Sunday, February 24, 2013
၂၂-၂-၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန် မကွေးတိုင်းဒေသကြီး၊စလင်းမြို့နယ်၊ကျွဲဦးကျေးရွာ၏အနောက်ဘက်
(၁)မို င်ခန့်အကွာ ကြက်သမနှီးဖျာစခန်း၌ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ စလင်းမြို့နယ်ရဲတပ်ဖွဲ့
မှူးနှင့်  လင်းဇင်းရဲစခန်းတပ်ဖွဲဝင်များမှ ၂၃-၂-၂၀၁၃ ရက်နေ့၀၈၃၀အချိန် အခင်းဖြစ်အရပ်သို့ သွားရောက်
စစ်ဆေးခဲ့ရာ နှီးဖျာစခန်းမှ ငလှိုင်တွင်းရွာနေ ကျော်ဆွေ(၄၃)နှစ်နှင့် ၄င်း၏ဇနီးဖြစ်သူ မစန်းမော်(၃၂)နှစ်တို့ လင်မယားအ
ချင်းချင်း စကားများရာ အရက်အလွန်အကျွံသောက်စားထားသည့် ခင်ပွန်းဖြစ်သူ ကျော်ဆွေမှ ဇနီးဖြစ်သူ
မစန်းမော်အား
အရှည်(၁၈)လက်မခန့်ရှိ ၀ါးခုတ်ဓါးမဖြင့်ခုတ်သဖြင့် မစန်းမော်တွင်
ယာလက်ဖျံပြတ်ရှဒဏ်
ရာ(၁)ချက်၊ ဦးခေါင်းငယ်ထိပ်ပြတ်ရှဒဏ်ရာ(၁)ချက်၊ လည်ဂုတ်ပြတ်လုနီးပါးဓါးဒဏ်(၁)ချ က်တို့ ရရှိသေဆုံး
ခဲ့ကြောင်း စစ်ဆေးတွေ့ခဲ့သည်။
သေဆုံးသူ မစန်းမော်၏အစ်ကိုဖြစ်သူ ကိုကျော်အောင်မှ လင်းဇင်းရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့
သဖြင့် လင်းဇင်းရဲစခန်း(ပ)၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရ
ရှိသည်။
RND: 24.2.2013
ရဲဇာနည်

No comments:
Post a Comment