Pages

Pages - Menu

Monday, February 25, 2013

မန္တလေး တိုင်းရင်းသားဒီဂရီ ကောလိပ်ကျောင်းသားတွေ၊ ၈၈ ကျောင်းသားတွေနဲ့ ပူးတွဲ သတင်းစာရှင်း

ရွှေအောင် DVB ၂၄ ဖေဖော်ဝါရီ ၂၀၁၃

မန္တလေးမြို့မှာရှိတဲ့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကို စစ်ကိုင်း၊ရွာသစ်ကြီးသို့ မပြောင်းရွှေ့ဖို့ အဲ့ဒီကျောင်းက ကျောင်းသားတွေနဲ့ ၈၈မျိုး ဆက်ကျောင်းသားတွေ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ 

၇န်ကုန်မြို့၊သက င်္န်းကျွန်းမြို့နယ်၊သုမင်္ဂလာလမ်းမှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားများရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ဒီနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊

မန္တလေးတိုင်းရင်းသားဒီဂရီကောလိပ်ကျောင်းသားတွေဟာ ကျောင်းမပြောင်းဖို့ ၂၀၁၂ခုနှစ် နိုဝင်ဘာ လထဲမှာ ကျောင်းတွင်းညအိပ်ပြီးဆန္ဒပြခဲ့ကြရာမှာ သက်ဆိုင်ရာဝန်ကြီးက လာရောက်ညှိနှိုင်း ဖြေရှင်း ပေးခဲ့ပြီး၊ အခုတော့ အဲ့ဒီတုန်းက ကတိရှိခဲ့တဲ့အတိုင်း မလုပ်ပေးလို့  အခုလို သတင်းစာရှင်းလင်းပွဲ လုပ် ရတာလို့ တိုင်းရင်းသား ဒီဂရီကောလိပ်ကျောင်းသား ကိုလှထွန်းက ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးတိုင်းရင်းသားဒီဂရီကောလိပ် နေရာမပြောင်းဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား တွေရဲ့ သဘောထားအမြင်ကိုလဲ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ 

ပြောင်းရွှေ့ခံရတဲ့ ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ရက်နေ့ ညနေပိုင်းက စစ်ကိုင်း ရွာသစ်ကြီး ပြည်ထောင်စု တိုင်းရင်းသားများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကနေ မန္တလေး၊ အမရပူရမြို့နယ် နတ်ရေကန် ကျေးရွာမှာရှိတဲ့ ဒီဂရီ ကောလိပ် နေရာကို ခြေလျင် ချီတက်ပြောင်းရွှေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကောလိပ်ဟာ မူလက နယ်စပ်ရေးရာ ၀န်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိခဲ့ပြီး၊ အခုအခါ ပညာရေးဝန်ကြီးဌာနလက်အောက်ကို လွှဲပြောင်း ထား တယ်လို့သိရပါတယ်။ ဆန္ဒပြကျောင်းသားတွေကတော့ မန္တလေးက ဒီဂရီကောလိပ်မှာ တက်ရောက်သင်ကြားခွင့် ရရှိတဲ့အထိ ဆောင်ရွက်သွားမယ်လို့ ပြောဆိုသွားပါတယ်။

ရွှအောင် DVB ၂၄ ဖေဖော်ဝါရီ ၂၀၁၃

DVB TV News

No comments:

Post a Comment