Pages

Pages - Menu

Thursday, January 31, 2013

X2O ဗုံးပေါက်မှု မတရားစွပ်စွဲ အပြစ်ဒဏ်ခံခဲ့ရပြီး ကွယ်လွန်သွားခဲ့တဲ့ ကိုဖြိုးဝေအောင် နဲပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

X2O ဗုံးပေါက်မှု မတရားစွပ်စွဲ အပြစ်ဒဏ်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ကွယ်လွန်သွားပြီဖြစ်သော ကိုဖြိုးဝေအောင်သည် အဆိုပါ ပြစ်မှု့တွင် အမှန်တကယ်ကျူးလွန်သူမဟုတ်ဘဲ အပြစ်ဒဏ်ခံခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီမှာ ၆ နာရီအထိ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမ တွင် ပြုလုပ်မှာ ဖြစ်ကြောင်းသိရပါတယ်။

၂၀၁၀ ခုနှစ် တွင် ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ X2O ရေကစား မဏ္ဍာပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မတရားစွပ်စွဲပြိး သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ချမှတ်ခံရရာမှ ၂၀၁၂ခုနှစ် သြဂုတ်လ ၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ကိုဖြိုးဝေအောင်ထောင်တွင်း၌ လုံလောက်သော ဆေးကုသမှုများမရှိခဲ့ကြောင့် အသည်းကင်ဆာနှင့် အခြားသော နောက်ဆက်တွဲ ရောဂါများခံစားခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။

ထောင်မှ ပြန်လွှတ်လာပြီး ၄င်းကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ဆန္ဒရှိသော်လည်း ပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခု သတင်းစာရှင်းလင်းပွဲကို မကွယ်လွန်ခင်က မှာကြားခဲ့ခြင်းအတိုင်း ကျန်ရစ်သူမိသားစုမှ ပြုလုပ်ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရပါတယ်။

                           
(Source; M-Media, Jan 30, 2013)

X2O ဗုံးပေါက်မှု မတရားစွပ်စွဲ အပြစ်ဒဏ်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ကွယ်လွန်သွားပြီ
ဖြစ်သော ကိုဖြိုးဝေအောင်သည် အဆိုပါ ပြစ်မှု့တွင် အမှန်တကယ်ကျူးလွန်သူမဟုတ်ဘဲ အပြစ်ဒဏ်ခံခဲ့
ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီမှာ ၆ နာရီ
အထိ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမ တွင် ပြုလုပ်မှာ ဖြစ်ကြောင်းသိရပါတယ်။
၂၀၁၀ ခုနှစ် တွင် ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ X2O ရေကစား မဏ္ဍာပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မတရား
စွပ်စွဲပြိး သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ချမှတ်ခံရရာမှ၂၀၁၂ခုနှစ် သြဂုတ်လ ၃ရက်
နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ကိုဖြိုးဝေအောင်ထောင်တွင်း၌ လုံ
လောက်သော ဆေးကုသမှုများမရှိခဲ့ကြောင့် အသည်းကင်ဆာနှင့် အခြားသော နောက်ဆက်တွဲ ရောဂါများ
ခံစားခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။

ထောင်မှ ပြန်လွှတ်လာပြီး ၄င်းကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်ဆန္ဒရှိသော်လည်း ပြုလုပ်နိုင်ခဲ့

ခင်းမရှိဘဲ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခု သတင်းစာရှင်းလင်းပွဲကို မကွယ်လွန်ခင်က မှာကြားခဲ့ခြင်း
အတိုင်း ကျန်ရစ်သူမိသားစုမှ ပြုလုပ်ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိ
ရပါတယ်။


  M-Media

No comments:

Post a Comment