ပါ အသုံးပြု နိုင်သည့် ကုန်းရေ နှစ်သွယ်သွားယာဉ် တစ်စင်းကို တီထွင် ထုတ်လုပ် ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ ကုန်းရေ နှစ်သွယ်သွား ယာဉ်တွင် ဆိုင်ကယ် တစ်စီးကို မော်တော်ဘုတ်၏ ကိုယ်ထည်အတွင်း ထည့်
သွင်း၍ တည်ဆောက် ထားကြောင်း သိရသည်။ ကုန်းရေ နှစ်သွယ်သွား ယာဉ်မှာ ၄ ဒသမ ၅ မီတာ အရှည် ရှိပြီး ၁ ဒသမ ၆ မီတာ အကျယ်ရှိ၍ ၇၅ဝ ကီလိုဂရမ် အလေးချိန် ရှိကြောင်း၊ ထို့ပြင် ရေလမ်းနှင့် ကုန်းလမ်း ခရီးတွင် အလွယ်တကူ သွားလာ နိုင်ကြောင်း သိရသည်။
ထိုယာဉ်သည် ကုန်းလမ်း ခရီးတွင်တစ်နာရီလျှင်ကီလိုမီတာ၇ဝ နှုန်းနှင့် မောင်းနှင်နိုင် ပြီး ရေလမ်းခရီးတွင်
တစ်နာရီလျှင် ရေမိုင် ၄ မိုင် နှုန်းဖြင့် ခုတ်မောင်း နိုင်ကြောင်း သိရသည်။
မစ္စတာ ချန်သည် အသက် ၁၃ နှစ် အရွယ်မှ စ၍ ငါးဖမ်းသမား တစ်ဦးအဖြစ် အသက်မွေး ဝမ်းကျောင်း အ
လုပ် လုပ်ကိုင် ခဲ့သော်လည်း ယခုကဲ့သို့ တီထွင် ရခြင်းကို နှစ်သက်ကြောင်း၊ထိုကုန်းရေ နှစ်သွယ်သွား ယာဉ်
ကို ပြီးခဲ့သည့် မေလကစတင်တည်ဆောက်ခဲ့ပြီး အောက်တိုဘာလတွင် ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ကုန်းရေ နှစ်သွယ်သွား ရေယာဉ် တစ်စင်းကိုတည်ဆောက်ရန်ပုံစံဒီဇိုင်းကိုမိမိစိတ်ကူးအတွင်း၌ ရှိခဲ့သော်
လည်း အကြိမ်ကြိမ် ပြုပြင် မွမ်းမံ ခဲ့ရကြောင်း မစ္စတာ ချန်က ပြောကြား ခဲ့သည်။
yadanar soe
No comments:
Post a Comment