“ ဘာကွ . . မင်းအတွက် တန်ရာတန်ကြေးငါပေးထားပြီးပြီပဲ မင်းက ဘာသောက်ကြီးကျယ်တာလဲ ”
“ အဟက် ဟုတ်ကဲ့ လူကြီးမင်းရဲ့တောင်းဆိုမှုကို ကျွန်မ လက်မခံနိုင်ပါဘူးလို့ပြောပြီးပြ
ဘယ်သူမှ မသတ်မှတ်ထားပါဘူး ။ ငွေရတိုင်း ဒီအလုပ်လုက်ခံမယ်လို့ရော ရှင်တို့ကို ဘယ်သူပြောလဲ ။ ကျွန်တော်သတ်မှတ်ထားတဲ့ အကာအကွယ်သုံးရမယ်ဆိုတဲ့ ကိစ္စကို လက်မခံသရွေ့ ကျွန်မ အသားကိုတောင်ထိလို့မရဘူးမှတ် ။
ဟူး အင်းလေ ဒီတစ်ယောက်အဆင်မပြေလည်း နောက်တစ်ယောက်ပေါ့ ။ စိတ်ညစ်ညစ်နဲ့ ပလက်ဖောင်း တလျှောက် ရှင်နှောင်းရှောက်လာမိသည် ။ အသက် ၃၀ အရွယ် ကိုယ်လုံးကိုယ်ပေါက်တောင့်တောင်
“ ရွတ် ရွတ် . . ”
အနောက်မှ လှမ်းခေါ်လိုက်သော အသံကို သူ မကြားချင်ယောင်ဆောင်လိုက်သည် ။ အင်း . . . အလုပ်တစ်ခုတော့ ရပြီထင်ပါရဲ့ ။ ငနဲသားက နောက်က လိုက်လာသည် ။
“ ညီမလေး . . ညီမလေး ”
သူ အလှဆုံးပြုံးရင်းနောက်ပြန်လှည့်
“ ရှင်နောင်းဆိုတာ ညီမလားဟင် ”
“ အော် ဟုတ်ပါတယ်အကို ”
“ အကို့ကို ရဲနောင်တို့ကပြောလို့ပါ ညီမအကြောင်း ညီမ နဲ့အလုပ်ကိစ္စလေးညှိချင်လို့ ခဏလောက်လိုက်ခဲ့ပါလား ”
“ အော် . . ရပါတယ်အကို ကိုရဲနောင်တို့အသိဆို ဖြစ်ပါတယ် ”
ဒီလိုနဲ့ သူတို့ ခပ်ပေါပေါ အအေးဆိုင်တစ်ခုထဲ ဈေးစကားပြောကြသည် ။ လွန်စွာနာမည်ကြီးလှသော သူဌေးကြီးတစ်ဦးကို ပြုစုရမည်တဲ့ ။ အင်းလေ သူဌေးကြီးဆိုတော့လည်း ပိုက်ဆံလေးဘာလေး မြိုးမြိုးမျက်မျက်ရတာပေါ့လေ ။ အပြန် တက်က်စီလေးဘာလေး ငှားခွင့်တောင်ရချင်ရနိုင်သေးတယ
လူကုံထန်တွေချည်းနေတဲ့ရပ်ကွက်က တစ္ဆေဆန်စွာ ခြောက်သွေ့ အေးစက်လွန်းလှသည် ။ သူတို့တွေ ဘာလို့များဒီလောက်ချမ်းသာနေကြပါ
“ ရှင်နှောင်း မင်းအဖေ ဦးထွန်းခင် ယူထားတဲ့ ပိုက်ဆံက အတိုးရောအရင်းရောဆိုအခု သိန်း ၂၀ ကျော်နေပြီ အဲးဒါမင်းဘယ်လိုဆပ်မလဲ ”
နားထဲမှကြားလိုက်ရသော စကားသံတွေကို သိပ်မယုံချင် ။ အဖေ . . လုပ်ငန်းတွေအဆင်မပြေ တဖြည်းဖြည်းဆင်းရဲလာလိုက်တာ အခု အကြွေး တောင် သိန်း ၂၀ တင်နေတယ်တဲ့ ။ သူ ဘယ်လိုရှာရမလဲ . . ။ ရှင်နှောင်းမျက်ဝန်းမှာ မျက်ရည်တွေ တွဲခိုလို့လာခဲ့တယ် ။
“ ကျွန်မ .. .မရရအောင် ပြန်ဆပ်ပါ့မယ် ဦးရယ် . . .”
“ အေးလေပြီးတာပဲ မဟုတ်ရင်တော့ မင်းတို့တစ်အိမ်လုံးငါ့အကြောင်း
နားထဲကို မိုးကြိုးတွေများပစ်နေသလား ။ ရှင်နှောင်းငိုယုံမှ လွဲ၍ ဘာများတတ်နိုင်မှာလဲ ။ ဘ၀ဆိုတာ အဲဒီလို ကမောက်ကမနဲ့နေသားမကျ တဲ့အရာတွေနဲ့ဖွဲ့စည်းထားတဲ့ အခွံကြီးသက်သက်မဟုတ်လား ။ အခွံပဲလေ ရှင်နှောင်းအတွက်တော့ဘာမှမရှိတဲ
“ ရှင်နှောင်း . .ငါ သတင်းတွေကြားပါတယ်ဟာ နင်စိတ်တော့သိပ်ညစ်မနေပါနဲ့ ငါ အခု လမ်းကြောင်း တစ်ခုတွေ့ထာလို့ နင် ဦးဂျော်နီကိုသိတယ်မဟုတ်လား ငါတို့ လမ်းထိပ်က လူကြီးလေ အဲဒီလူကြီးက ရပ်ကွက်ထဲက ယိုးဒယားအလုပ်သွားလုပ်ချင်တဲ့သူ
“ ဟင် . . နင်. . နင်ပြောတာ တကယ်လား ဟဲ့ ”
“ အေးပေါ့ဟ ”
“ ဒါနဲ့ ဘာလုပ်ရမှာတုန်းဟ ”
“ အထည်ချုပ်စက်ရုံမှာ ဟက်လ်ပါ ပေါ့ဟာ ”
“ အေးဟာ အဲဒါဆို ငါလုပ်ချင်တယ် ငါ့ကိုကူညီပါဦးဟာမဟုတ်ရင်ငါဒီန
ဒီလိုနဲ့ . . ဒီလိုနဲ့ပေါ့ ရှင်နှောင်းတစ်ယောက် ယိုးဒယားကို သူဇာနဲ့အတူရောက်သွားခဲ့ပါတယ် ။ ဦးဂျော်နီရဲ့ အထည်ချုပ်စက်ရုံအမည်ခံ စားသောက်ဆိုင်တစ်ခုမှာ သူဟာ တကယ့်ကို အပျော်မယ်တစ်ယောက်ဖြစ်သွားခဲံရတ
အမေ့ ဆေးဖိုးနဲ့ မောင်လေး ညီမလေးတွေ ရဲ့ပညာသင်စရိတ်အတွက် ရပ်ကွက်ထဲ တူတူတန်တန်နေနိုင်ဖို့ ရှင်နှောင်းရဲ့မထူးဇာတ်ကို ရှင်နှောင်းဆက် ကခဲ့ရတယ် ။
ဘယ်သူပြောလဲဟင် . .ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားရင် အဖေ ထောင်ကျသွားမှာပေါ့ အဖြစ်မခံနိုင်ပါဘူး ရှင်နှောင်း ဘ၀ပျက်ရတာ ဘာအရေးလဲ မဟုတ်ဘူးလား ။ ဒါဆို မြန်မာပြည်ရောက်နေပြီပဲ ရိုးရိုးသားသားလုပ်ကိုင်စားပေါ့
“ ရောက်ပြီခင်ဗျ ဒီအိမ်ပါ ”
ခန်းနားလှတဲ့ ဘန်ဂလိုပုံ့စံအိမ်လေးက တကယ့်ကို သပ်သပ်ရပ်ရပ်ကလေးပါ ။ ရှင်နှောင်းကို အခန်းထဲအထိလိုက်ပို့ပေးသည် ။
အထဲမှာတော့ ထုံးစံအတိုင်း ဆန္ဒအာသီသများသယ်ပိုးထားသော လူ့ခန္ဓာကိုယ်ကြီးတစ်ခု သူ့ကိုစောင့်နေမည် ။
ထုံးစံအတိုင်းသူ့ကိုမိတ်ဆက်ပြီး
ထုံးစံအတိုင်း သူ့ရဲစည်းကမ်းချက် အကာအကွယ်သုံးရမည်ဟု ရှင်နှောင်းပြောမည် ။
လက်ခံလျှင် ထုံးစံအတိုင်း အလုပ်ဖြစ်မည် လက်မခံလျှင် သူ ပြန်ထွက်လာမည် ။
ထုံးစံအတိုင်း ညနေ သွေးသွားစစ်မည် ။
ထုံးစံအတိုင်း အမေ့အတွက်ရင်ကြပ်ရှုဆေးဝယ်ပြီး ကလေးတွေအတွက် စာအုပ် စာတမ်းနဲ့လိုတာလေးတွေဝယ်ရမည် ။
ထုံးစံအတိုင်း မျက်ရည်တွေကို သုတ်ပစ်ရဦးမည် ။
ဒါပါပဲ လေ . . . .
ဘ၀ဆိုတာ တခါတလေတော့လည်း ထုံးစံအတိုင်းတွေနဲ့ချည်းဖွဲ့စည
သက်တန့်ချို
22 Jan 2013
No comments:
Post a Comment