က လူက ငွေကို လက်ခံ စက်နဲ့ ရေ စာအုပ်ထဲကို သွင်း နောက်တော့ အဲ ဘဏ်စာအုပ်ဟာ တစ်စားပွဲကနေ တစ်စားပွဲကို ကူး တုံးတွေထု နဲ့ နောက်ဆုံး ကိုယ့်ဆီပြန်ရောက်လာတော့ ကြည့်လိုက်တဲ့ အခါ ၈ သိန်းပဲ ရေး
ထားတာကို အံ့သြစွာ တွေ့လိုက်ရတယ်။ အဲဒါနဲ့ ချက်ချင်း တာဝန်ခံကို သွားပြောတော့ တာဝန်ခံက.............
"ဟာ ....ဒီဘဏ်စာအုပ်က သေနေပြီပဲ။ အသစ်လဲရမှာပေါ့။" တဲ့
"အဲဒါဆို ကျွန်တော့ကို ခင်ဗျားတို့ အစက ဘာလို့ မပြောသလဲနောက် ကျွန်တော် အပ်တာ (((သိန်း ၈၀))) ပဲ
ဘာလို့ (((၈ သိန်း)))ထဲ ရေးသလဲဒါကို ကျွန်တော်က မကြည့်မိဘဲ အပြင်ထွက်ပြီးမှသာ သိရင် သွားပြီပေါ့။" လို့ ပြောလိုက်တော့"ခင်ဗျား စာအုပ်ကြီးက သေနေတာပဲဟာ" တဲ့။
**သေနေတဲ့ စာအုပ်မှန်း ဘဏ်ဝန်ထမ်းတွေက မသိပဲ နေမတဲ့လား**သိရင် ဘာလို့ သေနေတာကို အသိမ
ပေးဘဲ ငွေတွေ ရေးသွင်းသလဲ
**သိန်း ၈၀ ရေးတာသုညတစ်လုံးကျန်ခဲ့ပါတယ် ဆိုရင်တောင် အင်္ဂလိပ်လို Eighty Lakhs လို့ ဘာလို့ မရေး
သလဲ
** သိန်း ၈၀ နဲ့ ၈ သိန်းကြားက ကွာဟချက် ၇၂ သိန်းက ဘယ်ရောက်သွားမှာလဲ
မန်နေဂျာနဲ့ဝင်တွေ့ပြီးအကျိုးအကြောင်း ပြောမလို့လုပ်ပေမယ့်မန်နေဂျာကဧည့်သည်တွေနဲ့ စကားပြောနေ
တာက တကြောင်း ကိုယ်ကလည်း အချိန် လောနေတာက တကြောင်းကြောင့် မတွေ့ဖြစ်ခဲ့ဘူး။
နောက်ဆုံး ကိုယ့်ပိုက်ဆံထုပ် ကိုယ်ပိုက်ပြီး ပုဂ္ဂလိက ဘဏ်ကို ချီတက်ခဲ့ပါတော့တယ်။
(ယောက်ျားလုပ်သူ၏ ကိုယ်တွေ့ အတွေ့အကြုံအား နောက်လူများ မခံရစေရန် တင်ပြခြင်းသာ ဖြစ်ပါသည်။ သတိ ရှိကြပါကုန်.........။)
No comments:
Post a Comment