တစ်ချိန်က
ရန်ကုန်တက္ကသိုလ်ကြီးသည် မြန်မာတစ်မျိုးသားလုံး၏
အမျိုးသားရေးကြွေးကြော်သံဖြစ်ခဲ့သလို မြန်မာ့သမိုင်းဖြစ်စဉ်များထဲ၌
အထင်ကရပညာ့ဗိမာန်တစ်ခုလည်း ဖြစ်ခဲ့ပေသည်။ ကံကော်တော၊ အင်းလျားကန်၊ ဂျပ်ဆင်၊
သစ်ပုပ်ပင်အို၊ စိန်ပန်းပြာနှင့် တံတားဖြူ၊ အဓိပတိလမ်း စသည့်
အမည်နာမသင်္ကေတတို့နှင့် ခေတ်အဆက်ဆက် အလှဆည်းဆာလှုပ်နှိုးရှင်သန်စေခဲ့သည့်
နေရာလည်းဖြစ်ခဲ့ပေသည်။
စာပေ၊ သဘင်၊ ဂီတ၊ ရုပ်ရှင်တို့လည်း ဇာတ်လမ်း၊
ဇာတ်အိမ်နှင့် တေးသီချင်းများကို ရေးဖွဲ့သီကုံးခဲ့ကြသည်။ တက္ကသီလာ၊
မြကျွန်းညိုဟု ဝိဂြိုဟ်ပြုခေါ်ဝေါ်သည့် ရန်ကုန် တက္ကသိုလ်ကြီးမှ ပြည်သူချစ်သော
အနုပညာရှင်များ ပေါက်ဖွားခဲ့ကြသလို တစ်ခေတ်တစ်ခါက တက္ကသိုလ်ဟု
ညွှန်းဆိုဖွယ်ရာ ပညာ့ဂုဏ်ရည်တို့ ဖွင့်ဆိုကြခဲ့ပေသည်။
ထိုသို့သော
သဘာဝအလှတရား ဝေစည်သော ပညာ့ဗိမာန်ကြီးတက္ကသိုလ်၏ ဂုဏ်အင်ကို အနုပညာရှင်တို့က
သူသူငါငါ အလှတရားကိုယ်စီဖွဲ့၍ ခြယ်မှုန်းဂုဏ်ပြုကြလေ့ရှိကြသည်။ သို့သော်
ကာလအတန်ကြာ စာပေ၊ သဘင်၊ ရုပ်ရှင်၊ ဂီတ အနုပညာရပ်တို့ သဘာဝကျကျ
ပုံဖော်ဖန်တီးနိုင်ခွင့်မှာ ရန်ကုန်တက္ကသိုလ်ကြီးနှင့်ပတ်သက်၍
ရပ်တန့်ခဲ့တာကလည်း အမျိုးသားရေးလက္ခဏာရပ်တစ်ရပ် ပျောက်ဆုံးနေခြင်းဟု
အနုပညာရှင်တိုင်း ခံစားမိကြမှာ အမှန်ပင်ဖြစ်သည်။
‘တက္ကသိုလ်ထဲက အနုပညာ၊
အနုပညာထဲက တက္ကသိုလ်’ဟု မြန်မာ့အနုပညာလောကတွင်
ခေတ်သမိုင်းကြေးမုံပုံရိပ်သွင်ပမာ တည်ရှိလာခဲ့သည့် တက္ကသိုလ် အငွေ့
အသက်များ မှေးမှိန်ပျောက်ကွက်နေရခြင်းနှင့်ပတ်သက်၍ အနုပညာရှင်တို့၏
မျှော်လင့်ခံစားမှုများကို စုစည်းဖော်ပြလိုက်ပါသည်။
တက္ကသိုလ်ရဲ့ပျော်စရာကောင်းတဲ့ ဇာတ်ရှိသလို၊ လွမ်းစရာကောင်းတဲ့ ဇာတ်တွေလည်း ရှိပါတယ် . . .ဒါရိုက်တာဝင်းထွန်းထွန်း
“တက္ကသိုလ်ကားတွေဆို
တကယ့် တက္ကသိုလ် ပင်မမှာ ရိုက်ရတာအဆင်ပြေတာက ရန်ကုန်တက္ကသိုလ်ရဲ့ အနေအထားက
တကယ် ကို ခံ့ညားမှုလည်းရှိတယ်။ ဒီကျောင်း ပရဝဏ် ထဲ ရောက်သွားတဲ့သူက အဲဒီ
ကျောင်းထဲကို ခြေချလိုက်ပြီဆိုတာနဲ့ ခံစားမှုက လုံးဝမတူ တော့ဘူး။
ဒီလိုပဲ
ရိုက်ကွင်းတစ်ကွက်ကို ပြ လိုက်တာနဲ့ ပရိသတ်အနေနဲ့ မြင်လိုက်တာနဲ့ကို
တက္ကသိုလ်ကျောင်းသားတစ်ယောက်ကန် ပေါင်ပေါ် ရပ်နေတာနဲ့ အဓိပတိလမ်းမပေါ်
ရပ်နေတာကို ပြတာ ခံစားချက်မတူ ဘူး။ ဒါရိုက်တာသက်တမ်း၁ဝစုနှစ်ပေါင်း များ
စွာထဲမှာ အင်းလျားကန်ပေါင်မှာ ဘူးသီးကြော်စားရင်း ပြီး ခဲ့တာများတယ်။
တက္ကသိုလ်ရဲ့ပျော်စရာကောင်းတဲ့ ဇာတ်ရှိသလို၊ လွမ်းစရာကောင်းတဲ့ ဇာတ်တွေလည်း
ရှိပါ တယ်။ လွမ်း စရာကောင်းတဲ့ ဇာတ်များတာက ပရိသတ်ရဲ့ ရင်ထဲမှာ ကားတစ်
ကားကြည့်ပြီးရင် စွဲပြီး၊နင့်နေ အောင် ခံစားပြီး၊ မျက်လုံးမှိတ်ပြီး
အိပ်ရင် တောင်မှတ်မိနေတာလေ။
ရန် ကုန်တက္ကသိုလ်ဆိုတာလည်း အာရှ တန်းဝင်တဲ့
ကျောင်း၊နှစ်ပေါင်းများ စွာရှိခဲ့တဲ့ တက္ကသိုလ် ကြီးကိုချပြနိုင်မယ်ဆိုလည်း
အိမ်နီးချင်း နိုင်ငံ တွေကလည်း စိတ်ဝင်စားမှာပါ။ မြန်မာတွေရဲ့
ပြယုဂ်တွေကို လွတ်လွတ်လပ်လပ်နဲ့ အနုပညာ အရ ပုံဖော်လို့
ရအောင်သက်ဆိုင်ရာကလည်း ပံ့ပိုးသင့်တယ်”
အငွေ့အသက်တွေ ရ တိုင်း တက္ကသိုလ် စာသားတွေကြားတိုင်း ပြန်လွမ်းဆဲပါ . . .ထွန်းအိန္ဒြာဗို
”ရန်ကုန်တက္ကသိုလ်
ထဲမှာ တက္ကသိုလ်ဇာတ်ဝင်ခန်းတွေ မရိုက်ရ တာတော့ တော်တော်ကြာနေပါပြီ။
ရိုက်ခွင့် မရလို့ မရိုက်ဖြစ်တာပေါ့။ အခုနောက်ပိုင်း MICT Park မှာ
ကျောင်းဇာတ်ဝင်ခန်းတွေ ရိုက်တာများလာတယ်။
MICT Park မှာ ရိုက် ရတဲ့
ခံစားမှုကတကယ့်တက္ကသိုလ်ထဲမှာ ရိုက်ရတဲ့ ခံစားမှုကိုတော့ ဘယ်ယှဉ်လို့ရလဲ။
တက္ကသိုလ်ပရဝုဏ်ကြီးဆိုတာ နည်းတာမှ မဟုတ်တာ။ ရိုက်လို့ရတဲ့နေရာမှာ
ရိုက်ခွင့်ရသင့်ပါတယ်။ အရင်တုန်းက ကျွန်မတို့တက္ကသိုလ်ဇာတ်ဝင် ခန်းကို
ရိုက်တော့ ကန်ပေါင်ပေါ်ပဲ ရိုက်ခဲ့ ရတာပဲ။
သိပ်မကြာခင်မှာပဲ
ရိုက်ခွင့်မရတော့လို့ တက္ကသိုလ်ဆိုရင် ကန်ပေါင်ဖြစ်ဖြစ်သွားတယ်။
ရိုက်ကူးခွင့်ရဖို့ကတော့ ဒီနေရာကို တားမြစ် ထားတဲ့ လူတွေအပေါ်မှာပဲ
မူတည်ပါတယ်။ သူတို့ခွင့်ပြုရင် ရိုက်ရမှာပေါ့။ ဒီအငွေ့အသက် တွေ
ရတိုင်းတက္ကသိုလ် စာသားတွေကြားတိုင်း ပြန်လွမ်းဆဲပါပဲ”
တက္ကသိုလ်ဆိုတာ ဒဏ္ဍာရီတစ်ပုဒ်လို့တော့လည်း မဖြစ်နိုင်ပါဘူး . . .အရိုင်း
“တက္ကသိုလ် ဇာတ်ဝင်ခန်း ပါတဲ့ ဇာတ်ကားတွေဆို တက္ကသိုလ်မှာပဲ ရိုက်စေချင်တယ်။
၁၉၉၅ခုနှစ်လောက်ထိ တော့ ရိုက်လို့ရသေးတယ်။ အဲဒီနောက် ပိုင်းမှာတော့
မရိုက်ဖြစ်ကြ တော့ဘူးထင် တယ်။ မရိုက်ရဘူးဆိုတော့ မပီပြင်ဘူး ပေါ့။
ကြည့်ရတဲ့ ပရိသတ်တွေ ပြောကြ မှာပဲလေ။
အရင်ခေတ်တုန်းကတော့ ဝတ္ထုမှာက
လွမ်းတဲ့ဇာတ်လေးတွေ ရေးကြ တော့ တက္ကသိုလ်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေ
ရိုက်ကြလို့ရှိရင် အဲဒီ ခေတ် အဲဒီအခါတုန်းကရေးတဲ့ ဝတ္ထု စာရေး ဆရာတွေရဲ့
အကြောင်းအရာကိုပဲ အခြေခံပြီးတော့ရိုက်ခဲ့ကြရတယ်။
တက္က သိုလ်ဆိုတာ
ဒဏ္ဍာရီတစ်ပုဒ်လို့တော့ လည်း မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆို တော့
အခုနောက်ပိုင်းမှာ တက္ကသိုလ်တွေ ပြန်လုပ်ဖို့ကို ပြန်ပြီးတောင်း ဆိုနေ
ကြတယ်။ ရုပ်ရှင်ရိုက်ကူးရေးဆိုတာက ဆက်တင်နဲ့ ရိုက်လို့ရတဲ့ နေရာမှာရိုက်၊
ရိုက်လို့မရတဲ့ အခါကျတော့လည်း တက္ကသိုလ်လိုနေရာမျိုးတွေမှာ ရိုက်
လို့ရဖို့အတွက်ကို အဆင့် ဆင့် တောင်းဆိုကြရမှာပဲ”
အပြင်မှာ ရိုက်ရတာနဲ့ ရန်ကုန် တက္ကသိုလ်မှာ ရိုက်ရတာက ဖီလင် ချင်းမတူဘူးလေ…
မေသန်းနု
“ရန်ကုန်တက္ကသိုလ်
မှာ ရိုက်ခွင့် မရတာတော်တော် ကြာနေပြီ။ အခု လိုအပြင်မှာ ရိုက်ရတာနဲ့
ရန်ကုန် တက္ကသိုလ်မှာ ရိုက်ရတာက ဖီလင် ချင်းမတူဘူးလေ။ ဟိုအရင်တုန်းက ဆိုရင်
ရန်ကုန်တက္ကသိုလ်မှာ၊ ဇာတ် ကားရိုက်ကူးတဲ့အခါမှာ၊ တအားပျော်
စရာကောင်းတယ်။တကယ် တက္ကသိုလ် တက်နေရသလိုပဲ ပျော်စရာကောင်း တယ်။
ပြီးတော့တကယ့် တက္ကသိုလ်မှာ ရိုက်ရင် တအားစိတ်ဝင်စားဖို့ကောင်း တယ်။
တကယ့်ကျောင်းမှာ မရိုက်ရ တဲ့အခါကျတော့ စိတ်ဝင်စားမှုတအား လျော့တယ်။
စိတ်ဝင်စားမှုလျော့တယ် ဆိုတာက တကယ့်နေရာမှာရိုက်ရတာ မဟုတ်တဲ့အတွက်
သဘာဝမကျဘူး။ မဆင့်တို့ မြန်မာ့ရုပ်ရှင်မှာ သဘာဝ မကျတဲ့ကဏ္ဍတွေက များနေတယ်။
အဲလိုမျိုးလိုအပ်ချက်တွေ များနေ တယ်။
တက္ကသိုလ်ကျောင်းဆိုတာ
တကယ်စိတ်ဝင်စားဖို့ကောင်းပါ တယ်။ တက္ကသိုလ်ကျောင်းဆိုတာ ဒဏ္ဍာရီ
တစ်ပုဒ်လိုပါပဲ။ မဆင့်အရင်တုန်းက ရိုက်တဲ့ ဒဏ္ဍာရီကျောင်းကားတွေ ဆိုရင်
တအားပေါက်ခဲ့တယ်။ ကျောင်းသူ ကျောင်းသားအတွက်လည်း စိတ်ဝင် စားကြတယ်။
တက္ကသိုလ်ကျောင်း တကယ်တက်နေရသလို ခံစားရတယ်။ ဒီမိုကရေစီ ခေတ်ဆိုတော့ ရန်ကုန်
တက္ကသိုလ်မှာ ဇာတ်ကားတွေ ပြန် ရိုက်ခွင့်ပြုမယ်လို့ထင်ပါတယ်။
ရန်ကုန်တက္ကသိုလ် မှာ ပြန်ရိုက်ကူးခွင့်ရဖို့အတွက် မျှော် လင့်ပါတယ်။”
၂ဝဝ၁တုန်းက ရန်ကုန်တက္ကသိုလ်ထဲမှာ ဗီဒီယို ဇာတ်ကား ရိုက်ခဲ့ဖူးတယ် …ဒါရိုက်တာကြည်ဖြူသျှင်
“၂ဝဝ၁တုန်းက
မိန်းထဲမှာ ဗီဒီယို ဇာတ်ကား ရိုက်ခဲ့ဖူးတယ်။ အဲဒီတုန်း က
ဂျပ်ဆင်ရှေ့မှာရော၊ ဘွဲ့နှင်း သဘင်ခန်းမရှေ့၊ သစ်ပုပ်ပင်ရော
တကယ်လွတ်လွတ်လပ်လပ် ရိုက်ခွင့် ရခဲ့တယ်။ တက္ကသိုလ်ကားတွေဆို တအားလည်း
အနှစ်သာရရှိတယ်။ တက္ကသိုလ်ဆိုတာကို ပြည့်ပြည့်ဝဝ ပရိသတ်ကိုပေးနိုင်တယ်။
ကန်တင်း မှာတင် အချိန်ကုန်တာ မဟုတ်ဘဲ ကျောင်းတက်တာရော၊ အဓိပတိလမ်း ပေါ်မှာ
လျှောက်တာ တွေရောအကုန် ရိုက်ခွင့်ရတယ်။နောက်ပိုင်း အကြောင်း
အမျိုးမျိုးကြောင့် ပေးမရိုက်တော့ဘူး။ ဒီတော့ တက္ကသိုလ်ဆိုရင် ကန်ပေါင်
မှာပဲဆိုတော့ တက္ကသိုလ်ကျောင်း သားတွေက ကျောင်းမတက်တော့ ဘူးလား၊
ကန်ပေါင်မှာပဲလားဆိုတဲ့ ဝေဖန်သံ တွေကြားရတယ်။
အဲဒီအခါ ပြောပြ ချင်တယ်။
ရိုက်ချင်တာပေါ့၊ ရိုက်ခွင့်မှမရတာ။ ဇာတ်ကားအနှစ် သာရ ရသတွေအများကြီးကျလာ
တယ်။ MICT မှာ လည်းရိုက်တယ်။ လုပ်ရတဲ့ အနုပညာသမားတွေကလည်း မဟုတ်မှန်း
သိပေမယ့် ဒါကိုပဲရိုက်နေ ရတယ်။
ရုပ်ရှင်ထဲက တက္ကသိုလ်ဆိုပြီး တော့
တောင်နောက်ဖြစ်ကြတယ်။ တစ်လလောက် ကြိုတင်ရင်ရတယ်လို့ ပြောတယ်။တကယ်သေချာလား၊
ရရင်ရိုက်မှာပဲ။ တက္ကသိုလ်ကားပေမယ့် ပရိသတ်အတွက် ဘယ်လိုရသမျိုးပေး
ချင်လဲပေါ့။ ဒီလိုရိုက်ကူးခွင့်ရဖို့ အစည်းအရုံးကနေ ဦးဆောင်ပြီး
လုပ်ပေးစေချင်တယ်။ “
ရန်ကုန် တက္ကသိုလ်ဆိုတာ အခုလက်ရှိတအား ကို တိုးတက်ပြောင်းလဲနေတဲ့ …နေတိုး
“တက္ကသိုလ်ဇာတ်
လမ်းတွေ ဆိုရင် တင်ပြချင်တဲ့ အကြောင်းအရာ ရှိတဲ့အတွက် မြန်မြန်ဆန်ဆန်လေး
မြန်မာအနုပညာကိုလည်း ပံ့ပိုးကူညီမှု ရအောင် လုပ်စေချင်တယ်။ ရန်ကုန်
တက္ကသိုလ်ဆိုတာ အခုလက်ရှိတအား ကို တိုးတက်ပြောင်းလဲနေတဲ့ စင်ကာပူ ကတောင်
ရန်ကုန်တက္ကသိုလ်ကို လာ ကြည့်ပြီး ဒီလိုမျိုးကို ငါတို့ဆီမှာ ဆောက်မယ်ဆိုတဲ့
စိတ်မျိုးမွေးခဲ့တာ။
သူတို့တွေ ဒီလိုပြောခဲ့တဲ့ ဒီနေရာကို
ရှေးဟောင်းကျောင်းတစ် ခုအနေနဲ့ ပြန်ပြီးတင်ပြမယ်ဆိုရင် အင်တာနေရှင် နယ်ကို
ထိုးဖောက်နိုင်မယ့် ဇာတ်လမ်း မျိုးတွေ ဖြစ်နိုင်တယ်လို့မြင်တယ်။
နေရာဒေသအစစ်မှာ လိုချင်တာလေး တွေကို မြန်မြန်ဆန်ဆန်နဲ့ ခွင့်ပြုပေး
စေချင်တယ်။
ခွင့်ပြုတာကတော့ နေရာ တိုင်းမှာ အခက်အခဲရှိမှာပဲလေ။ ဘာလို့
ခွင့်မပြုလဲဆိုတဲ့ အခက်အခဲ ပေါ့။ ဗီဒီယိုနဲ့ ရုပ်ရှင်ကို နောက် တစ်
ကျော့ပြန်ပြီး ပရိသတ်တွေ စိတ်ဝင် စားလာနိုင်တယ်။ ဇာတ်လမ်းတည် ဆောက်မှုက
ဇာတ်ညွှန်း၊ ဝတ္ထုရေးတဲ့ ဆရာ၊ဆရာမတွေက ပိုပြီးသိတာပေါ့”
အရင်တုန်းက တက္ကသိုလ်ကျောင်းထဲ မှာ ကောင်းကောင်းမွန်မွန် ရိုက် ခွင့် ..
ကျော်ရဲအောင်
”
MICT Park မှာ ရိုက်တော့ တက္ကသိုလ်နဲ့ဆင်မှ မဆင်တာ။ ဘာ မှမဆိုင်ဘူး။
ဒါပေမဲ့ ဆင်သယောင် တော့ရှိတယ်။ ကော်ရစ်တာကြီးက တကယ့်တက္ကသိုလ်ကျောင်းအစစ်
မှာ အဲဒီလိုမျိုးမှ မဟုတ်တာ။ လွမ်း လွမ်းဆွေးဆွေးကြီး။MICT Park ဆိုရင်
အရောင်ကလှနေတယ်။ တကယ့် တက္ကသိုလ်ကျတော့ လွမ်းစရာကြီး။ သစ်ပုပ်ပင်ကဆို
ပိုတောင် လွမ်းစရာ ကောင်းသေးတယ်။
ကျွန်တော်တို့ အရင်တုန်းက
တက္ကသိုလ်ကျောင်းထဲ မှာ ကောင်းကောင်းမွန်မွန် ရိုက် ခွင့်ရခဲ့တယ်။
အရသာရှိတာပေါ့။ အထဲက ကျောင်းခန်တွေကအစ ရုပ်ရှင်ရုံကြီးလိုပဲ။
နေရထိုင်ရသွားရ လာ ရတာလေးတွေလည်းမတူဘူး။ သစ်ပင်တွေ ပန်းပင်တွေနဲ့ တအား
သာယာတယ်။
အခုတော့ အဲဒီလိုရိုက် ခွင့်မရတော့ဘူး။ ဒါတွေက ရိုးနေ တော့
သိပ်လည်းမခံစားတော့ဘူး။ လိုချင်တာဖြစ်ချင်တာကို လုပ်လို့ မရ တဲ့
အချိန်မှာဖြစ်သင့်တာပဲလုပ်လိုက် ရတယ်။အခုတော့လည်း ရိုက်ခွင့်ပြန်
လည်ရစေချင်တယ်။”
တက္ကသိုလ်ဇာတ် လမ်းတွေဆို ကန်ပေါင်ပေါ်ပဲ ပြီးသွား တာလေ…ပြေတီဦး
”
ကျွန်တော်တို့ကျတော့ စက်မှုတက္ကသိုလ်မှာ တက်ခဲ့ကြတဲ့ သူတွေဆိုတော့
ကိုယ့်ကျောင်းမှာ ကိုယ်ရိုက်ချင်တာပေါ့။ ကျွန်တော်တို့ မြန်မာ
ပြည်မှာနေရတဲ့၊ မြန်မာပြည်မှာ လုပ်ရတဲ့ အနုပညာသမားတွေက တော့
တအားကိုဝမ်းနည်းစရာ ကောင်း တယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ
ဘယ်နေရာသွား သွား မျက်နှာငယ်နေရတာ။ ရိုက်ဖို့ အတွက်ကိုပဲ အခက်အခဲပေါင်း
များစွာ ကြိုးစားခဲ့ရတာ။MICT ထဲမှာ သွားရိုက်ရတာဟာ တကယ့် တက္ကသိုလ်မှာ
ရိုက်ရတဲ့ အနှစ်သာရ မျိုးဘယ်လိုမှ ဖြစ်လာမှ မဟုတ်ဘူး။ မယှဉ်နိုင်ဘူး။
ဒါတောင် အခုနောက် ပိုင်းမှာMICT ပေါ်လာလို့လေ။ အရင်တုန်းကဆိုရင်
တက္ကသိုလ်ဇာတ် လမ်းတွေဆို ကန်ပေါင်ပေါ်ပဲ ပြီးသွား တာလေ။ ကျောင်းသားတွေ
စာသင်တာ တို့ ဘာတွေဆိုတာက အဝေးကြီးပဲ လေ။အဲဒီတော့မသိလို့ရှိရင် တက္ကသိုလ်
ကျောင်းသားတွေက အားအားနေ ကန်ပေါင်ပဲ ထိုင်ကြသလို ဖြစ်နေတာ
ပေါ့။ရုပ်ရှင်အစည်း အရုံးကနေပြီး တော့ အဲလိုကိစ္စတွေကို တင်ပြထား တယ်။
နောက်ပိုင်းမှာတော့ တဖြည်း ဖြည်းလုပ်ပေးသွားမယ်လို့ ထင် ပါတယ်။
တက္ကသိုလ်ဇာတ်လမ်းတွေဆို ရင် ဒီဘူးသီးကြော်ဆိုင်နဲ့ အသုပ်ဆိုင် တွေနဲ့ပဲ…ဒါရိုက်တာမိုက်တီး
“တက္ကသိုလ်ထဲမှာ
မရိုက်ခဲ့ရတာ လည်း တော်တော်ကြာပြီ။၁ဝနှစ် တောင် မကလောက်တော့ ဘူးထင်ပါတယ်။
ဥပမာ- ကိုမင်းလူရေးတဲ့ကားမှာ ဆို ရင် သူရေးထားတာ တအားကို သဘာဝ
ကျတယ်။အပြင်တက္ကသိုလ်ကို အခြေခံ ပြီးရေးထားတဲ့ ဖြစ်လာတဲ့ဇာတ်လမ်း ဆိုတော့
အဲဒီတက္ကသိုလ်ရနံ့တွေပါ နေမှာကိုး။
အဲဒီဇာတ်လမ်းကို ရုပ်လုံး
ကြွပြီးပိုပြီးတော့ ဇာတ်ကားကလည်း ပိုပြီးမြောက်မယ်။ အဲဒါကို ကြည့်တဲ့
သူကလည်း ပိုပြီးအရသာ ပြည့်စုံမယ်။ ခုဟာကတော့ ကိုယ်တွေ ကိုယ်တိုင် ကိုက
တက္ကသိုလ်ဇာတ်လမ်းတွေဆို ရင် ဒီဘူးသီးကြော်ဆိုင်နဲ့ အသုပ်ဆိုင် တွေနဲ့ပဲ
ပြီးနေရတော့ ဆက်ပြီးတော့ အတွေးအခေါ်ပိုင်းက အစ သေးသေး သိမ်သိမ်ဖြစ်နေတာပေါ့။
မမြင့်မား တော့ဘူး။
ဇာတ်ကားတွေကလည်း သေးသေးသိမ်သိမ် ဖြစ်နေတာပေါ့။ဒီ
တက္ကသိုလ်ရဲ့ အရသာကို MICT ထဲမှာ သွားရိုက်လိုက်ရ ဘာအရသာ ခံစားမှု
ဘာမှမရှိဘူး။ ကိုယ်တွေက အဲဒီမြေကိုရောက်မှ အဲဒီရေမြေ သဘာဝလေးနဲ့
အဲဒီဓာတ်ခံလေးနဲ့မှ ကိုယ့်စိတ်တွေကလည်း ပြန်နုပျိုလန်း ဆန်းပြီးတော့မှ
ကားလေးကပိုမြောက် ကြွလာစေမှာလေ။
အရင်တုန်းက ဆိုရင်
တက္ကသိုလ်သီချင်းတွေရှိတယ်၊ ဝတ္ထုတွေရှိတယ်။ ဇာတ်လမ်းတွေ ရှိတယ်။
တက္ကသိုလ်ရုပ်ရှင်တွေ ရှိတယ်။ တက္ကသိုလ်ကြီးက ကြီးကျယ်
ခမ်းနားလွန်းအားကြီးလို့ အဲဒီ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ တွေရဲ့
ဇာတ်လမ်းကို ပြည်သူပြည်သား တွေ အကုန်လုံးက စိတ်ဝင်စားကြ တာပါ”
No comments:
Post a Comment