မုံရွာခရိုင်တရားရုံးမှာ လယ်သမားတွေက ဦးပိုင်လီမိတက်ကို စက်ရုံအတွက်မြေလိုအပ်တာထက် ပိုမိုဂရန်လျှောက်ထားရယူခြင်းကြောင့်တရားစွဲဆိုခြင်း၊ တရားမကြီးမှုအမှတ်-၉/၂၀၁၃ဖြင့် အမှုလက်ခံပြီး ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာ အမှုစတင်ကြားနာမည်ဖြစ်ပါတယ်။
၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာ ဦးရန်နိုင်အောင်(ခ)ဦးဖိုးဖြူ... ကိုယ်တိုင်အပါအ၀င် တောင်သူလယ်သမား (၄၈)ဦးက ဦးပိုင်လီမိတက်ကိုတရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ တရားစွဲဆိုခံရသူတွေကတော့ဗိုလ်မှူးကြီးခင်အောင်(ငြိမ်း)၊စက်ရုံမှူးနှင့်ဗိုလ်ကြီးဝင်းညွှ
တရားမကြီးမှုနဲ့စွဲဆိုတာဖြစ်ပါတယ်။တောင်းဆိုတဲ့အခွင့်အရေးကတော့ ၁၈၇၇ခုနှစ်၊
သီးခြားသက်သာခွင့်ဥပဒေပုဒ်မ-၄၂အရ မြေယာကိုလက်ငုတ်အတိုင်းစိုက်ပျိုးလုပ်ပိုင်ခွင့် အခွင့်အရေးရထိုက်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုကို စွဲဆိုလိုက်တာဖြစ်ပါတယ်။
သီးခြားသက်သာခွင့်ဥပဒေပုဒ်မ-၄၂အရ မြေယာကိုလက်ငုတ်အတိုင်းစိုက်ပျိုးလုပ်ပိုင်ခွင်
တရားစွဲဆိုတဲ့ရုံးကတော့မုံရွာခရိုင်တရားရုံးမှာဖြစ်ပါတယ်။
ခရိုင်တရားသူကြီးဦးတဲရစ်စမ္စိုင်းနီစွဲဖြစ်ပါတယ်။တရားစွဲဆိုရတဲ့အကြောင်းကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊
ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးမှာမြန်မာ့စီးပွားရေးဦးပိုင်လီမိတ က်ပိုင်မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ်စက်ရုံလုပ်သားများအတွက် အိမ်ယာဝင်းကို(၅)ဧကဆောက် လုပ်ပါတယ်။
ခရိုင်တရားသူကြီးဦးတဲရစ်စမ္စိုင
ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးမှာမြန်မာ့စီးပွားရေးဦးပိုင်လီမိတ
၂၀၀၆-၂၀၀၇ခုနှစ် ဆောက်လုပ်အပြီးမှာအနီးအနားဝန်းကျင်မှာရှိတဲ့လယ်ယာ မြေဧက(၁၄၀)ကျော်ကို ဦးပိုင်လီမိတက်ကဂရန်မြေလျှောက်ထားပြီး စက်ရုံမြေအဖြစ် ရယူထားပါတယ်။အဲဒီလိုဂရန်လျှောက်ရာမှာ အမှန်တကယ်လိုအပ်တဲ့ လယ်ဧက(၅)ဧကထက်ဧက(၁၄၀)ပိုမိုလျှောက်ထားရယူထားပါတယ်။ ၂၀၁၂ခုနှစ်၊ နှစ်ဆန်းပိုင်းမှာစက်ရုံတာဝန်ရှိသူတွေက ကျူးကျော်မှုနဲ့ စိုက်ပျိုးနေတဲ့လယ်သမား(၃၀)ကျော်ကိုဆားလင်းကြီးမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပါတယ်။
လယ်ယာစိုက်ပျိုးခွင့်သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှတ်တမ်းစာအုပ်များ ဖြင့်မှတ်ပုံတင်ထားပါလျှက်ကျူးကျော်မှု
တွေနဲ့ တရားစွဲခံရလို့ ကံကုန်းကျေးရွာနေလယ်သမားထုတစ်ရပ်လုံးကမကျေနပ်ကြပါဘူး။ဒါကြောင့်တရား
ဝင်အခွင့်အရေးကိုတောင်းဆိုဖို့အတွက်မြေယာကိုလက်ငုတ်အတိုင်း စိုက်ပျိုးလုပ်ပိုင်ခွင့်အခွင့်အရေးရထိုက်
ကြောင်း အသိအမှတ်ပြုပေးစေသည့်မြွက်ဟအမှုကိုတရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ကံကုန်းကျေးရွာ
၊ ညောင်ပင်ကြီးကွင်း၊တောင်ပလူကွင်းနှင့်ကျောက်မျက်ကွ င်းမှာရှိတဲ့လယ်သမားပေါင်း(၄၇)ဦးနှင့်ကိုဖိုးဖြူ
တို့က တရားစွဲဆို လိုက်တာဖြစ်ပါတယ်။
ဒီအမှုကို Purple EquityLaw Firm (ခရမ်းရောင်သာတူညီမျှဥပဒေအကျိုး ဆောင်လုပ်ငန်း) က တာဝန်ယူ
ဆောင်ရွက်တာဖြစ်ပါတယ်။အသေးစိတ်သိလိုလျှင်
ကိုဖိုးဖြူ
ဥပဒေအတိုင်ပင်ခံ
ဥပဒေဘွဲ့(ဂုဏ်ထူး)၊ မဟာဥပဒေပညာ(ပ)နှစ်
Purple Equity Law Firm
ဥပဒေရုံး- အမှတ်-၁၈၅၊ (၃)လွှာ(ယာ)၊ (၃၈)လမ်း(လယ်)၊ ကျောက်တံတားမြို့နယ်၊
ရန်ကုန်မြို့။
ဖုန်း - ၀၉၇၃၀၀၀၄၄၁၊ ၀၉၄၃၀၄၀၇၆၉၊ ၀၁-၃၈၉၂၉၆
No comments:
Post a Comment