Pages

Pages - Menu

Sunday, February 10, 2013

ဓာတ်တိုင်လဲအောင်တိုက်သည့် ယာဉ်မောင်း အရေးယူခံရ

ဓာတ်တိုင်လဲအောင်တိုက်သည့် ယာဉ်မောင်း အရေးယူခံရ
...................................................................................
တောင်ကြီး ၊ ၉-၂-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ၊ ဗိုလ်ချုပ် အောင်ဆန်း လမ်းမကြီး ၊ မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ရုံး အနီးတွင် မော်တော်ယာဉ် တစ်စီး အရှိန် မထိန်းနိုင်ဘဲ လမ်းဘေး ဓာတ်တိုင် အား ၀င်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်ပုံမှာ ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲက ယာဉ်မောင်း နော်ခမ်းဦး ၂၉ နှစ် (ဘ) ဦးစိုင်းလှဝင်း ( ကန်ရှေ့ ရပ်ကွက် ၊ တောင်ကြီးမြို့ နေသူ) မောင်းနှင် လာသော မော်တော်ယာဉ် သည် ဗိုလ်ချုပ် လမ်းမကြီး အတိုင်း မြောက်မှ တောင်သို့ မောင်းနှင် လာစဉ် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ရုံး အနီးရှိ ဓာတ်တိုင်အား ၀င်ရောက် တိုက်မိရာ ဓာတ်တိုင်ပါ လဲကျပြီး ယာဉ်မောင်း နော်ခမ်းဦး နှင့် ယာဉ်ပေါ် လိုက်ပါ လာသူ မစုစုဝေထက် ၁၉ နှစ် (ဘ)ဦးကြည်ရွှေ (ဘုရားဖြူ ရပ်ကွက် ၊ တောင်ကြီးမြို့ နေသူ ) တို့တွင် ပွန်းပဲ့ ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြသည်။

အဆိုပါ ယာဉ်မဆင်မခြင် မောင်းနှင်သူ နော်ခမ်းဦး အား တောင်ကြီး အမှတ်(၁) ရဲစခန်း မှ (ပ) ၃၅/ ၂၀၁၃ ၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ-၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။
posted by myawady
ACM Re-post Time: 2013 Feb 10 
News from: Zaw Mintun Zawmintun

အေးချမ်းမွန်

တောင်ကြီး ၊ ၉-၂-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ၊ ဗိုလ်ချုပ် အောင်ဆန်း လမ်းမကြီး ၊ မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ရုံး အနီးတွင် မော်တော်ယာဉ် တစ်စီး အရှိန် မထိန်းနိုင်ဘဲ လမ်းဘေး ဓာတ်တိုင် အား ၀င်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။ ဖြစ်ပုံမှာ ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲက ယာဉ်မောင်း နော်ခမ်းဦး ၂၉ နှစ် (ဘ) ဦးစိုင်းလှဝင်း ( ကန်ရှေ့ ရပ်ကွက် ၊ တောင်ကြီးမြို့ နေသူ) မောင်းနှင် လာသော မော်တော်ယာဉ် သည် ဗိုလ်ချုပ် လမ်းမကြီး အတိုင်း မြောက်မှ တောင်သို့ မောင်းနှင် လာစဉ် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ရုံး အနီးရှိ ဓာတ်တိုင်အား ၀င်ရောက် တိုက်မိရာ ဓာတ်တိုင်ပါ လဲကျပြီး ယာဉ်မောင်း နော်ခမ်းဦး နှင့် ယာဉ်ပေါ် လိုက်ပါ လာသူ မစုစုဝေထက် ၁၉ နှစ် (ဘ)ဦးကြည်ရွှေ (ဘုရားဖြူ ရပ်ကွက် ၊ တောင်ကြီးမြို့ နေသူ ) တို့တွင် ပွန်းပဲ့ ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြသည်။


အဆိုပါ ယာဉ်မဆင်မခြင် မောင်းနှင်သူ နော်ခမ်းဦး အား တောင်ကြီး အမှတ်(၁) ရဲစခန်း မှ (ပ) ၃၅/ ၂၀၁၃ ၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ-၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။
 
myawady

No comments:

Post a Comment