Pages

Pages - Menu

Friday, January 11, 2013

ခြင်္သေ့နှင့်တူအောင် ပြုပြင်ထားသည့်ခွေးကြောင့် ရဲတပ်ဖွဲ့အလုပ်များ


အမွေးများကို ခြင်္သေ့နှင့်တူအောင် ပြုပြင်ကာ ရိတ်ထားသည့် ခွေးတစ်ကောင်ကြောင့် ဗာဂျီနီးယား ရဲတပ်ဖွဲ့ အလုပ်ရှုပ်ခဲ့ကြောင်းသိရှိရသည်။အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယား ပြည်နယ်ရှိ နော်ဖော့ခ် ရဲတပ်ဖွဲ့သို့ လူတစ်
ဦးက အင်္ဂါနေ့တွင် ဖုန်းခေါ်ပြီး လမ်းပေါ်တွင် ခြင်္သေ့ အငယ်စားတစ်ကောင် လျှောက်သွားနေကြောင်း တိုင်
ကြားခဲ့သည်။
ကိုလီရိပ်သာလမ်းတစ်လျှောက် ခြင်္သေ့တစ်ကောင်လွတ်နေပြီးယင်းသည် အစာရှာနေဟန်ရှိကြောင်းသတင်း
သည် ရဲတပ်ဖွဲ့ဝင်များကို မျက်လုံးပြူးသွားစေသည်။

ထို့ကြောင့် ရဲများသည် ဗာဂျီးနီးယား တိရစ္ဆာန်ရုံမှတာဝန်ရှိသူများအားဆက်သွယ်ပြီးသတင်းပို့ရာ နေရာသို

ခင်္သေ့ဖမ်းရန် အလျင်အမြန် ရောက်ရှိလာကြသည်။ ထို့နောက်တွင်တော့ ရဲများသည် အသက်(၃)နှစ်အရွယ် လာဘရာဒိုဒယ်လ် ခွေးကလေး ချားလ်စ်ကို တွေ့မြင်ခဲ့ရသည်။ နောက်ပိုင်းတွင်မူ ဝါရင့် ရဲဝန်ထမ်း အချို့က ချားလ်စ်နှင့် ပတ်သက်ပြီး လူအများ အမြင်မှားသည်မှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ဟု ဒေသခံ သတင်း
ဌာနများသို့ ရယ်မော ပြောဆိုခဲ့သည်။



ချားလ်စ်၏ ပိုင်ရှင်ဖြစ်သူ ဒန်နီရယ်လ် ပိန်းတားက အဆန်းထွင်ကာ ချားလ်စ်ကို ခြင်္သေ့တစ်ကောင်နှင့် တူ

အောင် အမွေးများ ရိတ်ဖြတ် အလှဆင်ပေးထားခြင်း ဖြစ်သည်။ ချားလ်ကို မျက်မှန်းတန်းမိနေသည့် အိမ်နီး
ချင်းများက ခွေးတစ်ကောင်မှန်း သိရှိသော်လည်း ရုတ်တရက် တွေ့မြင်လိုက်သည့် လူစိမ်းများကမူ အမြင်
မှားနေဆဲဟု သိရှိရသည်။



Source: Yahoo

No comments:

Post a Comment