နျူစမ်းသပ်မှုထက် ပိုမိုသောဆောင်ရွက်မှု မြောက်ကိုရီးယား ပြုလုပ်မည်ဟုဆို
မြောက်ကိုရီးယားနိုင်ငံသည်
၎င်းတို့ပြောကြားထားသည့် တတိယမြောက် နျူကလီးယားစမ်းသပ်မှုထက် ပိုမိုပြင်းထန်သော
ဆောင်ရွက်မှုများကို ပြုလုပ်သွားမည် ကြုံးဝါးပြောဆိုလိုက်သည်။
နှုးကလီးယားစမ်းသပ်မှု ပြုလုပ်ခြင်းထက် ပိုမိုပြင်းထန်သော လှုပ်ရှားမှုများကို
ဆောင်ရွက်သွားရန် ပြုံးယမ်း
အစိုးရက ဆုံးဖြတ်ထားကြောင်း နိုင်ငံပိုင် Korean
Central News Agency - KCNA သတင်းက ဖော်ပြသည်။
သို့သော် မည်သည့် လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်မည်ဆိုခြင်းကိုမူ
ပြုံးယမ်းအစိုးက ပြောကြားခြင်း မရှိချေ။ ဒီဇင်ဘာလအတွင်းက တာဝေးပစ်ဒုံးကျ
စမ်းသပ်ခဲ့မှုကြောင့် အရေးယူပိတ်ဆို့မှုများ တိုးချဲ့ချမှတ်ခံရပြီးနောက်
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ ဆက်တိုက်ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
Planet Myanmar Network:
No comments:
Post a Comment