မခန့်ရှိ ဗုံးခွံစ ၁ ခု၊ စုစုပေါင်း ဗုံးခွံစ ၃ ခု တွေ့ရှိခဲ့သည်။
ပေါက်ကွဲမှုကြောင့် လူ/ တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိေ ကြာင်းနှင့်
အခင်းဖြစ်နေရာသို့ ဒီပဲယင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများပါဝင်သည့်
ပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဗုံးပေါက်ကွဲခြင်းမှာ
အပူရှိန်မြင့်မားမှုကြောင့် ပေါက်ကွဲရခြင်း ဖြစ်ကြောင်း၊
သံချေးများတက်နေခြင်းကြောင့် စစ်ကျန်ဗုံးဟောင်းဟု ယူဆရကြောင်းနှင့်
ဗုံးခွံစ ၃ ခုအား နယ်မြေခံတပ်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
ရဲဇာနည်
RND: 27.2.2013

No comments:
Post a Comment