Pages

Pages - Menu

Wednesday, February 13, 2013

လေထုညစ်ညမ်းသည့် ဘေဂျင်းတွင် လေသန့်ဘူးငယ်များ ရောင်းချ


လေထုညစ်ညမ်းမှု ဆိုးရွားစွာ ကြုံတွေ့နေရသည့် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် သန့်ရှင်းသောလေကို အချိုရည်သံဘူးကဲ့သို့ ဘူးလေးများအတွင်း ထည့်သွင်းရောင်းချလျက်ရှိသည်။ တရုတ်နိုင်ငံတွင် အချမ်းသာဆုံးစာရင်းဝင်နှင့် စီပွားရေး စွန့်ဦးလုပ်ကိုင်တတ်သူ သန်းကြွယ်သူဌေး ချန်ဂွမ်ဘိုင်းက လေသန့်ဘူး ရောင်းချသည့်လုပ်ငန်းကို စတင်လုပ်ကိုင်လိုက်ခြင်း ဖြစ်သည်။
ချန်က နိုင်ငံအတွင်း လေထုညစ်ညမ်းမှု ဆိုးရွားစွာ ဖြစ်ပေါ်နေခြင်းအား တာဝန်ရှိသူများ ပိုမိုအာရုံစိုက် ဖြေရှင်းဆောင်ရွက်လာစေရန် ရည်ရွယ်လျက် လေသန့်ဘူးများ ရောင်းချခြင်းသည့်လုပ်ငန်းကို လုပ်ကိုင်ပြလိုက်ခြင်းလည်း ဖြစ်သည်။

အချိုရည်ဘူးအရွယ် လေသန့်ဘူးတစ်ဘူးကို တရုတ်ငွေ ၅ ယွမ် (ဒေါ်လာ ၈၀ ဆင့်) ဖြင့် ရောင်းချခြင်းဖြစ်ပြီး အချိုရည်ဘူးကဲ့သို့ပင် ဖွင့်ဖောက်၍ အတွင်းမှလေသန့်ကို ရှူရှိုက်နိုင်မည်ဖြစ်သည်။ ချန်က ၎င်း၏ လေသန့်ဘူးများကို ဘေဂျင်းမြို့တွင် မိတ်ဆက်ဝေငှခဲ့သည်။

“မြို့တော်ဝန်တွေ၊ နိုင်ငံအကြီးအကဲတွေနဲ့ ကုမ္ပဏီကြီးတွေရဲ့ ပိုင်ရှင်တွေကို ကျွန်တော် ပြောချင်တယ်။ ဝင်ငွေတိုးဖို့အတွက်ချည်း လုပ်မနေကြပါနဲ့။ ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်ကို ထိခိုက်ခံပြီး၊ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို စတေးပြီးတော့ အမြတ်အစွန်း ကြီးကြီးရဖို့၊ ဝင်ငွေတိုးဖို့အတွက်သာ မလုပ်ကြပါနဲ့”ဟု ချန်က ပြောကြားလိုက်သည်။ 

ချန်သည် တရုတ်နိုင်ငံတွင် စီးပွားရေးစွန့်ဦး လုပ်ကိုင်တတ်သည့် သန်းကြွယ်သူဌေးတစ်ဦးအဖြစ်သာမက ပရဟိတလုပ်ငန်းများ လုပ်ကိုင်သူအဖြစ်လည်း လူသိများထင်ရှားသည်။

Source: LA Times, Planet Myanmar News:

No comments:

Post a Comment