Monday, 18 February 2013
ကံအကြောင်း မလှသဖြင့် ဒုက္ခိတ တစ်ဦးအဖြစ် မွေးဖွားလာရသော်လည်း ဂျက်ဆီကာ
ကော့စ်အနေဖြင့် ဘဝကို စိတ်ပျက် အလျှော့ပေးခဲ့ခြင်း မရှိချေ။ ဂျက်ဆီကာသည်
ရှားပါးသည့် မွေးရာပါ ချွတ်ချော်မှု တစ်ခုကြောင့် လက်မောင်းများ မပါဘဲ
မွေးဖွားလာခဲ့သူ ဖြစ်သည်။ သို့သော်လည်း သူမ၏ ဘဝတွင် အားငယ် နိမ့်ကျမှု လုံးဝ
မရှိဘဲ အကောင်းဆုံး ကြိုးစားဖြတ်သန်းနေခဲ့သည်။
အမေရိကန်နိုင်ငံ၊ အရီဇိုးနားတွင် မွေးဖွားသော ဂျက်ဆီကာသည် ယခုအခါ
အသက်(၃၀)အရွယ် ရှိနေပြီဖြစ်ကာ သာမန်လူကောင်း တစ်ဦးပင် လုပ်ဆောင်ရန်
ခက်ခဲသော အခြေအနေများကို ပြည့်ပြည့်ဝဝ ဖန်တီး ရယူထားခဲ့သည်။
သူမသည် ယခုအခါ ကမ္ဘာပေါ်တွင် လက်မောင်းနှစ်ဖက်လုံး မရှိသည့် ပထမဆုံး လိုင်စင်ရ လေယာဉ်မှူး ဖြစ်လာခဲ့သည်။
Planet Myanmar Network
![]() |

No comments:
Post a Comment