Pages

Pages - Menu

Saturday, February 2, 2013

ဟင်္သာတမြို့ ပဒေသာဈေးကြီးအနီးတွင် ဈေးသည် နှင့် ဈေးဝယ်သူ အချင်းများရာမှ ဓားခုတ်မှုဖြစ်ပွား

ဟင်္သာတ၊ ဖေဖော်ဝါရီ ၂ ။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ပဒေသာဈေးကြီး၏ နောက်ဘက် ငါးမျက်နှာဘုရားမုပ်ဦးရှေ့ဆိုင်တန်းတွင် ယနေ့မနက်ပိုင်းက ဈေးဝယ်သူ နှင့်ဈေးရောင်းသူတို့ အလေးချိန်မပြည့်မှုဖြင့် စကားများရာမှ ဈေးရောင်းသူ မအေးပပ မှ ကြက်သားခုတ်သော ဓားဖြင့်ခုတ်ရာ ဈေးဝယ်သူအားမထိပဲ ဈေးရောင်းသူအချင်းချင်း ခုတ်မိသောကြောင့် ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ဒဏ်ရာရသူ (၂)ဦးအား ပို့ဆောင်ထားရကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ ဈေးဝယ်သူမှ အလေးချိန်မပြည့်ကြောင်း၊ ပိုက်ဆံထပ်ပေး ၀ယ်ဆိုလဲ ၀ယ်မည့်အကြောင်းပြော
ဆိုရာမှ ဈေးရောင်းသူများက အုပ်စုလိုက် စတင်ရန်ပြုခဲ့ကြောင်း သိရသည်။ 
ထိုဈေးတန်းမှာ စည်ပင်ကိုလာပ်ထိုး၍ ဖွင့်သော တရားမ၀င်ကျုးကျော်ဈေးတန်းဖြစ်ကြောင်း၊ နေ့စဉ်လိုပင် အလေးချိန်မပြည့်မှုကြောင့် စကားများရန်ဖြစ်ကြကြောင်း ဈေးဝယ်သူများက ပြောဆိုပါသည်။

Hinthata HumanRights

No comments:

Post a Comment