Pages

Pages - Menu

Wednesday, February 27, 2013

လူအများအား အံ့အားသင့်စေခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Benedict XVI အနားယူတော့မည့်သတင်း

ပုပ်ရဟန်းမင်းကြီး Benedict XVI သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပုပ်ရဟန်းမင်းကြီးအဖြစ်မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အနားယူတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး လူအများအား အံ့အားသင့်စေခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ ၁.၂ ဘီလီယံခန့်ရှိသော ကက်တလစ်ခရစ်ယာန်များ၏ အကြီးအမှူးဖြစ်သူ ပုပ်ရဟန်းမင်းကြီးသည် ကျန်းမာရေး အခြေအနေကြောင့်ဟု အကြောင်းပြုကာ အနားယူတော့မည် ဖြစ်သည်ဟု သိရှိရသည်။

လူနာမည် Joseph Ratzinger ဟု ခေါ်တွင်ပြီး ဂျာမန်လူမျိုးဖြစ်သူ ပုပ်ရဟန်းမင်းကြီးသည် ငယ်စဉ်ဘဝက ဂျာမန်လေတပ် အရန်တပ်ဖွဲ့၌ တာဝန်ထမ်းဆောင် ခဲ့ဖူးပြီး နောက်ပိုင်းတွင် ဘာသာရေးလောကသို့ ကူးပြောင်းကာ ကက်တလစ် ဘုန်းတော်ကြီး ဖြစ်လာခဲ့သည်။

ဂိုဏ်းချုပ်ဘုန်းတော်ကြီး Joseph Ratzinger ပုပ်ရဟန်းမင်းကြီး John Paul II လွန်ပြီးနောက် ၂၀၀၅ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့သည်။

ဗာတီကန်တွင် တာဝန်ထမ်းဆောင်စဲမှ အနားယူခဲ့သည့် နောက်ဆုံး ပုပ်ရဟန်းမင်းကြီးမှာ Gregory XII ဖြစ်ပြီး ၁၄၁၅ တွင် ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး Benedict XVI သည် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း က ဖြစ်ပွားခဲ့သည့် ကမ္ဘာတစ်ဝန်းရှိ ကက်တလစ်ဘုရားကျောင်း အချို့ရှိ ဘုန်းတော်ကြီးများ၏ ရာဇဝတ်ပြစ်မှု ကျူးလွန်မှုများကြောင့် ဝေဖန်မှုများအား ခံခဲ့ရသည်။

ပုပ်ရဟန်းမင်းကြီးအား အနားယူပြီးသည့်နောက်တွင် Pope Benedict XVI အစား Pope Emeritus ဟု အမည်ခေါ်တွင် စေရမည်ဟု ဗာတီကန်က ထုတ်ပြန်ကြေညာခဲ့သည်။
---
Photos: CNN. All Rights Reserved.

အေးချမ်းမွန်မှ Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ပုပ်ရဟန်းမင်းကြီး Benedict XVI သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပုပ်ရဟန်းမင်းကြီးအဖြစ်မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အနားယူတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး လူအများအား အံ့အားသင့်စေခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ ၁.၂ ဘီလီယံခန့်ရှိသော ကက်တလစ်ခရစ်ယာန်များ၏ အကြီးအမှူးဖြစ်သူ ပုပ်ရဟန်းမင်းကြီးသည် ကျန်းမာရေး အခြေအနေကြောင့်ဟု အကြောင်းပြုကာ အနားယူတော့မည် ဖြစ်သည်ဟု သိရှိရသည်။

လူနာမည် Joseph Ratzinger ဟု ခေါ်တွင်ပြီး ဂျာမန်လူမျိုးဖြစ်သူ ပုပ်ရဟန်းမင်းကြီးသည် ငယ်စဉ်ဘဝက ဂျာမန်လေတပ် အရန်တပ်ဖွဲ့၌ တာဝန်ထမ်းဆောင် ခဲ့ဖူးပြီး နောက်ပိုင်းတွင် ဘာသာရေးလောကသို့ ကူးပြောင်းကာ ကက်တလစ် ဘုန်းတော်ကြီး ဖြစ်လာခဲ့သည်။

ဂိုဏ်းချုပ်ဘုန်းတော်ကြီး Joseph Ratzinger ပုပ်ရဟန်းမင်းကြီး John Paul II လွန်ပြီးနောက် ၂၀၀၅ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့သည်။

ဗာတီကန်တွင် တာဝန်ထမ်းဆောင်စဲမှ အနားယူခဲ့သည့် နောက်ဆုံး ပုပ်ရဟန်းမင်းကြီးမှာ Gregory XII ဖြစ်ပြီး ၁၄၁၅ တွင် ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး Benedict XVI သည် ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း က ဖြစ်ပွားခဲ့သည့် ကမ္ဘာတစ်ဝန်းရှိ ကက်တလစ်ဘုရားကျောင်း အချို့ရှိ ဘုန်းတော်ကြီးများ၏ ရာဇဝတ်ပြစ်မှု ကျူးလွန်မှုများကြောင့် ဝေဖန်မှုများအား ခံခဲ့ရသည်။

ပုပ်ရဟန်းမင်းကြီးအား အနားယူပြီးသည့်နောက်တွင် Pope Benedict XVI အစား Pope Emeritus ဟု အမည်ခေါ်တွင် စေရမည်ဟု ဗာတီကန်က ထုတ်ပြန်ကြေညာခဲ့သည်။
---
Photos: CNN. All Rights Reserved.
RND: 27.2.2013
Shwelone

No comments:

Post a Comment