ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃
ယနေ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် တွင် သာသနာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သရေစည်သူဦးဆန်းဆင့် အစ္စလာမ်ကောင်စီဌာနချုပ်သို့
ကြွရောက်ပြိး မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ
တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေး နွေးခဲ့ကြောင်းသိရပါသည်။
ယခုကဲ့သို့ အစ္စလာမ်အဖွဲ့အစည်းရုံးတခုသို့ ပြည်ထောင်စုဝန်ကြီးအဆင့်
ကြွရောက်ပြီး အစ္စလာမ်ဘာသာရေးအဖွဲ့များနှင့် တွေ့ဆုံသည့်မှာ ၁၉၆၂
ဗိုလ်ချူပ်ကြီးနေဝင်း မှ အာဏာသိမ်းယူပြီးနောက်ပိုင်း
ပထမအဆုံးအကြိမ်ဖြစ်ကြောင်းသိရပါ သည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီး ဦးဆန်းဆင့်က အစ္စလာမ်ဘာသာရေးအဖွဲများမှာ
ကိစ္စကြီးငယ်ရှိခဲ့ရင် သူထံသို့ တိုက်ရိုက်ဆက်သွယ်လို့ရနိုင်သလို အစ္စလာမ်ဘာသာဝင်အများရဲ့ ကိစ္စရပ်များ ဆောင်ရွက်ဖို့ သီးသန့်တာဝန်ခံ တယောက်ထားရှိမယ်အကြောင်း ပြောကြားခဲ့ကြောင်းသိရပါသည်။
သရေစည်သူဦးဆန်းဆင့် သည် ၂၀၁၀ ရွေးကောက်ပွဲအပြိး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ် ၂ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး
ယခုနှစ် ဇန်နဝါရီ ကုန်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ်
ပြောင်းလဲတာဝန်ပေးအပ်ခဲ့ခြင်းဖြ စ်သည်။
သရေစည်သူဦးဆန်းဆင့် သည် ၂၀၁၀ ရွေးကောက်ပွဲအပြိး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ် ၂ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး
ဦးဆန်းဆင့်သည် ယခင် နအဖ အစိုးရလက်ထက်တွင် စစ်ရာထူးခန့်ချုပ်
တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပချိန်တွင်
ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူဖြစ်သည်။
RND: 28.2.2013
Credit : M-Media
No comments:
Post a Comment