Pages

Pages - Menu

Saturday, February 2, 2013

လှိုင်သာယာမြို့နယ်ရှိ အိုးအိမ်နှင့် စတားလိုက် ကုမ္ပဏီပိုင် မြေနေရာပေါ်တွင် အိမ်ထောင်စု တစ်ရာကျော်ခန့်မှ တဲထိုးနေထိုင်ရန် စီစဉ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖယ်ရှား


လှိုင်သာယာမြို့နယ်ရှိ အိုးအိမ်နှင့် စတားလိုက် ကုမ္ပဏီပိုင် မြေနေရာပေါ်တွင် အိမ်ထောင်စု တစ်ရာကျော်ခန့်မှ တဲထိုးနေထိုင်ရန် စီစဉ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖယ်ရှား 

Friday, 01 February 2013 21:45

ဖေဖော်ဝါရီလ ၁ ရက်နေ့က လှိုင်သာယာမြို့နယ် အမှတ် ၅ ရပ်ကွက် ပီမိုးနင်း လမ်းမဘေးရှိ အိုးအိမ်နှင့် စတားလိုက် ကုမ္ပဏီပိုင် ၁၈ ဧကခန့် ကျယ်ဝန်းသော မြေနေရာပေါ်တွင် အိမ်ထောင်စု ၁၀၀ ကျော် ခန့်မှ တဲထိုးနေထိုင်ရန် စီစဉ်သဖြင့် အိုးအိမ် ဦးစီးဌာန အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖယ်ရှား ရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အိမ်ထောင်စု ၁၀၀ ကျော်ခန့်သည် ဇန်န၀ါရီ ၃၁ ရက် ညက ယင်းမြေနေရာပေါ်တွင် ၀င်ရောက်နေထိုင်ရန် မြေကွက်များ လာရောက် သက်မှတ်ခြင်း၊ ၀ါးတိုင်များ စိုက်ထူခြင်းများ ပြုလုပ်ခဲ့ ကြပြီးနောက် ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းတွင် သက်ဆိုင်ရာမှ လာရောက်ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မ ရန်ကုန်ရောက်တာ နှစ်လလောက် ရှိသွားပါပြီ ဧရာဝတီတိုင်းမှာ အဆင်မပြေလို့ ဒီပြောင်းလာတာပါ။ အဆောင် ငှားနေပါတယ် အလုပ်ကလည်း ပန်းရံတို့ အုတ်သယ် ကျောက်စီတို့၊ လုပ်ရတာဆိုတော့ ကျပန်းဖြစ်တဲ့ အတွက် ပိုက်ဆံရတဲ့နေ့ ရှိသလို၊ မရတဲ့နေ့လည်း ရှိပါတယ်။ အဆောင်လခကလည်း တစ်လကို နှစ်သောင်း ပေးရတဲ့အတွက် နေစရာ၊ စားစရာ အခက်အခဲ ဖြစ်တာရယ်၊ တစ်ခြား အိမ်ထောင်စု ၁၀၀ ကျော်လောက်ကလည်း ရွှေ့ပြောင်း နေတာတွေလည်း တွေ့လို့ ပြောင်းလို့ရနိုင်တယ် ထင်လို့ လာပြောင်းကြည့်တာပါ။” ဟု နေစရာ အခက်အခဲရှိသည့် လှိုင်သာယာ မြို့နယ်တွင် နေထိုင်သူ တစ်ဦးမှ ပြောသည်။

ယင်းမြေကွက်လက် အနီးရှိ အမှတ် ၅ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးကလည်း “ဇန်န၀ါရီ ၃၁ ရက်နေ့ ညက အိမ်ပြောင်းဖို့ လာစီစဉ်တဲ့ သူတွေက တော်တော်များပါတယ်။ အိမ်ထောင်စု ၁၀၀ ကျော်လောက်က ပြောင်းဖို့ ၀ါးတွေစိုက်၊ မြေတွေတိုင်းနဲ့ မီးချောင်းတွေ ထွန်းပြီး ပွဲတော်ကြီးလိုတောင် ဖြစ်သွားပါတယ်။ နယ်က တတ်လာတဲ့သူတွေ များလွန်းလို့ ဒီနားက အိမ်တွေ တော်တော်များများက အခန်းကျဉ်းလေးတွေ ဖွဲ့ပြီး အဆောင်တွေ ငှားစားနေကြပါပြီ” ဟု ပြောကြားခဲ့သည်။


“ကျွန်တော်တို့က ပြောင်းခိုင်းဖို့ အထက်က ညွှန်ကြားရင်တော့ အမိန့်အတိုင်း ဆောင်ရွက်ဖို့ လုပ်ရမှာပဲလေ။ လုံခြုံရေး လာယူတာပါ။ ဒါကျွန်တော်တို့ရဲ့ တာဝန်ပဲလေ” ဟု ရွှေ့ပြောင်းစေခိုင်းရန် စီစဉ်နေသူ ဒုရဲအုပ်တစ်ဦးမှ ပြောကြားခဲ့သည်။

လှိုင်သာယာမြို့နယ် အိုးအိမ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ဒီမြေနေရာက ကျွန်မတို့ အိုးအိမ် ဦးစီးဌာနနဲ့ စတားလိုက် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းနေရာပါ။ အိမ်ရာစီမံကိန်း တစ်ခုလုပ်မှာပါ။ ဒါလုပ်တာက အခုမှလုပ်တာ မဟုတ်ပါဘူး။ အရင်ကတည်းက စနေတာပါ။” ဟု ပြောကြားခဲ့သည်။

မျိုးမြင့်အောင်၊သက်မျိုးမင်း

နေစရာအခက်အခဲရှိသူများက ပြန်လည်ပြောင်းရွှေ့ရန် စီစဉ်နေကြစဉ်

Credit to  :Eleven Media Group
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia
နေစရာအခက်အခဲရှိသူများက ပြန်လည်ပြောင်းရွှေ့ရန် စီစဉ်နေကြစဉ်
01 February 2013

ဖေဖော်ဝါရီလ ၁ ရက်နေ့က လှိုင်သာယာမြို့နယ် အမှတ် ၅ ရပ်ကွက် ပီမိုးနင်း လမ်းမဘေးရှိ အိုးအိမ်နှင့် စတားလိုက် ကုမ္ပဏီပိုင် ၁၈ ဧကခန့် ကျယ်ဝန်းသော မြေနေရာပေါ်တွင် အိမ်ထောင်စု ၁၀၀ ကျော် ခန့်မှ တဲထိုးနေထိုင်ရန် စီစဉ်သဖြင့် အိုးအိမ် ဦးစီးဌာန အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖယ်ရှား ရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အိမ်ထောင်စု ၁၀၀ ကျော်ခန့်သည် ဇန်န၀ါရီ ၃၁ ရက် ညက ယင်းမြေနေရာပေါ်တွင် ၀င်ရောက်နေ
ထိုင်ရန် မြေကွက်များ လာရောက် သက်မှတ်ခြင်း၊ ၀ါးတိုင်များ စိုက်ထူခြင်းများ ပြုလုပ်ခဲ့ ကြပြီးနောက်
 ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းတွင် သက်ဆိုင်ရာမှ လာရောက်ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မ ရန်ကုန်ရောက်တာ နှစ်လလောက် ရှိသွားပါပြီ ဧရာဝတီတိုင်းမှာ အဆင်မပြေလို့ ဒီပြောင်း
လာတာ
ပါ။ အဆောင် ငှားနေပါတယ် အလုပ်ကလည်း ပန်းရံတို့ အုတ်သယ် ကျောက်စီတို့၊ လုပ်ရတာဆိုတော့ ကျ
ပန်းဖြစ်တဲ့ အတွက် ပိုက်ဆံရတဲ့နေ့ ရှိသလို၊ မရတဲ့နေ့လည်း ရှိပါတယ်။ အဆောင်လခကလည်း တစ်လကို
 နှစ်သောင်း ပေးရတဲ့အတွက် နေစရာ၊ စားစရာအခက်အခဲ ဖြစ်တာရယ်၊တစ်ခြားအိမ်ထောင်စု၁၀၀ ကျော်
လာက်ကလည်း ရွှေ့ပြောင်း နေတာတွေလည်း တွေ့လို့ ပြောင်းလို့ရနိုင်တယ် ထင်လို့ လာပြောင်းကြည့်တာ
ပါ။” ဟု နေစရာ အခက်အခဲရှိသည့် လှိုင်သာယာ မြို့နယ်တွင် နေထိုင်သူ တစ်ဦးမှ ပြောသည်။

ယင်းမြေကွက်လက် အနီးရှိ အမှတ် ၅ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးကလည်း “ဇန်န၀ါရီ ၃၁ ရက်နေ့ ည
က အိမ်ပြောင်းဖို့ လာစီစဉ်တဲ့ သူတွေက တော်တော်များပါတယ်။ အိမ်ထောင်စု ၁၀၀ ကျော်လောက်က
 ပြောင်းဖို့ ၀ါးတွေစိုက်၊ မြေတွေတိုင်းနဲ့ မီးချောင်းတွေ ထွန်းပြီး ပွဲတော်ကြီးလိုတောင် ဖြစ်သွားပါတယ်။ နယ်
က တတ်လာတဲ့သူတွေ များလွန်းလို့ ဒီနားက အိမ်တွေ တော်တော်များများက အခန်းကျဉ်းလေးတွေ ဖွဲ့ပြီး အဆောင်တွေ ငှားစားနေကြပါပြီ” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ပြောင်းခိုင်းဖို့ အထက်က ညွှန်ကြားရင်တော့ အမိန့်အတိုင်း ဆောင်ရွက်ဖို့ လုပ်ရမှာပဲလေ။ လုံခြုံရေး လာယူတာပါ။ ဒါကျွန်တော်တို့ရဲ့ တာဝန်ပဲလေ” ဟု ရွှေ့ပြောင်းစေခိုင်းရန် စီစဉ်နေသူ ဒုရဲအုပ်တစ်
ဦးမှ ပြောကြားခဲ့သည်။

လှိုင်သာယာမြို့နယ် အိုးအိမ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ဒီမြေနေရာက ကျွန်မတို့ အိုးအိမ် ဦးစီး
ဌာန
နဲ့ စတားလိုက် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းနေရာပါ။ အိမ်ရာစီမံကိန်း တစ်ခုလုပ်
မှာပါ။ ဒါလုပ်တာက အခုမှလုပ်တာ မဟုတ်ပါဘူး။ အရင်ကတည်းက စနေတာပါ။” ဟု ပြောကြားခဲ့သည်။

မျိုးမြင့်အောင်၊သက်မျိုးမင်း


  Eleven Media Group

No comments:

Post a Comment