ဒါဟာ နှစ်ပေါင်း ၆၀၀ အတွင်း
ပုပ်ရဟန်းမင်းတစ်ပါးက ရာထူးမှနုတ်ထွက်မယ်ဆိုတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
"စိတ်နဲ့ခန္ဒာကိုယ်ခွန်အားက အရေးကြီးပါတယ်၊ လွန်ခဲ့တဲ့ လအနည်းငယ်ကစပြီး
ကျနော်ရဲ့ ကျန်းမာရေးဟာ သိပ်မကောင်းတော့ဘဲ အဖွဲ့အစည်းရဲ့တာဝန်တွေကို
အပြည့်အ၀ မဖြည့်ဆည်းနိုင်တော့မှန်း သိလာခဲ့ရပါတယ်" ဟု အသက် ၈၅
နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်း Benedict က ပြောသွားခဲ့ပါတယ်။
ဒီသတင်းကြောင့် မည်သူက ပုပ်ရဟန်းမင်းအသစ် ဖြစ်လာမယ်၊ ဘယ်သူ့ကို
အစားထိုးလိမ့်မယ် စတဲ့ ခန့်မှန်းပြောဆိုချက်တွေက ကက်သလစ်
ခရစ်ယာန်ဘာသာဝင်များ အကြားမှာ အပြောများနေကြပါတယ်။ ပုပ်ရဟန်းမင်းအသစ်ကို
ခန့်အပ်မဲ့ကိစ္စကို ဖေဖေါ်ဝါရီလ ၂၈ ရက် ည ၈ နာရီမှာ တာဝန်မှအနားယူမယ့် Pope
Benedict XVI က ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ ရောမမြို့က ဗာတီကန်ဌာနချုပ်မှ
ပြောပါတယ်။ ဒါပေမဲ့ သူရဲ့သြဇာလွမ်းမိုးမှု ရှိနေအုံးမယ်ဆိုတာ မလွှဲပါဘူး။
Benedict က ခရစ်ယာန်ဘုန်းတော်ကြီး (Cardinal) ၁၁၇ ဦးထဲမှာ ၆၇ ဦးကို
တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ခရစ်ယာန်ဘုန်းတော်ကြီး ၁၁၇ ဦးကသာ
ပုပ်ရဟန်းမင်းအသစ်ကို ဆန္ဒမဲထည့်ရွေးချယ်ခွင့်ရှိပြီး မဲအရေအတွက်
သုံးပုံနှစ်ပုံထက်ပိုရသူက ပုပ်ရဟန်းမင်း ဖြစ်နိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်း အသစ်တစ်ဦးကို လာမယ့်မတ်လ ၃၁ ရက်နေ့ Easter Sunday
ခရစ်ယာန်ပွဲတော် မတိုင်မီမှာ ကြေညာနိုင်မယ်လို့ ဗာတီကန်မှ
ပြောရေးဆိုခွင့်ရှိသူ Federico Lombardi က ပြောသွားပါတယ်။
(Ref; CNN, Feb 11, 2013, Too tired to go on, Pope Benedict resigns)

No comments:
Post a Comment