Pages

Pages - Menu

Saturday, January 26, 2013

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာအားကစားကွင်းရှေ့ Max Myanmar ကုမ္ပဏီပိုင် ဓာတ်ဆီဆိုင်ဆောက်လုပ်မှု နှင့်ပတ်သတ်ပြီး ဒေသခံများ၏တောင်းဆိုမှုမှန်သမျှလိုက်လျောပေးမည်ဟု ဦးဇော်ဇော်ကပြောကြား

သံသုမာအားကစားကွင်းရှေ့ ဓာတ်ဆီဆိုင်ဆောက်လုပ်မှု ညှိနှိုင်း 

တောင်ဥက္ကလာပမြို့နယ် သံသုမာအားကစားကွင်းရှေ့တွင် Max Myanmar ကုမ္ပဏီပိုင် ဓာတ်ဆီဆိုင် တည်ဆောက်ခြင်းကြောင့် မြင်ကွင်းကွယ်၍ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင် ဦးဆောင်ပြီး ရပ်ကွက်နေ လူထုအချို့က ဆန္ဒပြရန် စီစဉ်ထားမှုမှာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်ကိုယ်တိုင် လာရောက်ညှိနှိုင်းရာ ပြေလည်မှုရရှိသွားကြောင်း သတင်းရရှိသည်။ ဇန်န၀ါရီ ၂၆ ရက်က အဆိုပါမြို့နယ် (၁၃)ရပ်ကွက်ရှိ အောင်မြေလူထုဓမ္မာရုံတွင် ရပ်မိရပ်ဖများနှင့် ဦးဇော်ဇော်က တွေ့ဆုံခဲ့ရာတွင် ရပ်ကွက်မှ တောင်းဆိုသော အချက်ငါးချက်ကို လိုက်လျောပြီးနောက် ပြေလည်မှုရရှိသွားခြင်းဖြစ်သည်။ သံသုမာအားကစားကွင်းအား အဆင့်မြှင့်တင်ရန် ငွေကျပ်သိန်းသုံးရာ မတည်ပေးခြင်း၊ သင်တန်းကျောင်းငယ်တစ်ခု တည်ဆောက်ပေးခြင်း၊ သံသုမာလမ်းမဘက်မှ အ၀င်တံတားလမ်းတစ်ခု ပြုပြင်ပေးခြင်း၊ ကရုဏာ(၅)လမ်းနှင့် (၆)လမ်းကြားရှိ ဖူဆယ်ကွင်းပြုပြင်ရန် ကျပ်သိန်းသုံးဆယ် မတည်ပေးခြင်း၊ ရပ်ကွက်သာရေးနာရေး လူမှုရေးလုပ်ငန်းများအတွက် ငွေပဒေသာပင် မတည်ပေးခြင်း စသည့်အချက်များကို ရပ်ကွက်ဘက်မှ တောင်းဆိုခဲ့ပြီး ဦးဇော်ဇော်မှ လိုက်လျောပေးခဲ့ခြင်းဖြစ်သည်။ မူလက အထက်ပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ဦးဆောင်၍ ဇန်န၀ါရီ ၂၇ ရက်တွင် ဆန္ဒဖော်ထုတ်ရန် တရားဝင်ခွင့်ပြုချက်ရရှိထားပြီဖြစ်သည်။ ဓာတ်ပုံ-ဗိုလ်ဗိုလ်ဝင်း 

******************
Messenger News Journal
ဒေသခံများ၏တောင်းဆိုမှုမှန်သမျှလိုက်လျောပေးမည်ဟု ဦးဇော်ဇော်ဆို
...............................................................................
တောင်ဥက္ကလာပမြို့နယ် သံသုမာအားကစားကွင်းအတွင်း စက်သုံးဆီအရောင်းဆိုင် ဆောက်လုပ်မိခြင်းအတွက် ရပ်ကွက်နေပြည်သူများ ၏ တောင်းဆိုမှုမှန်သမျှ ၊ မည်မျှငွေကြေးကုန်ကျစေကာမူ အကုန်ကျခံဖြည့်ဆည်းပေးမည်ဟု Max Myanmar ကုမ္မဏီ ဥက္ကဌ ဦးဇော်ဇော်ကပြေသည်။
“ဒီလိုလုပ်ပေးတယ်ဆိုတာက ဆီဆိုင်ဆောက်တာနဲ့မဆိုင်ဘူး ကျွန်တော်ကဘောလုံးအဖွဲ့ချုပ်ဥက္ကဌ လည်းဖြစ်တဲ့အပြင် အကုန်လုံးကိုစွန့်လွှတ်ပြီး ဒီဘောလုံးကွင်းကိုပေးဆပ်ထားတာ အခုလူငယ်တွေကစားနေတဲ့ ဘောလုံးကွင်းကို ထိမိတဲ့အတွက်လည်းစိတ်မကောင်းဖြစ်မိတယ် ကျွန်တော်ကိုဒီမှာ မလုပ်နဲ့ထွက်သွားပြောရင်လည်းထွက်သွားမှာပါ ဘောလုံးကွင်းကိုတော့ မြက်လည်းစိုက်ပေးမယ် သတန်းကျောင်းလဲဆောက်ပေးမယ် တခြားလိုအပ်တာတွေရှိရင်လည်းပြောပါ ကျွန်တော်အကုန်ဖြည့်ဆည်းပေးပါမယ်”ဟု ဦးဇော်ဇော်က ရပ်ကွက်နေပြည်သူများအား ယနေ့တွေဆုံစဉ်ပြောကြားခဲ့သည်။

အေးချမ်းမွန်မှ  7Day News Journal  &Messenger News Journalတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

တောင်ဥက္ကလာပမြို့နယ် သံသုမာအားကစားကွင်းရှေ့တွင် Max Myanmar ကုမ္ပဏီပိုင် ဓာတ်ဆီဆိုင် တည်
ဆာက်ခြင်းကြောင့် မြင်ကွင်းကွယ်၍အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်ဦးဆောင်ပြီးရပ်ကွက်
န လူထုအချို့က ဆန္ဒပြရန် စီစဉ်ထားမှုမှာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်ကိုယ်တိုင် လာရောက်ညှိနှိုင်းရာ ပြေ
လည်မှုရရှိသွားကြောင်း သတင်းရရှိသည်။ ဇန်န၀ါရီ ၂၆ ရက်ကအဆိုပါမြို့နယ(၁၃)ရပ်ကွက်ရှိ အောင်မြေလူထုဓမ္မာရုံတွင်ရပ်မိရပ်ဖများနှင့်ဦးဇော်ဇော်
က တွေ့ဆုံခဲ့ရာတွင် ရပ်ကွက်မှ တောင်းဆိုသော အချက်ငါးချက်ကို လိုက်လျောပြီးနောက် ပြေလည်မှုရရှိ
သွားခြင်းဖြစ်သည်။ 
 
သံသုမာအားကစားကွင်းအား အဆင့်မြှင့်တင်ရန် ငွေကျပ်သိန်းသုံးရာ မတည်ပေးခြင်း၊ သင်တန်းကျောင်း
ငယ်တစ်ခု တည်ဆောက်ပေးခြင်း၊ သံသုမာလမ်းမဘက်မှအ၀င်တံတားလမ်းတစ်ခု ပြုပြင်ပေးခြင်း၊ ကရုဏာ
(၅)လမ်းနှင့် (၆)လမ်းကြားရှိ ဖူဆယ်ကွင်းပြုပြင်ရန် ကျပ်သိန်းသုံးဆယ် မတည်ပေးခြင်း၊ ရပ်ကွက်သာရေး
နာရေး လူမှုရေးလုပ်ငန်းများအတွက် ငွေပဒေသာပင် မတည်ပေးခြင်း စသည့်အချက်များကို ရပ်ကွက်ဘက်
မှ တောင်းဆိုခဲ့ပြီး ဦးဇော်ဇော်မှ လိုက်လျောပေးခဲ့ခြင်းဖြစ်သည်။ 
 
မူလက အထက်ပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ဦးဆောင်၍ ဇန်န၀ါရီ ၂၇ ရက်တွင် ဆန္ဒဖော်ထုတ်ရန် တရားဝင်ခွင့်ပြုချက်ရရှိထားပြီဖြစ်သည်။ ဓာတ်ပုံ-ဗိုလ်ဗိုလ်ဝင်း

ဒေသခံများ၏တောင်းဆိုမှုမှန်သမျှလ
ိုက်လျောပေးမည်ဟု ဦးဇော်ဇော်ဆို
...............................................................................
တောင်ဥက္ကလာပမြို့နယ် သံသုမာအားကစားကွင်းအတွင်း စက်သုံးဆီအရောင်းဆိုင် ဆောက်လုပ်မိခြင်းအ
တွက် ရပ်ကွက်နေပြည်သူများ ၏ တောင်းဆိုမှုမှန်သမျှ ၊ မည်မျှငွေကြေးကုန်ကျစေကာမူ အကုန်ကျခံဖြည့်
ဆည်းပေးမည်ဟု Max Myanmar ကုမ္မဏီ ဥက္ကဌ ဦးဇော်ဇော်ကပြေသည်။

ဒီလိုလုပ်ပေးတယ်ဆိုတာကဆီဆိုင်ဆောက်တာနဲ့မဆိုင်ဘူး ကျွန်တော်ကဘောလုံးအဖွဲ့ချုပ်ဥက္ကဌ လည်းဖြစ်
တဲ့အပြင် အကုန်လုံးကိုစွန့်လွှတ်ပြီး ဒီဘောလုံးကွင်းကိုပေးဆပ်ထားတာ အခုလူငယ်တွေကစားနေတဲ့ ဘော
လုံးကွင်းကို ထိမိတဲ့အတွက်လည်းစိတ်မကောင်းဖြစ်မိတယ် 
 
ကျွန်တော်ကိုဒီမှာ မလုပ်နဲ့ထွက်သွားပြောရင်လည်းထွက်သွားမှာပါ ဘောလုံးကွင်းကိုတော့ မြက်လည်းစိုက်
ပးမယ် သတန်းကျောင်းလဲဆောက်ပေးမယ် တခြားလိုအပ်တာတွေရှိရင်လည်းပြောပါကျွန်တော်အကုန်
ဖည့်ဆည်းပေးပါမယ်”ဟု ဦးဇော်ဇော်က ရပ်ကွက်နေပြည်သူများအား ယနေ့တွေဆုံစဉ်ပြောကြားခဲ့သည်။
 
7Day News  &Messenger News

No comments:

Post a Comment