![]() |
နဲ့မဆိုင်ဘူးလို့ နေထိုင် သတ်မှတ်ခဲ့ကြတာပဲ။ ဒါပေမဲ့ အခုတော့ Supermarket တွေမှာ အရက်ပုလင်းကို
ပေါ်ပေါ်ထင်ထင် ၀ယ်နေတဲ့ မိန်းကလေးတွေ၊ ``ညကျရင် ဆုံရအောင်၊ ဒီမှာ ပုလင်းဝယ်ထားပြီးပြီ´´လို့ လက်ကိုင်ဖုန်းလေးနဲ့ လှမ်းပြောတာကို ကြားလိုက်ရသေးတယ်။
``မိန်းကလေးလည်း အတူတူပဲ၊ အရက်သောက်တော့ ဘာဖြစ်သေးလဲ´´ဆိုတဲ့ ပုံစံအနေအထားနဲ့ပေါ့။ ဘီယာ
ဆိုင်တွေမှာ အုပ်စုဖွဲ့ပြီး ပေါ်ပေါ်ထင်ထင်ထိုင်ကြတာတွေကို လည်း တွေ့နေရတယ်။
အရက်ဆိုတာ မူးအောင်သောက်မိရင် အသိစိတ်ဓာတ်မလွတ်ပါဘူးလို့ ဆိုဦးတော့ အင်မတန်ကို ရဲတင်း
သွားပါပြီ။ ဒါကို ရဲဆေးလို့တောင် ပြောကြ တယ်မဟုတ်လား။ သိပ်ရဲတင်းသွားတော့ သာမန်အချိန်မှာ မလုပ်
ရဲတာတွေ ကိုတောင် လုပ်ရဲသွားတတ်တယ်လေ။
ပြီးခဲ့တဲ့ သင်္ကြန်မှာ မဏ္ဍပ်စင်ပေါ် တက်ပြီး ပေါ်ပေါ်ရော်ရော်ဖြစ်နေတဲ့ မိန်းကလေးတွေ တွေ့နေရပြီလေ။ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်အောင် မူးနေတဲ့ မိန်းကလေးတစ်ယောက်မှာ လူမှုရေးအန္တရာယ်တွေ ၀ိုင်းနေ
ပါပြီ။ သိက္ခာလည်း အများကြီး ကျနေ ပါပြီ။ မြန်မာမိန်းကလေးတွေ ပညာနဲ့ သတိနဲ့ ဆင်ခြင်ကြစေချင်
တယ်။
Eternal Light Magazine

No comments:
Post a Comment