Pages

Pages - Menu

Saturday, February 2, 2013

ဒါဖတ်ပြီးမှ ဓာတ်ဆီဆိုင်ဖွင့်ကြပါ

ဒါဖတ်ပြီးမှ ဓာတ်ဆီဆိုင်ဖွင့်ကြပါ

February 2, 2013Home, သတင်း

ပုဂ္ဂလိကစက်သုံးဆီရောင်းချ ခွင့်နှင့်၊ သိုလှောင်ခွင့်လိုင်စင် လျှောက်ထားလိုသူ များအနေဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ၊ စည်းကမ်းချက်များသတ် မှတ်ထုတ်ပြန်ထားရှိပြီးဖြစ်သည်။
လျှောက်ထားလိုသူများသည် လျှောက်ထားမြေနေရာမှာ လူစု လူဝေး တည်ရှိသည့်မြေနေရာနှင့် နီးကပ်မှုမရှိကြောင်း (ဥပမာ-ဈေး၊ ကျောင်း၊ ရုပ်ရှင်ရုံ၊ အားကစား ကွင်း၊ ဘိုးဘွားရိပ်သာနှင့် နီးကပ်မှု မရှိကြောင်း) ဘေးအန္တရာယ်ကျ ရောက်နိုင်မှုမရှိကြောင်း၊ လူနေ အိမ်ခြေနှင့် ကိုက်(၁၀၀၀) ကွာ ဝေးမှုရှိကြောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ထောက် ခံချက် ပူးတွဲပါရှိရမည်ဖြစ်သည်။ လမ်းနယ်နိမိတ်နှင့် ကင်းလွတ်မှု ရှိ/မရှိ သိုလှောင်ကန်နှင့် ပန့်တိုင် တည်နေရာပြပုံ (Layout Plan)၊ စက်သုံးဆီရယူမည့် ကုမ္ပဏီအဖွဲ့ အစည်း၏ ထောက်ခံချက်၊ တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကျရောက်နိုင် မှုရှိ/မရှိ၊ စီစစ်တင်ပြချက်၊ လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဓာတ်အားလိုင်းနှင့် ကင်းလွတ်မှု ရှိ/မရှိ စီစစ်တင်ပြချက်၊ မြို့မြေ၊ ရွာမြေဖြစ်ပါက လုပ်ငန်းသုံးဂရန် ရရှိပြီးဖြစ်ကြောင်း၊ ဂရန်မိတ္တူ ပူးတွဲတင်ပြရန်၊ လယ်မြေဖြစ်ပါ က လုပ်ငန်းသုံးရန်အတွက် (လန -၃၉) ခွင့်ပြုမိန့်ရပြီး/မပြီး၊ (ရရှိပြီးပါက မိတ္တူ ပူးတွဲတင်ပြ ရန်)၊ ကုမ္ပဏီအနေဖြင့် လျှောက် ထားလာပါက ကုမ္ပဏီမှတ်ပုံတင် မိတ္တူပူးတွဲတင်ပြရန်နှင့် လျှောက် ထားသူ၏ နိုင်ငံသားစီစစ်ရေး ကတ်ပြား မိတ္တူပူးတွဲတင်ပြရန် စသည့် စည်းကမ်းချက်များ၊ သတ်မှတ်ထုတ်ပြန်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။
သို့သော် ပွင့်လင်းလာသော ဈေး ကွက်စီးပွားရေးစနစ်ကို အလုအယက် နေရာချဲ့ထွင်မှုများ တွင် တစ်ခုအပါအ၀င် ဖြစ်သည့် ဓာတ်ဆီဆိုင်များသည် အထက် ပါ စည်းကမ်းချက်များနှင့် အပြည့် အ၀ကိုက်ညီမှုမရှိသေးကြောင်း၊ လေ့လာတွေ့ရှိနေရသဖြင့်အများ ပြည်သူ မီးဘေးအန္တရာယ် ဆိုးကြီး၊ မကျရောက်စေရန်နှင့် စိုးရိမ်ထိတ်လန့်ဖွယ်အကြောင်း တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေး ကို ရှေးရှု၍ သမ္မာသမက်ကျစွာ မိမိတို့လုပ်ငန်းကို ရပ်တည်လုပ် ဆောင်သင့်လှသည်။

 မင်းရဲဇော်

Credit to : The Hot News
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

February 2, 2013
ပုဂ္ဂလိကစက်သုံးဆီရောင်းချ ခွင့်နှင့်၊ သိုလှောင်ခွင့်လိုင်စင် လျှောက်ထားလိုသူများအနေဖြင့်မန္တလေးတိုင်း
ဒသကြီး အစိုးရ အဖွဲ့မှ၊ စည်းကမ်းချက်များသတ်မှတ်ထုတ်ပြန်ထားရှိပြီးဖြစ်သည်။လျှောက်ထားလိုသူများ
သည် လျှောက်ထားမြေနေရာမှာ လူစု လူဝေး တည်ရှိသည့်မြေနေရာနှင့် နီးကပ်မှုမရှိကြောင်း (ဥပမာ-ဈေး၊ ကျောင်း၊ ရုပ်ရှင်ရုံ၊ အားကစား ကွင်း၊ ဘိုးဘွားရိပ်သာနှင့် နီးကပ်မှု မရှိကြောင်း)  ဘေးအန္တ
ရာယ်ကျ ရောက်နိုင်မှုမရှိကြောင်း၊ လူနေ အိမ်ခြေနှင့် ကိုက်(၁၀၀၀) ကွာ ဝေးမှုရှိကြောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ထောက် ခံချက် ပူးတွဲပါရှိရမည်ဖြစ်သည်။ 
 
လမ်းနယ်နိမိတ်နှင့် ကင်းလွတ်မှု ရှိ/မရှိ သိုလှောင်ကန်နှင့် ပန့်တိုင် တည်နေရာပြပုံ (Layout Plan)၊ စက်သုံး
ဆီရယူမည့် ကုမ္ပဏီအဖွဲ့ အစည်း၏ ထောက်ခံချက်၊ တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကျရောက်နိုင် မှုရှိ/မရှိ၊ စီစစ်တင်ပြချက်၊ လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဓာတ်အားလိုင်းနှင့် ကင်း
လွတ်မှု ရှိ/မရှိ စီစစ်တင်ပြချက်၊ မြို့မြေ၊ ရွာမြေဖြစ်ပါက လုပ်ငန်းသုံးဂရန် ရရှိပြီးဖြစ်ကြောင်း၊ 
 
ဂရန်မိတ္တူ ပူးတွဲတင်ပြရန်၊ လယ်မြေဖြစ်ပါ က လုပ်ငန်းသုံးရန်အတွက် (လန -၃၉) ခွင့်ပြုမိန့်ရပြီး/မပြီး၊ (ရ
ရှိပြီးပါက မိတ္တူ ပူးတွဲတင်ပြ ရန်)၊ ကုမ္ပဏီအနေဖြင့် လျှောက် ထားလာပါက ကုမ္ပဏီမှတ်ပုံတင် မိတ္တူပူးတွဲ
တင်ပြရန်နှင့် လျှောက် ထားသူ၏ နိုင်ငံသားစီစစ်ရေး ကတ်ပြား မိတ္တူပူးတွဲတင်ပြရန်စသည့်စည်းကမ်းချက်
များ၊ သတ်မှတ်ထုတ်ပြန်ထားရှိပြီး ဖြစ်ကြောင်းသိရသည်။

သို့သော် ပွင့်လင်းလာသော ဈေး ကွက်စီးပွားရေးစနစ်ကို အလုအယက် နေရာချဲ့ထွင်မှုများ တွင် တစ်ခုအပါ
အ၀င် ဖြစ်သည့် ဓာတ်ဆီဆိုင်များသည် အထက် ပါ စည်းကမ်းချက်များနှင့် အပြည့် အ၀ကိုက်ညီမှုမရှိသေး
ကြာင်း၊ လေ့လာတွေ့ရှိနေရသဖြင့်အများ ပြည်သူ မီးဘေးအန္တရာယ် ဆိုးကြီး၊ မကျရောက်စေရန်နှင့် စိုးရိမ်
ထိတ်လန့်ဖွယ်အကြောင်း တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေး ကို ရှေးရှု၍ သမ္မာသမက်ကျစွာ မိမိတို့လုပ်ငန်းကို ရပ်တည်လုပ် ဆောင်သင့်လှသည်။

မင်းရဲဇော်

The Hot News

No comments:

Post a Comment