ယနေ့ ညနေ (၃) နာရီ နီးပါးတွင် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းရှိ
ဖွန်းပျဉ်ဘွမ်မှ KIA အမှတ်(၂၄)တပ်ရင်း
၏ ရှေ့ကာ ကင်းစခန်း ပွိုင့်တခု
လက်လွှတ် လိုက်ရကြောင်း KIA စစ်ရုံးချုပ် အရာရှိ တဦးက ပြောပါသည်။
“ လေယာဉ်နဲ့ (၁၂) နာရီမှာ တခါ၊ နေ့လည် (၂) နာရီလောက်မှာတခါ
ဓါတုဗုံးတွေနဲ့အကြိမ်ကြိမ် ၀ဲပြီးတော့
အပြင်းအထန် ကျဲချတယ်ဗျ။ လေယာဉ်ကလည်း
အကြီးစား တိုက်လေယာဉ်တွေဗျ။ အငယ်စားလေးတွေ မဟုတ်ဘူးနော်။ ပြီးတော့
ခန်ကိုင်းတောင်ရဲ့၁၂၀ မမနဲ့ ၁၀၅ မမကလည်း တလစပ်ကို မနားတမ်းကို ပစ်ခဲ့
တယ်။
မရေတွက် နိုင်တော့ဘူး။ ရာနဲ့ချီ ပြီးတော့ကို ပစ်တယ်။ မြေပြင်
စစ်ကြောင်းကလည်း စစ်မျက်နှာ နှစ်
ဖက်နဲ့ ညှပ်ပြီး စစ်ဆင်တယ်၊ အဲဒါကြောင့်
နောက်ဆုတ်ပေးလိုက်တာပါ။” ဟု ဆိုပါသည်။
ယခု လက်လွှတ်ရသော စခန်းသည်၊
ပွိုင့် (၇၇၁) ၏ အရှေ့ဖက် KIA တပ်ရင်း (၂၄) ၏ ကင်းထောက် စခန်း
ဖြစ်သည်။
ဤပွိုင့်သည်၊ တပ်ရင်းရုံး၏ အောက်အဆင့် ပွိုင့်တခုဖြစ်ပါသည်။ အလားတူ
လဂျားယန် စခန်းကို
လည်း လက်နက်ကြီးများ နှင့် အတူ လေကြောင်းဖြင့်လည်း
အပြင်းအထန် တိုက်ခိုက်ခဲ့ပါသည်။သို့သော်အစိုး
ရ မြေပြင် တပ်ဖွဲ့များသည်
ယနေ့ နံနက် ၈း၁၅ မိနစ်ခန့်တွင် တုန်ဟုန်းရွာ အရောက်၌ ကျောင်းသား
တပ်မ
တော်နှင့် အေအိုင်အေပူးပေါင်းတပ်များ၏ ကြားဖြတ်ချေမှုန်း ခြင်းကိုခံရပါသည်။ ဤသို့ကြောင့် လဂျားယန် စခန်းကို လေယာဉ်နှင့် လက်နက်ကြီး
များဖြင့်သာ တိုက်ခိုက် ခဲ့သည်ဟု ဆိုပါသည်။
အစိုးရ
လက်နက်ကြီးများသည် ညနေပိုင်း (၅) နာရီအထိ ပစ်ခတ်ခဲ့သော်လည်း
မြေပြင်တပ်များ၏ လှုပ်ရှား
မှုသည်မရှိသလောက် ငြိမ်နေပြီးဖြစ်သည်။လက်နက်ကြီးများသည်KIA တပ်များမိမိတပ်နားသို့ချင်းကပ်ခြင်း
မပြုနိုင်ရန်
ကာပစ် စနစ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်ပါသည်။
အစိုးရ တပ်ဖွဲ့များသည် နယ်မြေ အနေအထားနှင့် တိုက်ပွဲပြင်းထန်မှုများကြောင့်
လူအင်အား အပါဝင် စစ်
ကူနှင့် ပစ်ကူ များ လိုအပ်လျက် နေပါသည်။ စစ်ကူ
ရယူရာတွင်လည်း မြေပြင် စစ်ကူထက် လေယာဉ်နှင့် ရဟတ်ယာဉ် စစ်ကူများကိုသာ
အားထားတော့မည်ဟု စစ်ရေး အကဲဖတ်များက ဆိုပါသည်။ ဤအားသာ
ချက်ကို အစိုးရဖက်က
သိရှိသွားပြီးဖြစ် ပါသည်။
ဤသို့ကြောင့် နက်ဖြန်တွင် လေကြောင်း
အကူများဖြင့် အင်အားဖြည့်ပြီး KIA နှင့် ကျောင်းသား တပ်မတော်
တို့၏ လဂျား
စခန်းကို ပြင်းထန်စွာ တိုက်ခိုက် လာဖွယ် ရှိမည်ဟု အကဲခတ်များက ဆိုပါသည်။
ယနေ့ ညနေ (၃) နာရီ နီးပါးတွင် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းရှိ
ဖွန်းပျဉ်ဘွမ်မှ KIA အမှတ်(၂၄)တပ်ရင်း
၏ ရှေ့ကာ ကင်းစခန်း ပွိုင့်တခု
လက်လွှတ် လိုက်ရကြောင်း KIA စစ်ရုံးချုပ် အရာရှိ တဦးက ပြောပါသည်။
“ လေယာဉ်နဲ့ (၁၂) နာရီမှာ တခါ၊ နေ့လည် (၂) နာရီလောက်မှာတခါ
ဓါတုဗုံးတွေနဲ့အကြိမ်ကြိမ် ၀ဲပြီးတော့
အပြင်းအထန် ကျဲချတယ်ဗျ။ လေယာဉ်ကလည်း
အကြီးစား တိုက်လေယာဉ်တွေဗျ။ အငယ်စားလေးတွေ မဟုတ်ဘူးနော်။ ပြီးတော့
ခန်ကိုင်းတောင်ရဲ့၁၂၀ မမနဲ့ ၁၀၅ မမကလည်း တလစပ်ကို မနားတမ်းကို ပစ်ခဲ့
တယ်။
မရေတွက် နိုင်တော့ဘူး။ ရာနဲ့ချီ ပြီးတော့ကို ပစ်တယ်။ မြေပြင်
စစ်ကြောင်းကလည်း စစ်မျက်နှာ နှစ်
ဖက်နဲ့ ညှပ်ပြီး စစ်ဆင်တယ်၊ အဲဒါကြောင့်
နောက်ဆုတ်ပေးလိုက်တာပါ။” ဟု ဆိုပါသည်။
ယခု လက်လွှတ်ရသော စခန်းသည်၊ ပွိုင့် (၇၇၁) ၏ အရှေ့ဖက် KIA တပ်ရင်း (၂၄) ၏ ကင်းထောက် စခန်း
ယခု လက်လွှတ်ရသော စခန်းသည်၊ ပွိုင့် (၇၇၁) ၏ အရှေ့ဖက် KIA တပ်ရင်း (၂၄) ၏ ကင်းထောက် စခန်း
ဖြစ်သည်။
ဤပွိုင့်သည်၊ တပ်ရင်းရုံး၏ အောက်အဆင့် ပွိုင့်တခုဖြစ်ပါသည်။ အလားတူ
လဂျားယန် စခန်းကို
လည်း လက်နက်ကြီးများ နှင့် အတူ လေကြောင်းဖြင့်လည်း
အပြင်းအထန် တိုက်ခိုက်ခဲ့ပါသည်။သို့သော်အစိုး
ရ မြေပြင် တပ်ဖွဲ့များသည်
ယနေ့ နံနက် ၈း၁၅ မိနစ်ခန့်တွင် တုန်ဟုန်းရွာ အရောက်၌ ကျောင်းသား
တပ်မ
တော်နှင့် အေအိုင်အေပူးပေါင်းတပ်များ၏ ကြားဖြတ်ချေမှုန်း ခြင်းကိုခံရပါသည်။ ဤသို့ကြောင့် လဂျားယန် စခန်းကို လေယာဉ်နှင့် လက်နက်ကြီး
များဖြင့်သာ တိုက်ခိုက် ခဲ့သည်ဟု ဆိုပါသည်။
အစိုးရ လက်နက်ကြီးများသည် ညနေပိုင်း (၅) နာရီအထိ ပစ်ခတ်ခဲ့သော်လည်း မြေပြင်တပ်များ၏ လှုပ်ရှား
အစိုးရ လက်နက်ကြီးများသည် ညနေပိုင်း (၅) နာရီအထိ ပစ်ခတ်ခဲ့သော်လည်း မြေပြင်တပ်များ၏ လှုပ်ရှား
မှုသည်မရှိသလောက် ငြိမ်နေပြီးဖြစ်သည်။လက်နက်ကြီးများသည်KIA တပ်များမိမိတပ်နားသို့ချင်းကပ်ခြင်း
မပြုနိုင်ရန်
ကာပစ် စနစ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်ပါသည်။
အစိုးရ တပ်ဖွဲ့များသည် နယ်မြေ အနေအထားနှင့် တိုက်ပွဲပြင်းထန်မှုများကြောင့်
လူအင်အား အပါဝင် စစ်
အစိုးရ တပ်ဖွဲ့များသည် နယ်မြေ အနေအထားနှင့် တိုက်ပွဲပြင်းထန်မှုများကြောင့်
ကူနှင့် ပစ်ကူ များ လိုအပ်လျက် နေပါသည်။ စစ်ကူ
ရယူရာတွင်လည်း မြေပြင် စစ်ကူထက် လေယာဉ်နှင့် ရဟတ်ယာဉ် စစ်ကူများကိုသာ
အားထားတော့မည်ဟု စစ်ရေး အကဲဖတ်များက ဆိုပါသည်။ ဤအားသာ
ချက်ကို အစိုးရဖက်က
သိရှိသွားပြီးဖြစ် ပါသည်။
ဤသို့ကြောင့် နက်ဖြန်တွင် လေကြောင်း အကူများဖြင့် အင်အားဖြည့်ပြီး KIA နှင့် ကျောင်းသား တပ်မတော်
ဤသို့ကြောင့် နက်ဖြန်တွင် လေကြောင်း အကူများဖြင့် အင်အားဖြည့်ပြီး KIA နှင့် ကျောင်းသား တပ်မတော်
တို့၏ လဂျား
စခန်းကို ပြင်းထန်စွာ တိုက်ခိုက် လာဖွယ် ရှိမည်ဟု အကဲခတ်များက ဆိုပါသည်။
No comments:
Post a Comment