Pages

Pages - Menu

Friday, January 11, 2013

ကေအိုင်အေ အဖွဲ့က ဒေသခံ ပြည်သူအတွက် ကုန်ပစ္စည်းများ တင်ဆောင် လာသော မော်တော်ယာဉ် များအား နှောင့်ယှက် ဖျက်ဆီးခဲ့ပြီး မြစ်ကြီးနား ပူတာအို လမ်းပေါ်ရှိ ဘေလီ တံတားအား မီးရှို့ ဖျက်ဆီး

ကေအိုင်အေ အဖွဲ့က ဒေသခံ ပြည်သူအတွက် ကုန်ပစ္စည်းများ တင်ဆောင် လာသော မော်တော်ယာဉ် များအား နှောင့်ယှက် ဖျက်ဆီးခဲ့ပြီး မြစ်ကြီးနား ပူတာအို လမ်းပေါ်ရှိ ဘေလီ တံတားအား မီးရှို့ ဖျက်ဆီး

Friday, January 11, 2013

ပြည်နယ် အစိုးရ အဖွဲ့၏ စီစဉ်မှုဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ရက်မှ ယခုနှစ် ဇန်နဝါရီ ၄ ရက် အတွင်း ကချင်ပြည်နယ် ပူတာအို ခရိုင်ရှိ ဒေသခံ
ပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်းများ အတွက် စားနပ် ရိက္ခာများ၊ ဒေသ ဖွံ့ဖြိုးရေး အတွက် တည်ဆောက်ရေး ပစ္စည်းများ ပို့ဆောင်ရန် မြစ်ကြီးနားမှ ပူတာအိုသို့ မော်တော်ယာဉ် ၅၄ စီးဖြင့် ကုန်ပစ္စည်း များကို တင်ပို့ ပေးခဲ့ သည်။

ယင်းမော်တော် ယာဉ်များအနက် ဇန်နဝါရီ ၂ရက် နံနက် ၁၁ နာရီ ခန့်က မြစ်ကြီးနား-ဆွမ်ပရာ ဘွမ်လမ်း မိုင်တိုင် အမှတ် (၉၁)ရှိ ထိန်ဘိုင် ကျေးရွာ အနီး၌ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ တည်ဆောက်ရေး ပစ္စည်းများ တင်ဆောင် လာသော ယာဉ်သုံးစီး၊ ဇန်နဝါရီ ၃ ရက် တွင် မိုင်တိုင် အမှတ် (၆၄)၌ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဒီဇယ် ဆီပီပါ ၆ဝ တင်ဆောင် လာသည့် ယာဉ်နှစ်စီး၊ ယင်းနေ့များ မှာပင် မိုင်တိုင်အမှတ် (၈၉) နှင့် (၉၁) အကြား၌ ပူတာအို ဒေသတွင် အသုံးပြုရန် အတွက် တင်ဆောင် လာသည့် တည်ဆောက်ရေး ပစ္စည်းများ၊ စက်သုံးဆီ များနှင့် ဆန်၊ ဆီ အပါအဝင် စားသောက်ကုန်များ တင်ဆောင်လာသည့် ယာဉ် ၁၅ စီး တို့အား ကေအိုင်အေ အဖွဲ့က တားဆီး၍ ယာဉ်များပေါ်တွင် ပါရှိသည့် ကုန်ပစ္စည်း များကို မီးရှို့ ဖျက်ဆီး ခဲ့သည်။

ယင်းသို့ နှောင့်ယှက် ဖျက်ဆီးမှုကြောင့် ယာဉ်များ ပေါ်တွင် ပါရှိသည့် ဘိလပ်မြေ ၈ဝ ဒသမ ၅ တန်၊ သံချောင်း/ သံပြား ၁၃တန်၊ ဒီဇယ်ဆီ ပီပါ ၉ဝ၊ ဆန် ၁၉၃ အိတ်၊ စားသုံးဆီ နှစ်ပုံးနှင့် စားသောက် ကုန်များ ပျက်စီး ဆုံးရှုံး ခဲ့သည်။

ထို့အတူ မြစ်ကြီးနား- ဆွမ်ပရာ ဘွမ်လမ်း မိုင်တိုင် အမှတ်(၁၁ဝ) ဇနန်း ကျေးရွာအနီး အရှည် ပေ ၂ဝ ရှိ ဘေလီ တံတားကိုလည်း
ကေအိုင်အေ အဖွဲ့က မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သက်ဆိုင်ရာ ပြည်နယ်မှ သတင်း ရရှိသည်။

Myanmar Online News

ပြည်နယ် အစိုးရ အဖွဲ့၏ စီစဉ်မှုဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ၂၅ရက်မှ ယခုနှစ်ဇန်နဝါရီ ၄ ရက်အတွင်း ကချင်
ပြည်နယ်ပူတာအိုခရိုင်ရှိ ဒေသခံပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်းများအတွက်စားနပ် ရိက္ခာများ၊ ဒေသဖွံ့ဖြိုးရေး
အတွက် တည်ဆောက်ရေး ပစ္စည်းများ ပို့ဆောင်ရန် မြစ်ကြီးနားမှ ပူတာအိုသို့ မော်တော်ယာဉ် ၅၄ စီးဖြင့် ကုန်ပစ္စည်း များကို တင်ပို့ ပေးခဲ့ သည်။
ယင်းမော်တော် ယာဉ်များအနက် ဇန်နဝါရီ ၂ရက် နံနက် ၁၁ နာရီ ခန့်က မြစ်ကြီးနား-ဆွမ်ပရာ ဘွမ်လမ်း မိုင်
တိုင် အမှတ် (၉၁)ရှိ ထိန်ဘိုင် ကျေးရွာ အနီး၌ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှတည်ဆောက်ရေး ပစ္စည်း
များတင်ဆောင်လာသောယာဉ်သုံးစီး၊ဇန်နဝါရီ ၃ ရက် တွင်မိုင်တိုင် အမှတ် (၆၄)၌ မြန်မာ့ ဆက်သွယ်ရေး
လုပ်ငန်းမှ ဒီဇယ် ဆီပီပါ ၆ဝ တင်ဆောင် လာသည့် ယာဉ်နှစ်စီး၊ယင်းနေ့များမှာပင် မိုင်တိုင်အမှတ် (၈၉) နှင့်
(၉၁) အကြား၌ ပူတာအို ဒေသတွင် အသုံးပြုရန် အတွက် တင်ဆောင် လာသည့် တည်ဆောက်ရေး ပစ္စည်း
များ၊ စက်သုံးဆီ များနှင့် ဆန်၊ ဆီ အပါအဝင် စားသောက်ကုန်များ တင်ဆောင်လာသည့် ယာဉ် ၁၅ စီး တို့
အား ကေအိုင်အေ အဖွဲ့က တားဆီး၍ ယာဉ်များပေါ်တွင် ပါရှိသည့် ကုန်ပစ္စည်း များကို မီးရှို့ ဖျက်ဆီး ခဲ့
သည်။

ယင်းသို့ နှောင့်ယှက် ဖျက်ဆီးမှုကြောင့် ယာဉ်များ ပေါ်တွင် ပါရှိသည့်ဘိလပ်မြေ၈ဝ ဒသမ ၅ တန်၊ သံချောင်း

/ သံပြား ၁၃တန်၊ ဒီဇယ်ဆီ ပီပါ ၉ဝ၊ ဆန် ၁၉၃ အိတ်၊ စားသုံးဆီ နှစ်ပုံးနှင့် စားသောက် ကုန်များ ပျက်စီး ဆုံး
ရှုံး ခဲ့သည်။

ထို့အတူ မြစ်ကြီးနား- ဆွမ်ပရာ ဘွမ်လမ်း မိုင်တိုင် အမှတ်(၁၁ဝ) ဇနန်း ကျေးရွာအနီး အရှည် ပေ ၂ဝ ရှိ

ဘလီ တံတားကိုလည်းကေအိုင်အေ အဖွဲ့က မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သက်ဆိုင်ရာ ပြည်နယ်မှ သတင်း ရရှိသည်။

Myanmar Online News

No comments:

Post a Comment