Pages

Pages - Menu

Wednesday, February 27, 2013

မအူပင် (ကဗျာ)

မအူပင် 

ဂျပန်ကြီး ...
မင်းချစ်တဲ့ လယ်သမားတွေ
မင်း ထကြည့်ပါဦး ရဲဘော်ရာ ...။

သဲနဲ့ ဆုပ်ပက်နေသလို
အကာအကွယ်မဲ့ စားကျက်ခန္ဓာ
ခွေးက လူကို ကန်တာ အရှင်လတ်လတ် ခံခဲ့ရ
ဝေဒနာရဲ့ လွတ်မြောက်ရာ
ခန္ဓာကိုယ်မှာ အပ်ချဖို့ နေရာ ရှာမနေနဲ့ ...။

ပင်နီဖျင်ကြမ်း တိုက်ပုံကလေးမှာ
သွေးဝနေရင် တထောက်နား
မြင်လား ...
မပျံနိုင်တော့လို့ တအိအိလမ်းလျှောက်နေကြတာ ...။

နိုင်ငံရေးသမား မဖမ်းဘူး
နိုင်ငံရေးမှု မရှိဘူး
နို့ ...
မတရား ရိုက်ဒဏ်နှက်ဒဏ် ခံနေရတဲ့
လယ်သမားတွေဘက်က ရပ်တည်
အဲဒီ ကျောင်းသား ထောင်တန်း ကျတဲ့အခါ ...။

၁၉၈၉ - ၉၀
ဖျာ ပေါတယ်
လယ်သမား ပေါတယ်
ခြင်တွေ ပေါတယ်
ထောင်သွင်း အကျဉ်းကျလာသူတွေ ပေါတယ်
မြစ်ဟာ ဘာမှမသိသလို ခပ်မဆိတ်စီးဆင်းနေဆဲ ... ။

အသည်းပေါက်တဲ့အထိ
မမေ့နိုင်တဲ့ ညနက်နက်တွေ အကြောင်း
အုတ်ရိုးမှာ သွေးနဲ့ ကမ္ပည်းထိုးခဲ့တယ် ...။    ။

ကမာပုလဲ
၂၇၊ ၂၊ ၂၀၁၃။

+ ၁၉၈၉ - ၉၀ ကာလ မအူပင် အကျဉ်းထောင်မှ တဆင့် မအူပင်ဆေးရုံတွင် သေဆုံးချိန်ထိ ခြေထိတ်၊ လက်ထိတ်ခတ်ခံ ကျဆုံးခဲ့ရသော ဘိုကလေးမြို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြို့နယ် စည်းရုံးရေးကော်မတီဝင် ရဲဘော် ကျော်မျိုးသန့် (ခေါ်) ဂျပန်ကြီး အမှတ်တရ ဒီကဗျာကို ရေးတယ် ...။
+ ဂျပန်ကြီးနှင့်အတူ ဘိုကလေးမြို့နယ် လူ့ဘောင်သစ်ပါတီမှ မြို့နယ် ဥက္ကဌ အပါအ၀င် မြို့နယ်စည်းရုံးရေးကော်မတီဝင် ( ၇ ) ဦး ဖမ်းဆီးထောင်ချခံခဲ့ရတယ်။ 
+ ထိုချိန်က လယ်သမားတွေအပေါ် မတရား ဖမ်းဆီး ရိုက်နှက်ကာ တာဝန်ကျေစပါး အဓမ္မ၀ယ်ယူနေမှုအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုမှ တရားဝင်စာထုတ် ကန့်ကွက်ခဲ့။
+ ထိုစာကို လူထုအတွင်း ဖြန့်ဝေပေးရန် ဗဟိုမှ ညွှန်ကြားခဲ့။  
+ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခဲ့မှုအပေါ် န၀တ စစ်အစိုးရမှ ဖမ်းဆီးထောင်ချခြင်းဖြစ်။ 
+ ပုဒ်မများမှာ ပုံနှိပ် အက် - ၂၀ နှင့် ၅၀၅ ( ခ )တို့ ဖြစ်။

ဂျပန်ကြီး ...
မင်းချစ်တဲ့ လယ်သမားတွေ
မင်း ထကြည့်ပါဦး ရဲဘော်ရာ ...။

သဲနဲ့ ဆုပ်ပက်နေသလို
အကာအကွယ်မဲ့ စားကျက်ခန္ဓာ
ခွေးက လူကို ကန်တာ အရှင်လတ်လတ် ခံခဲ့ရ ဝေဒနာရဲ့ လွတ်မြောက်ရာ
ခန္ဓာကိုယ်မှာ အပ်ချဖို့ နေရာ ရှာမနေနဲ့ ...။

ပင်နီဖျင်ကြမ်း တိုက်ပုံကလေးမှာ
သွေးဝနေရင် တထောက်နား
မြင်လား ...
မပျံနိုင်တော့လို့ တအိအိလမ်းလျှောက်နေကြတာ ...။

နိုင်ငံရေးသမား မဖမ်းဘူး
နိုင်ငံရေးမှု မရှိဘူး
နို့ ...
မတရား ရိုက်ဒဏ်နှက်ဒဏ် ခံနေရတဲ့
လယ်သမားတွေဘက်က ရပ်တည်
အဲဒီ ကျောင်းသား ထောင်တန်း ကျတဲ့အခါ ...။

၁၉၈၉ - ၉၀
ဖျာ ပေါတယ်
လယ်သမား ပေါတယ်
ခြင်တွေ ပေါတယ်
ထောင်သွင်း အကျဉ်းကျလာသူတွေ ပေါတယ်
မြစ်ဟာ ဘာမှမသိသလို ခပ်မဆိတ်စီးဆင်းနေဆဲ ... ။

အသည်းပေါက်တဲ့အထိ
မမေ့နိုင်တဲ့ ညနက်နက်တွေ အကြောင်း
အုတ်ရိုးမှာ သွေးနဲ့ ကမ္ပည်းထိုးခဲ့တယ် ...။ ။

ကမာပုလဲ

RND: 27.2.2013
၂၇၊ ၂၊ ၂၀၁၃။

No comments:

Post a Comment