တယ်၊သူတို့ရှင်းလင်းပြောပြတာကတော့ ထုံစံအတိုင်းပါပဲ၊မန္တလေးဈေးချိုကို ယခုလအတွင်း မီးဖြတ်ချိန်
(၆၈)ကြိမ်ရှိခဲ့ပြီးတိုင်းအဆင့်အနေနဲ့မီးဖြတ်တာဟာ(၉)ကြိမ်သာ ရှိခဲ့ကြောင်း၊ကျန်သည့် ၅၉ကြိမ်မှာ အထက်
က ပင်မကဖြတ်တောက်ခဲ့ခြင်းဖြစ်ကြော င်းလည်း ထည့်သွင်းရှင်းလင်းခဲ့တယ်လို့ သိရပါတယ်၊သူတို့အနေနဲ့မြို့ပေါ်ကို တစ်ရက်(၃)နာရီသာ မီးဖြတ်တောက်ပေမယ့်ပင်မက ဖြတ်တောက်မှုများက ပိုများ
နေပါကြောင်းလည်းပြောပြခဲ့ တယ်လို့ဆိုပါတယ်၊
ကာတွန်းဆရာများကလည်း ဒီသတင်းတွေကို လူသ်ရှင်ကြား သတင်းစာများကနေ ကြေငြာပေးဖို့ တောင်း
ဆိုခဲ့ကြပါတယ်၊ဒီရှင်းလင်းပွဲနဲ့ပါတ်သက်ပြီး မန္တလေးက မိတ်ဆွေကာတွန်းဆရာများက ကျွန်တော်သဘော
ထားကို လှမ်းမေးခဲ့တဲ့အတွက်ကျွန်တော်သေ ဘာထားကို အခုလိုပြောပြဖြစ်ပါတယ်။
“ဘယ်အဆင့်ကပဲဖြတ်ဖြတ် မန္တလေးလူထုတွေသာမက နိုင်ငံတ၀ှမ်း မီးအလွန်အကျွံဖြတ်တောက်ခြင်းခံေ
ရတာဖြစ်ပြီးယခုလိုဆန္ဒထုတ်ဖေါ်တဲ့ပါဖေါမင့်လုပ်ခြင်းဟာမန္တလေးတိုင်းရုံးတစ်ခုထဲကို ပြသလုပ်ဆောင်ခြင်း
မဟုတ်ဘဲနိုင်ငံတော်အစိုးရနဲ့ ကမ္ဘာကသိအောင် ပြသလိုခြင်းသာဖြစ်ကြောင်းပြောဖြ စ်ခဲ့ပါတယ်၊
တကယ်တမ်းပြောရရင် နိုင်ငံရဲ့ မီးအခြေအနေကို ကျွန်တော်တို့နားလည်ပေးလို့ရပါတ ယ်၊လျှပ်စစ်ကလည်း
ကျွန်တော်တို့ကို
ကိုယ်ချင်းစာပေးတဲ့အနေနဲ့ မီးဖြတ်ချိန်ကို အတိအကျ ထုတ်ပြန်ပေးပြီး
မီးလာချိန်မှာ ဘယ်
အကြောင်းပြချက်နဲကမှ မီးထပ်မဖြတ်စေချင်တာသာ ဖြစ်ပါတယ်၊
ဟာဂျူလီ ကသာ
No comments:
Post a Comment