Pages

Pages - Menu

Saturday, January 5, 2013

NLD ပညာဒါကျောင်းမှ တာဝန်ခံတစ်ဦးက အမျိုးသမီးငယ်တစ်ဦးကို အလိုမတူ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တဲ့ သတင်းနှင့်ပတ်သက်၍ NLD စုံစမ်းစစ်ဆေးနေပြီ

ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားသည့်ကိစ္စနှင့်ပတ်သက်၍ ကာယကံရှင် အမျိုးသားနှင့် အမျိုးသမီးငယ်နှစ်ဦးကို ယင်းတို့၏မိဘများမှလက်ထပ်ပေးရန်စီစဉ်နေကြောင်းNLD သတင်း
ပန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ ဦးကြည်တိုးကပြောသည်။"အွန်လိုင်းမှာ တက်နေတဲ့ NLD က ပြန်ရှင်းတယ်
ဆိုတာတွေက ဟုတ်ပါတယ်။ ရန်ကုန်တိုင်းက တာဝန်ရှိသူတွေနဲ့ သွားပြီးတွေ့ဆုံစစ်ဆေးထားတာတွေပါ။ က
လး မိဘတွေနဲ့လဲ တွေ့ပြီးတော့ ဆွေးနွေးထားပါတယ်။ နောက်ဆုံးတွေ့ရှိချက်တွေပါပဲ။သတင်းမီဒီယာတွေ
သိရအောင် တင်ပြပေးတဲ့သဘောပါ"ဟု ဦးကြည်တိုးကပြောသည်။ NLD ပညာဒါကျောင်းမှ တာဝန်ခံတစ်ဦးကအမျိုးသမီးငယ်တစ်ဦးကိုအလိုမတူအဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်
ဆိုသည့် သတင်း အင်တာနက်စာမျက်နှာအချို့တွင် ယနေ့နံနက်ပိုင်းက ပြန့်နှံ့ခဲ့ပြီးနောက် NLD မှ အောက်
ပါအတိုင်းပြန်လည်ရှင်းလင်းသည်ဆိုသည့် သတင်းများထပ်မံပေါ်ထွက်လာပြန်သည်

၁။ ကောင်မလေးနှင့် အမျိုးသားမှာ သမီးရည်းစားသဘောဖြစ်။
၂။ ၎င်းတို့နှစ်ဦးအား ရုံးခန်းတွင် လူမိသွားရာမှတဆင့် မုဒိန်းမှုကဲ့သို့ ဖြစ်သွားပြီး တိုင်ချက်ဖွင့်သည့် အခြေ
အနေထိ ရှုပ်ထွေးသွား။
၃။ အမျိုးသားမှာ အန်အယ်ဒီအဖွဲ့ဝင်ဟုတ်မဟုတ် စိစစ်နေဆဲ။
၎။ ကောင်မလေးမိဘများက အမျိုးသားအား ရဲစခန်းမှပြန်ထုတ်ရန် ကြိုးစားလျှက်ရှိပြီး၎င်းတို့နှစ်ဦးကိုလက်
ထပ်ပေးရန် စီစဉ်နေ။
၅။ မိဘများနှင့် အန်အယ်ဒီတာဝန်ရှိသူများ တွေ့ဆုံပြီးဖြစ်။
၆။ ပညာဒါနကျောင်းသူမဟုတ်။

အဆိုပါအချက်များကို ဖတ်ရှုကြည့်ပြီးနောက် NLD သတင်းပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ ဦးကြည်တိုးက
ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

ရန်ကုန်တိုင်း NLD အဖွဲ့မှ ဦးလှသိန်းက "ကျွန်တော်တို့ စစ်ဆေးနေပါတယ်။ ကောင်လေးနဲ့ ကောင်မလေး
က ရည်ငံနေကြတယ်လို့သိရပါတယ်။ အမှုဖွင့်ထားတယ်ဆိုတဲ့ကိစ္စအသေးစိပ်ကိုတော့ ထပ်ပြီးစုံစမ်းနေဆဲ
ပါ"ဟုပြောသည်
Popular Myanmar News

No comments:

Post a Comment