Pages

Pages - Menu

Wednesday, February 27, 2013

မင်းပြားမြို့ နယ် ၊ တရဂူ(ရွာဟောင်း)တွင် လူ(၆)ယောက် သေဆုံးဒဏ်ရာရစေသည့် လူသတ်မှုဖြစ်ပွား

မင်းပြားမြို့ နယ် ၊ တရဂူ(ရွာဟောင်း)တွင် လူ(၆)ယောက် သေဆုံးဒဏ်ရာရစေသည့် လူသတ်မှုဖြစ်ပွား

မာရုသူရ (လေးမြို့ သတင်းမီဒီယာ)Monday, February 25, 2013
ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ ကျွဲချိုအုပ်စု ၊ တရဂူ(ရွှာဟောင်း)တွင် ယနေ့ နံနက်(၇)နာရီခန့် က စိတ်မနှံသူတစ်ဦး၏သတ်ဖြတ်မှုကြောင့် သူ့ မိဘအပါင်အ၀င် လူ(၆)ယောက် သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အခင်းဖြစ်ပွားပုံမှာ တရဂူရွာဟောင်းတွင်ယနေ့ နံနက်(၇)နာရီခန့် က ချင်းတိုင်းရင်းသားတို့ ၏
ရိုးရာနတ်ကနားပွဲကျင်းပနေစဉ် စိတ်မနှံသူ မောင်မြထွန်း (တရားခံ)က စိတ်ဖေါက်ပြန်ကာ နတ်ကနားပွဲအတွင်းသို့  ၀င်ရောက်လာပြီး နတ်ကနားပွဲမှ နီးစပ်ရာလူများအား သူ့ နှင့်အတူ ပါလာသော
ဓါးရှည်ဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။ထိုခုတ်သတ်မှုကြောင့် သူ့ မိခင်(တရားခံမောင်မြထွန်း၏မိခင်)
အပါအ၀င် လူ(၅)ယောက်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။ထိုဒဏ်ရာသူများအား မင်းပြားမြို့ ၊ ပြည်သူ့ ဆေးရုံကြီးသို့ နံနက်(၁၀)နာရီခန့် လောက်တွင်
ရွာလူကြီးများနှင့်အတူ ရွာသားများက ဆေးရုံသို့ ယူဆောင်လာခဲ့ကြောင်း သိရသည်။သို့ သော်လည်း
ဒဏ်ရာအပြင်းထန်ရရှိသူ(၃)ဦးအားယခုအခါစစ်တွေဆေးရုံသို့ အချိန်မီပို့ ဆောင်နိုင်ရန် ပြင်ဆင်လျှက်
ရှိကြောင်း ဆေးရုံတာဝန်ရှိသူများ၏ပြောကြားချက်အရသိရပါသည်။
အခင်းဖြစ်ပွားမှုကြောင့် သေဆုံး၊ဒဏ်ရာရရှိစာရင်း
----------------------------------------------------
သေဆုံးသူ - ဦးဖိုးမြင့် (အသက်-၅၁)နှစ်- (ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)


ဒဏ်ရာရသူများ - (၁)ဦးကျော်သန်း(အသက်-၅၂)နှစ်-(ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၂)ဒေါ်မချော-တရားခံ၏မိခင်(အသက်-၆၀)နှစ်-( ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၃)ဒေါ်မသန်းမြ(အသက်-၅၂)နှစ်- (ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၄)ဒေါ်မကြာ(အသက်-၅၅)နှစ်- (ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၅)စောယဉ်စိန်-နတ်ကတော် ( အသက်-ရ၈)နှစ်-(ရခိုင်တိုင်းရင်းသား -မင်းပြား)
ယခုအခါ စိတ်မနှံသူတရားခံ မောင်မြထွန်းအား မင်းပြား ၊ပြည်သူ့ ရဲတပ်ဖွဲ့ မှ ဖမ်းဆီးထိန်းချုပ်ထားကြောင်း
သိရသည်။

http://maruthura.blogspot.com/2013/02/blog-post_1925.html

အေးချမ်းမွန်မှ  Share Arakan News တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ ကျွဲချိုအုပ်စု ၊ တရဂူ(ရွှာဟောင်း)တွင် ယနေ့ နံနက်(၇)နာရီခန့် က စိတ်မနှံ
သူတစ်ဦး၏သတ်ဖြတ်မှုကြောင့် သူ့ မိဘအပါင်အ၀င် လူ(၆)ယောက် သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရ
သည်။အခင်းဖြစ်ပွားပုံမှာ
တရဂူရွာဟောင်းတွင်ယနေ့ နံနက်(၇)နာရီခန့် က ချင်းတိုင်းရင်းသားတို့ ၏ရိုးရာနတ်ကနားပွဲကျင်းပနေစဉ်
စိတ်မနှံသူ မောင်မြထွန်း (တရားခံ)က စိတ်ဖေါက်ပြန်ကာ နတ်ကနားပွဲအတွင်းသို့  ၀င်ရောက်လာပြီး နတ်က
နားပွဲမှ နီးစပ်ရာလူများအား သူ့ နှင့်အတူ ပါလာသောဓါးရှည်ဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။

ထိုခုတ်သတ်မှုကြောင့် သူ့ မိခင်(တရားခံမောင်မြထွန်း၏မိခင်)အပါအ၀င် လူ(၅)ယောက်မှာ ဒဏ်ရာအပြင်း
အထန်ရရှိခဲ့ပြီး တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

ထိုဒဏ်ရာသူများအားမင်းပြားမြို့ ၊ ပြည်သူ့ ဆေးရုံကြီးသို့ နံနက်(၁၀)နာရီခန့် လောက်တွင်ရွာလူကြီးများနှင့်
အတူ ရွာသားများက ဆေးရုံသို့ ယူဆောင်လာခဲ့ကြောင်း သိရသည်။သို့ သော်လည်းဒဏ်ရာအပြင်းထန်ရရှိ
သူ(၃)ဦးအားယခုအခါစစ်တွေဆေးရုံသို့ အချိန်မီပို့ ဆောင်နိုင်ရန် ပြင်ဆင်လျှက်ရှိကြောင်း ဆေးရုံတာဝန်ရှိ
သူများ၏ပြောကြားချက်အရသိရပါသည်။

အခင်းဖြစ်ပွားမှုကြောင့် သေဆုံး၊ဒဏ်ရာရရှိစာရင်း
----------------------------------------------------
သေဆုံးသူ - ဦးဖိုးမြင့် (အသက်-၅၁)နှစ်- (ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)


ဒဏ်ရာရသူများ - (၁)ဦးကျော်သန်း(အသက်-၅၂)နှစ်-(ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၂)ဒေါ်မချော-တရားခံ၏မိခင်(အသက်-၆၀)နှစ်-( ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၃)ဒေါ်မသန်းမြ(အသက်-၅၂)နှစ်- (ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၄)ဒေါ်မကြာ(အသက်-၅၅)နှစ်- (ချင်းတိုင်းရင်းသား-တရဂူရွာဟောင်း)
(၅)စောယဉ်စိန်-နတ်ကတော် ( အသက်-ရ၈)နှစ်-(ရခိုင်တိုင်းရင်းသား -မင်းပြား)
ယခုအခါ စိတ်မနှံသူတရားခံ မောင်မြထွန်းအား မင်းပြား ၊ပြည်သူ့ ရဲတပ်ဖွဲ့ မှ ဖမ်းဆီးထိန်းချုပ်ထားကြောင်း
သိရသည်။


မာရုသူရ (လေးမြို့ သတင်းမီဒီယာ)
RND: 27.2.2013
Arakan News

No comments:

Post a Comment