မြန်မာတစ်ပြည်လုံးတွင် စာပေ ဖတ်ရှုမှု စွမ်းရည်စွမ်းအားများ လျော့ ကျနေပြီး
သီချင်းဆိုခြင်း၊ ကခြင်း၊ တီးမှုတ်ခြင်းများပါဝင်နေ သည့် ဖျော် ဖြေမှု
(အင်တာတိန်းမန့်) ပါဖောမန့် ပါသည့်အရာများကို ပိုမိုအာရုံစိုက်
ခုံမင်လာနေကြသည်ဟု စာရေးဆရာချစ်ဦးညိုက သုံးသပ်ပြောပြသည်။
”ဖဿရသ၊သင်္ခါရ ရသ စသည် အားဖြင့်အပျော်နဲ့ ကြည်နူးရတဲ့ အင်တာ တိန်းမန့်ဘက်မှာ
ပိုပြီးတော့ အာ ရုံစိုက်လာကြတယ်။ စာဖတ်၊ စာရေး ဆိုတဲ့ ရသက
ကိုယ်တိုင်ထုတ်လုပ်ရ တာ။ ဒီအပေါ်မှာ အင်တာတိန်းမန့် ဘာမှမရှိ ဘူး။
အဲဒီအပေါ်မှာ အာရုံ လျော့တာ။ တစ်ပြည်လုံးအတိုင်း အတာအနေနဲ့ကို စာဖတ်အား အင်
မတန်လျော့နေပါတယ်၊ နည်းနေပါ တယ်။
စာကြည့်တိုက်ပေါင်း ငါး သောင်းငါး
ထောင်ကျော်ရှိပါတယ်။ ဒါပေမဲ့ တကယ်အသက်ဝင်နေတဲ့ စာကြည့်တိုက်ပေါင်းက
တစ်သောင်း ဝန်း ကျင်လောက်ပဲ ရှိပါတယ်။ ဒါဟာ စာကြည့် တိုက်ေ ဖာင်ဒေးရှင်းက
တာ ဝန်ရှိသူ တွေကိုယ်တိုင်က ပြောတာ ပါ။ စာဖတ် အားနည်းခြင်း၊ စာပေမှာ
စိတ်ဝင်စားမှုနည်းနေခြင်းက သိပ် မကောင်းဘူး။ အရည်အချင်းတွေ ပြည့်လာဖို့
စာဖတ်ရမယ်” ဟု ဆရာ ချစ်ဦးညိုကရှင်းပြသည်။
မြန်မာ နိုင်ငံတွင် နယ်ပယ်အသီးသီးများရှိ တကယ် ထူးချွန်ထက်မြက်နေ သည့်
ပုဂ္ဂိုလ်တိုင်းသည် စာကို အပတ် တကုတ်ဖတ်ရှု လေ့လာခဲ့သူ များဖြစ် ကြောင်း
ဆရာချစ်ဦးညိုက သုံးသပ် ပြောသည်။
“စာဖတ်တဲ့ သူတွေဟာ ဂျာနယ် နဲ့
မဂ္ဂဇင်းပေါ့။ ဂျာနယ်လေးငါး စောင်နဲ့ မဂ္ဂဇင်းသုံးလေးအုပ်လောက် ဖတ်ပြီးတော့
ဒါကို စာဖတ်တာလို့ မခေါ်ဘူး။ သိချင်လို့ စာကြည့်တယ် ဆိုတာပဲရှိတယ်။
စာဖတ်တယ်ဆိုတာ က ဘာသာ ရပ်တစ်ခုကို ပိုင်းခြားပြီး တော့ ဘာဝါသနာပါလဲ၊ အဲဒီ
ဝါ သနာပါတာ၊ ဆန္ဒရှိတာကို ပိုင်းခြား ပြီးတော့ စာအုပ်အနေနဲ့ ဖတ်မှ
စာဖတ်တာလို့ခေါ်တာ။
အဲဒီတော့ စာကြည့်တိုက်တွေကိုလည်း ပုံစံ ပြောင်းသင့်တယ်။
ဒါထက် ပိုပြီးတော့ ပြည်သူတွေနဲ့ ထိတွေ့အောင်၊ နောက်တစ်ခုက ဒီနေ့တော့ ပြည်
သူ အားလုံးက စာဖတ်လာကြပါပြီ။ သို့ပေမယ့် ဂျာနယ် ဖတ်ရုံ၊ မဂ္ဂဇင်း လှန်ရုံနဲ့
စာဖတ်သူ တစ်ယောက်လို့ မခေါ်နိုင်ပါဘူး။ အားလုံးလိုလို ဖတ်နေ ကြတာပါ။
နောက်တစ်ခါ ထုတ် ဝေသူတွေအပိုင်းကလည်း စာဖတ်သူ တွေ လက်လှမ်းမီနိုင်တဲ့
ဈေးနှုန်းနဲ့ စာအုပ်တွေထုတ်ပြီးရောင်းချ၊ ဖြန့် ချိဖို့လို တယ်။
ပျံ့နှံ့ဖို့လိုတယ်။ အခု ဟာက စာအုပ်လောကမှာ ရေးတာ က ရေးကြ တယ်။ စာအုပ်တွေ
ထွက် တာလည်းထွက်တယ်။
သို့သော် ဖြန့် ချိရေးစနစ်က အတော်ကို ဒုက္ခပေး တယ်။
နည်းလမ်းရှာနေပေမယ့် အခု ထိနည်းလမ်းကောင်းတွေ မတွေ့သေးဘူး။ အဲဒါကြောင့်
စာအုပ်ဈေး ပွဲတော်တွေ လုပ်တယ်။ လျှော့ဈေး ၃ဝ၊ ၄ဝ ရာခိုင်နှုန်းတွေ လုပ်
တယ်။ ရောင်းတယ်ဆိုတာ များများပျံ့နှံ့စေ ချင်လို့။ အခုတော့ အရှိန်ရ စပြုလာ
ပြီလို့ပြော မယ်။ နောက်တစ်ခု ဒီ ယန္တရားကြီးအဆင် ပြေချောမွေ့ သွား ဖို့အတွက်
အစိုးရပေါ့။
သက်ဆိုင်ရာ ဝန်ကြီးဌာနမှာ ပါဝင်လုပ်ကိုင်နေ တဲ့ ပုဂ္ဂိုလ်များက
ဒါကို သူတို့ကိုယ်တိုင် ပါဝင်ပြီးတော့ လှုပ်ရှားပေးဖို့လို အပ်ပါတယ်” ဟု
ဆရာချစ်ဦးညိုက ရှင်းပြသည်။
ထက်လူလူ
RND: 18.2.2013
မြန်မာတစ်ပြည်လုံးတွင် စာပေ ဖတ်ရှုမှု စွမ်းရည်စွမ်းအားများ လျော့ ကျနေပြီး
သီချင်းဆိုခြင်း၊ ကခြင်း၊ တီးမှုတ်ခြင်းများပါဝင်နေ သည့် ဖျော် ဖြေမှု
(အင်တာတိန်းမန့်) ပါဖောမန့် ပါသည့်အရာများကို ပိုမိုအာရုံစိုက်
ခုံမင်လာနေကြသည်ဟု စာရေးဆရာချစ်ဦးညိုက သုံးသပ်ပြောပြသည်။
”ဖဿရသ၊သင်္ခါရ ရသ စသည် အားဖြင့်အပျော်နဲ့ ကြည်နူးရတဲ့ အင်တာ တိန်းမန့်ဘက်မှာ
ပိုပြီးတော့ အာ ရုံစိုက်လာကြတယ်။ စာဖတ်၊ စာရေး ဆိုတဲ့ ရသက
ကိုယ်တိုင်ထုတ်လုပ်ရ တာ။ ဒီအပေါ်မှာ အင်တာတိန်းမန့် ဘာမှမရှိ ဘူး။
အဲဒီအပေါ်မှာ အာရုံ လျော့တာ။ တစ်ပြည်လုံးအတိုင်း အတာအနေနဲ့ကို စာဖတ်အား အင်
မတန်လျော့နေပါတယ်၊ နည်းနေပါ တယ်။
စာကြည့်တိုက်ပေါင်း ငါး သောင်းငါး
ထောင်ကျော်ရှိပါတယ်။ ဒါပေမဲ့ တကယ်အသက်ဝင်နေတဲ့ စာကြည့်တိုက်ပေါင်းက
တစ်သောင်း ဝန်း ကျင်လောက်ပဲ ရှိပါတယ်။ ဒါဟာ စာကြည့် တိုက်ေ ဖာင်ဒေးရှင်းက
တာ ဝန်ရှိသူ တွေကိုယ်တိုင်က ပြောတာ ပါ။ စာဖတ် အားနည်းခြင်း၊ စာပေမှာ
စိတ်ဝင်စားမှုနည်းနေခြင်းက သိပ် မကောင်းဘူး။ အရည်အချင်းတွေ ပြည့်လာဖို့
စာဖတ်ရမယ်” ဟု ဆရာ ချစ်ဦးညိုကရှင်းပြသည်။
မြန်မာ နိုင်ငံတွင် နယ်ပယ်အသီးသီးများရှိ တကယ် ထူးချွန်ထက်မြက်နေ သည့် ပုဂ္ဂိုလ်တိုင်းသည် စာကို အပတ် တကုတ်ဖတ်ရှု လေ့လာခဲ့သူ များဖြစ် ကြောင်း ဆရာချစ်ဦးညိုက သုံးသပ် ပြောသည်။
“စာဖတ်တဲ့ သူတွေဟာ ဂျာနယ် နဲ့ မဂ္ဂဇင်းပေါ့။ ဂျာနယ်လေးငါး စောင်နဲ့ မဂ္ဂဇင်းသုံးလေးအုပ်လောက် ဖတ်ပြီးတော့ ဒါကို စာဖတ်တာလို့ မခေါ်ဘူး။ သိချင်လို့ စာကြည့်တယ် ဆိုတာပဲရှိတယ်။ စာဖတ်တယ်ဆိုတာ က ဘာသာ ရပ်တစ်ခုကို ပိုင်းခြားပြီး တော့ ဘာဝါသနာပါလဲ၊ အဲဒီ ဝါ သနာပါတာ၊ ဆန္ဒရှိတာကို ပိုင်းခြား ပြီးတော့ စာအုပ်အနေနဲ့ ဖတ်မှ စာဖတ်တာလို့ခေါ်တာ။
မြန်မာ နိုင်ငံတွင် နယ်ပယ်အသီးသီးများရှိ တကယ် ထူးချွန်ထက်မြက်နေ သည့် ပုဂ္ဂိုလ်တိုင်းသည် စာကို အပတ် တကုတ်ဖတ်ရှု လေ့လာခဲ့သူ များဖြစ် ကြောင်း ဆရာချစ်ဦးညိုက သုံးသပ် ပြောသည်။
“စာဖတ်တဲ့ သူတွေဟာ ဂျာနယ် နဲ့ မဂ္ဂဇင်းပေါ့။ ဂျာနယ်လေးငါး စောင်နဲ့ မဂ္ဂဇင်းသုံးလေးအုပ်လောက် ဖတ်ပြီးတော့ ဒါကို စာဖတ်တာလို့ မခေါ်ဘူး။ သိချင်လို့ စာကြည့်တယ် ဆိုတာပဲရှိတယ်။ စာဖတ်တယ်ဆိုတာ က ဘာသာ ရပ်တစ်ခုကို ပိုင်းခြားပြီး တော့ ဘာဝါသနာပါလဲ၊ အဲဒီ ဝါ သနာပါတာ၊ ဆန္ဒရှိတာကို ပိုင်းခြား ပြီးတော့ စာအုပ်အနေနဲ့ ဖတ်မှ စာဖတ်တာလို့ခေါ်တာ။
အဲဒီတော့ စာကြည့်တိုက်တွေကိုလည်း ပုံစံ ပြောင်းသင့်တယ်။
ဒါထက် ပိုပြီးတော့ ပြည်သူတွေနဲ့ ထိတွေ့အောင်၊ နောက်တစ်ခုက ဒီနေ့တော့ ပြည်
သူ အားလုံးက စာဖတ်လာကြပါပြီ။ သို့ပေမယ့် ဂျာနယ် ဖတ်ရုံ၊ မဂ္ဂဇင်း လှန်ရုံနဲ့
စာဖတ်သူ တစ်ယောက်လို့ မခေါ်နိုင်ပါဘူး။ အားလုံးလိုလို ဖတ်နေ ကြတာပါ။
နောက်တစ်ခါ ထုတ် ဝေသူတွေအပိုင်းကလည်း စာဖတ်သူ တွေ လက်လှမ်းမီနိုင်တဲ့
ဈေးနှုန်းနဲ့ စာအုပ်တွေထုတ်ပြီးရောင်းချ၊ ဖြန့် ချိဖို့လို တယ်။
ပျံ့နှံ့ဖို့လိုတယ်။ အခု ဟာက စာအုပ်လောကမှာ ရေးတာ က ရေးကြ တယ်။ စာအုပ်တွေ
ထွက် တာလည်းထွက်တယ်။
သို့သော် ဖြန့် ချိရေးစနစ်က အတော်ကို ဒုက္ခပေး တယ်။
နည်းလမ်းရှာနေပေမယ့် အခု ထိနည်းလမ်းကောင်းတွေ မတွေ့သေးဘူး။ အဲဒါကြောင့်
စာအုပ်ဈေး ပွဲတော်တွေ လုပ်တယ်။ လျှော့ဈေး ၃ဝ၊ ၄ဝ ရာခိုင်နှုန်းတွေ လုပ်
တယ်။ ရောင်းတယ်ဆိုတာ များများပျံ့နှံ့စေ ချင်လို့။ အခုတော့ အရှိန်ရ စပြုလာ
ပြီလို့ပြော မယ်။ နောက်တစ်ခု ဒီ ယန္တရားကြီးအဆင် ပြေချောမွေ့ သွား ဖို့အတွက်
အစိုးရပေါ့။
သက်ဆိုင်ရာ ဝန်ကြီးဌာနမှာ ပါဝင်လုပ်ကိုင်နေ တဲ့ ပုဂ္ဂိုလ်များက
ဒါကို သူတို့ကိုယ်တိုင် ပါဝင်ပြီးတော့ လှုပ်ရှားပေးဖို့လို အပ်ပါတယ်” ဟု
ဆရာချစ်ဦးညိုက ရှင်းပြသည်။
ထက်လူလူ
RND: 18.2.2013
No comments:
Post a Comment