Pages

Pages - Menu

Wednesday, February 20, 2013

တပ်မတော်နဲ့ ပါတ်ီတွေ တိုင်ပင်လုပ်ကိုင်ရင် တိုးတက်မှုရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်တွေ နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တွေ
့ဆုံပြီး နွေးနွေးထွေးထွေး တိုင်ပင်ဆောင်ရွက်ရင်တိုင်းပြည်တိုးတက်မှာ ဖြစ်တယ်လို့ဒီကနေ့ ထပ်မံပြောကြား
 လိုက်ပါတယ်။ RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ယခု လတ်
တလောမှာ သူနဲ့တပ်မတော်ခေါင်းဆောင်တွေ တွေ့ဆုံဖို့ဖြစ်နိုင်ကြောင်း သတင်းထွက်နေတာနဲ့ ပတ်
သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့တာပါ။


တဆက်တည်းမှာပဲ လွတ်တော်အမတ်တွေ မေးမြန်းတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တိတိကျကျ
ဖြေကြားခြင်းမရှိခဲ့တာနဲ့ ပတ်သက်ပြီးသူမရဲ့သဘောထားကို မေးမြန်းရာမှာတော့ ပြည်ထောင်စု လွတ်တော်
နာယက ဦးခင်အောင်မြင့်က ဒီကိစ္စအတွက် တိုက်တွန်းပြောဆိုခဲ့ပြီးနောက်ပိုင်းမှာ သက်ဆိုင်ရာဝန်ကြီးဌာ
နတွေရဲ့ ပြန်လည်ဖြေကြားချက်တွေဟာ တိုးတက်လာကြောင်းနဲ့ လွှတ်တော်သက်တမ်း နုနယ်သေးတဲ့အ
တွက် လုပ်ထုံးလုပ်နည်းတွေနဲ့ စိမ်းနေတာကြောင့် ခုလိုပေါ်ပေါက်ခဲ့တာဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်း
စုကြည်က ပြောဆိုပါတယ်။
 
RND: 20.2.2013
RFA Burmese
 

No comments:

Post a Comment