Pages

Pages - Menu

Friday, January 25, 2013

စစ်တွေမြို့ပေါ်မှ အစားအစာနှင့် ဟင်းသီးဟင်းရွက်အချို့တွင် အဆိပ်များပါဝင်နေကြောင်း သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ ပြောကြား

စစ်တွေမြို့ပေါ်မှ အစားအစာနှင့် ဟင်းသီးဟင်းရွက်အချို့တွင် အဆိပ်များပါဝင်နေကြောင်း သတင်းများ ထွက်
ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစု
ရေး ဆပ်ကော်မတီမှ တာဝန်ရှိသူ ဦးဝင်းမြိုင်က ပြောပါသည်။"ကျွန်တော်တို့ သက်ဆိုင်ရာ ဆရာဝန်တွေ
နဲ့ စစ်ဆေးပြီးပါပြီ။ ဘာအဆိပ်မှ မတွေ့ပါဘူးလို့ ဆရာဝန်တွေက ထွက်ဆိုပါတယ်။ အခုထွက်ပေါ်နေတဲ့ သ
တင်းက ကောလာဟာလ သတင်းတွေပါ။ ရန်ကုန်ကိုတောင် ပို့စရာမလိုဘူး။ ဒီမှာတင် ဆရာဝန်တွေနဲ့ စစ်
ဆေးခဲ့တာပါ" ဟု ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ သတင်းများ ထွက်ပေါ်နေခြင်းကြောင့် စစ်တွေမြို့ခံများမှာ ဟင်းသီးဟင်းရွက်များနှင့် အချို့သော အစားအစာများကိုပင် ၀ယ်ယူစားသုံးရန် စိုးရိမ်နေကြကြောင်း သိရသည်။"ဒီသတင်းတွေ ထွက်နေတော့
ကျွန်မတို့ ရောင်းအားတွေ ကျတယ်။ အထူးသဖြင့် ဘူးသီးတို့ ကြက်ဥတို့ဆိုရင် မ၀ယ်ကြသလောက် ဖြစ်နေ
ပါတယ်" ဟု စစ်တွေဈေးကြီးမှ ဟင်းစိမ်းရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောပါသည်။

အလားတူ ဒေသခံတစ်ဦးကလည်း "သတင်းတွေက ယုံရခက်၊ မယုံရခက်ဖြစ်နေတယ်။ ဒီမှာက စမ်းသပ်
တယ်ဆိုပေမယ့် တစ်ချို့ကိစ္စတွေကို မယုံချင်ကြဘူး။ တစ်ချို့ဟာတွေကလည်း ပုံမှန်အတိုင်းဖြစ်နေတာထက် လွဲမှားနေတာတွေကို တွေ့ရတော့ စားသုံးသူတွေ မယုံသင်္ကာဖြစ်မယ်ဆိုလည်း ဖြစ်စရာပါ။

တစ်ခုခုဖြစ်သွားမယ်ဆိုရင် စားတဲ့လူတွေဘဲ ဒုက္ခရောက်မှာဆိုတော့ အစိုးရက တာဝန်ယူပေးမှ စားနိုင်ကြ
မှာ ဖြစ်ပါတယ်။ တရားဝင်ထုတ်ပြန်တာတို့ လုပ်သင့်တယ်လို့ ထင်ပါတယ်" ဟုလည်း သုံးသပ်ပြောဆိုပါ
သည်။ 

Eleven Media Group:

No comments:

Post a Comment