Pages

Pages - Menu

Friday, January 18, 2013

“ရန်ကုန်အိမ်ခြံမြေ အကျိုးဆောင်ခ တပြေးညီ ဖြစ်ရန်စီစဉ်နေဆဲဖြစ်”

အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များ အသင်းမှ ပြည်တွင်းအိမ်ခြံမြေ အကျိုးဆောင်(ပွဲစား)ခနှုန်းအား တပြေးညီ မသတ်မှတ်ရသေးကြောင်း သိရသည်။“ကျွန်တော်တို့ ဒီကိစ္စကို စီစဉ်နေတုန်းပဲ ရှိပါသေးတယ်။ ဘယ်တော့လောက် အကောင်အထည်ဖော် ဖြစ်မယ်ဆိုတာကိုတော့ သေချာပြောလို့ မရသေး ပါဘူး”ဟု ၎င်းအသင်း ဒုတိယဥက္ကဌ ဦးသန်းဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်ရှိ အိမ်ခြံမြေအကျိုးဆောင်ခ နှုန်းထားမှာ အရောင်းဈေးနှုန်း၏ ၂ ရာခိုင်နှုန်း ဖြစ်ပြီး မြို့ပြင်များ၌ ၃ ရာခိုင်နှုန်း ယူကြကြောင်းနှင့် မန္တလေး၏ အိမ်ခြံမြေအကျိုးဆောင်ခ နှုန်းထားမှာ ၃ ရာခိုင်နှုန်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

တပြေးညီသတ်မှတ်တော့မည့် အိမ်ခြံမြေအကျိုးဆောင်ခ နှုန်းထားအား အစိုးရမဟုတ်သည့် NGO အဖွဲ့ဖြစ်ေ
သာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ရှင်များအသင်းမှ သတ်မှတ်မည်ဖြစ်သောကြောင့် လိုက်နာမှုအပြည့်အ၀ ရရှိမည်မဟုတ်ကြောင်း မ်ခြံမြေအကျိုးဆောင်ခ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

အိမ်စည်စိုးစံ
Popular Myanmar News 

No comments:

Post a Comment