Pages
Pages - Menu
Friday, February 15, 2013
ခိုးကူးခွေဖမ်းတာထက် လူတွေလက်ထဲမှာ ပိုက်ဆံများများရှိဖို့ ပိုအရေးကြီးတယ်လို့ပြောပြတဲ့ ဂျီလတ်
Friday, February 15, 2013
ကော်ပီသီချင်းဆိုရတာနဲ့ owntune ခွေဆိုရတာ ခံစားမှုချင်းကွာပါတယ်။ကော်ပီကတော့ နဂိုကတည်းက တစ်ကမ္ဘာလုံးစံနှုန်းနဲ့ ထုတ်ထားတဲ့အခွေတစ်ခွေဖြစ်တယ်။
တစ်ကမ္ဘာလုံးကလည်းအသိအမှတ် ပြုထားတဲ့အခွေဖြစ်လို့ အဲဒီလူရဲ့သီ ချင်းကိုပြန်ဆိုရတဲ့အတွက်ကြောင့် ကောင်းမွန်အောင်မနည်းဆိုရပါ တယ်။ အဲဒီတော့ Owntune ကျ တော့ ကောင်းကောင်းမွန်မွန်မဆို ဘူးလို့
မပြောပါဘူး။owntune ကျတော့ကိုယ့်Creationလုပ်လို့ ရတယ်။ဒီနေရာမှာ ဒီလိုလေးလုပ် လိုက်လို့ ပိုကောင်း
မယ်ထင်ရင်လုပ် ခွင့်ရှိတယ်။
 ကော်ပီကျတော့ ငါဒီ နေရာမှာ ဒီလိုလေးလုပ်လိုက်လို့ ကောင်းမယ်ထင်ရင်တောင် လုပ် ခွင့်မရှိဘူး။ ဘာဖြစ်
လို့လဲဆိုတော့သူများပစ္စည်းဖြစ်တဲ့အတွက်ကြောင့် ပါ။ Owntune ဆိုတာ ပိုလည်း လွတ်လပ်ပြီးတော့ ပိုလည်း
 အဓိပ္ပာယ်ရှိတယ်။
ကိုယ့်ပစ္စည်းလို့ လည်းပိုသတ်မှတ်လို့ရပါတယ်။ ခိုးကူးကိစ္စနဲ့ပတ်သက်ပြီးပြောစရာမရှိ တော့ပါဘူး။ ပေါ်တင်
ကူးတာတွေ လည်းဖြစ်ပြီးသွားပြီလေ။ အခုတော့ တားဆီးနေပြီဆိုတော့ ၀မ်းသာပါ တယ်။ အဓိကကတော့ ခိုးကူးဖမ်း တာတင်မဟုတ်ပါဘူး။လူတွေလက်ထဲမှာပိုက်ဆံများများရှိဖို့လည်းအ ရေးကြီးပါတယ်။ ဒါမှလည်း
သူတို့ က မူရင်းခွေဝယ်ကြမှာပါ။ ခိုးကူး ခွေဖမ်းပေမယ့် အမြစ်မပြတ်ဘူးဖြစ် နေတာက တရားဥပဒေစိုးမိုးရေး
ရး ကိစ္စရယ်၊ ခုနကပြောသလို လူတွေလက်ထဲမှာပိုက်ဆံရှိဖို့ကိစ္စရယ်နဲ့ ဆိုင်တယ်။ 
အားလုံးလက်ထဲမှာ လုံ လောက်တဲ့ငွေရှိနေရင် လာဘ်စား တဲ့အမှုတွေဆိုတာလည်း ရှိမှာမဟုတ်ဘူး။လူတွေ
က ခုနကလို ခိုး ကြောင်ခိုးဝှက်နဲ့သူများပစ္စည်းကိုခိုး ကူးတာဟာ ရှက်စရာကောင်းတယ် ဆိုတဲ့အသိလည်း
ပညာနဲ့ သူတို့ရဲ့ ဥစ္စာဓနပြည့်စုံလာတဲ့အချိန်ကျရင် ဒါတွေပပျောက် သွားမှာပါ။ အဲဒါတွေမပပျောက်ခင်မှာ စည်းကမ်းရှိအောင် လုပ်နေ ရတဲ့သဘောပါပဲ။
8 DAY
No comments:
Post a Comment