Pages

Pages - Menu

Wednesday, February 20, 2013

"ရုပ်ရှင်နှင့် အတတ်ပညာရှင် (၂၁)ဦးပါဝင်သည့် အဖွဲ့သည် ရုပ်ရှင် နည်းပညာပိုင်း ဆိုင်ရာများ လေ့လာဆွေးနွေးရန် အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ ထွက်ခွာ"

"ရုပ်ရှင်နှင့် အတတ်ပညာရှင် (၂၁)ဦးပါဝင်သည့် အဖွဲ့သည် ရုပ်ရှင် နည်းပညာပိုင်း ဆိုင်ရာများ လေ့လာဆွေးနွေးရန် အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ ထွက်ခွာ"


ထိုင်းနိုင်ငံ ၊ ဘန်ကောက်ရှိ Gear Head ရုပ်ရှင်နည်းပညာပိုင်း ဆိုင်ရာ ကုမ္ပဏီ ၏ ကမ်းလှမ်းဖိတ်ေ...ခ်ါမှု အရ (၃)ရက်တာ ကြာမြင့်မည့် ရုပ်ရှင် နည်းပညာဆိုင်ရာ workshop ကို တက်ရောက်ရန်အတွက် ရုပ်ရှင်အနုပညာရှင် နှင့် အတတ်ပညာရှင် (၂၁)ဦးသည်
ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက် (၆:၃၀) က ထိုင်း အဲဝေးဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ကို ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
"(၃) ရက်မှာ ပါလာတဲ့လူတွေ နှစ်အုပ်စုခွဲရမယ်။ တစ်အုပ်စုကတော့ အစ၊အဆုံး နည်းပညာပိုင်း သင်ကြားပေးမှုကို တတ်ရမယ်။ ပရိုဂျူဆာ၊ ဒါရိုက်တာတွေကတော့ side visit ကို သွားရမယ်။ သူတို့ရဲ့ ပစ္စည်းတွေကို On Set ဘယ်လိုသုံးသလဲဆိုတာကို ကြည့်ရမှာပါ။
အဓိကကတော့ lighting ပစ္စည်းတွေ၊ အသံပိုင်းဆိုင်ရာ ပစ္စည်းတွေကို စတဲ့ဟာတွေကို ဘယ်လိုအသုံးချရမယ်ဆိုတာ ကို ပြသဆွေးနွေးသွားမှာပါ။" ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို လိုက်ပါသွားသည့် ဒေါ်ဆွေဇင်ထိုက် က ရှင်းပြသည်။

အဆိုပါခရီးစဉ်ကို လိုက်ပါသွားသည့် (၂၁)ဦးတွင် ဒါရိုက်တာ ဦးကြည်စိုးထွန်း၊ ဒါရိုက်တာ မီးပွား၊ ဒါရိုက်တာ အောင်ကိုလတ်၊ ဒါရိုက်တာ အဏ်ထော်ဏီ၊ ဒါရိုက်တာ မျိုးဇော်အောင်၊ ဒါရိုက်တာ ၀င်းထွန်းထွန်း၊ ဒါရိုက်တာ မလိခစိုးထိုက်အောင်၊ လူမင်း၊ ဒေါ်ဆွေဇင်ထိုက်၊
ကင်မရာမန်း ဦးတင့်ဆန်း၊ ခင်စန္ဒာမြင့်၊ ဒေါ်မြင့်မြင့်ခိုင်၊ ဇော်မင်း (ဟံသာမြေ) တို့ပါဝင်လိုက်ပါသွားခဲ့ကြပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အထိကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းနှင့် အတွင်းရေးမှူး ဦးဝင်းကြည်တို့က လိုက်ပါပို့ဆောင်ပေးခဲ့သည်။

အေးချမ်းမွန်(အဲဆာန်မန်) မှ Popular Myanmar News Journal  တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

ထိုင်းနိုင်ငံ ၊ ဘန်ကောက်ရှိ Gear Head ရုပ်ရှင်နည်းပညာပိုင်း ဆိုင်ရာ ကုမ္ပဏီ ၏ ကမ်းလှမ်းဖိတ်ေ...ခ်ါမှု အရ (၃)ရက်တာ ကြာမြင့်မည့် ရုပ်ရှင် နည်းပညာဆိုင်ရာ workshop ကို တက်ရောက်ရန်အတွက် ရုပ်ရှင်အနုပညာရှင် နှင့် အတတ်ပညာရှင် (၂၁)ဦးသည် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက် (၆:၃၀) က ထိုင်း အဲဝေးဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ကို ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ "(၃) ရက်မှာ ပါလာတဲ့လူတွေ နှစ်အုပ်စုခွဲရမယ်။ တစ်အုပ်စုကတော့ အစ၊အဆုံး နည်းပညာပိုင်း သင်ကြားပေးမှုကို တတ်ရမယ်။ ပရိုဂျူဆာ၊ ဒါရိုက်တာတွေကတော့ side visit ကို သွားရမယ်။ သူတို့ရဲ့ ပစ္စည်းတွေကို On Set ဘယ်လိုသုံးသလဲဆိုတာကို ကြည့်ရမှာပါ။

အဓိကကတော့ lighting ပစ္စည်းတွေ၊ အသံပိုင်းဆိုင်ရာ ပစ္စည်းတွေကို စတဲ့ဟာတွေကို ဘယ်လိုအသုံးချရမယ်ဆိုတာ ကို ပြသဆွေးနွေးသွားမှာပါ။" ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို လိုက်ပါသွားသည့် ဒေါ်ဆွေဇင်ထိုက် က ရှင်းပြသည်။

အဆိုပါခရီးစဉ်ကို လိုက်ပါသွားသည့် (၂၁)ဦးတွင် ဒါရိုက်တာ ဦးကြည်စိုးထွန်း၊ ဒါရိုက်တာ မီးပွား၊ ဒါရိုက်တာ အောင်ကိုလတ်၊ ဒါရိုက်တာ အဏ်ထော်ဏီ၊ ဒါရိုက်တာ မျိုးဇော်အောင်၊ ဒါရိုက်တာ ၀င်းထွန်းထွန်း၊ ဒါရိုက်တာ မလိခစိုးထိုက်အောင်၊ လူမင်း၊ ဒေါ်ဆွေဇင်ထိုက်၊ ကင်မရာမန်း ဦးတင့်ဆန်း၊ ခင်စန္ဒာမြင့်၊ ဒေါ်မြင့်မြင့်ခိုင်၊ ဇော်မင်း (ဟံသာမြေ) တို့ပါဝင်လိုက်ပါသွားခဲ့ကြပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အထိကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းနှင့် အတွင်းရေးမှူး ဦးဝင်းကြည်တို့က လိုက်ပါပို့ဆောင်ပေးခဲ့သည်။
 
 
RND: 20.2.2013
Popular Myanmar News

No comments:

Post a Comment