စွယ်ဖြတ်ခြင်းဖြင့် စီးပွားရှာနေသော လူအုပ်စုများကြောင့်ဆင်သေဆုံးမှုများမကြာခဏ ဖြစ်ပေါ်လျက်ရှိရာ
ယခုလဇန်န၀ါရီလ(၃)ရက်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်ခန့်ကငရုတ်ကောင်းမြို့နယ်ခွဲအတွင်း ခေါင်းပြတ်သေ
ဆုံးနေသော ဆင်တစ်ကောင်တွေ့ရှိခဲ့ခြင်းဖြစ်
“ ငရုတ်ကောင်းက ဆင်းမှုံသစ်တောကြိုးဝိုင်း အကွက်အမှတ်(၂)မှာခေါင်းပြတ်သေဆုံးတဲ့ ဆင်ထီး စွယ်စုံ
တော ဆင်ရိုင်းတစ်ကောင်တွေ့တာပါ။ ငရုတ်ကောင်းတောအုပ်ဦးကွန်ချစ်က
သစ်တောဦးစီးက စာနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” ဟု ပုသိမ်ခရိုင်သစ်တော ဦးစီးဌာနမှ ၀န်ထမ်းတစ်
ဦးက ပြောသည်။
ပုသိမ်ခရိုင်သည် ရခိုင်ရိုးမနှင့် ဆက်စပ်တည်ရှိနေသော ခရိုင်တစ်ခုဖြစ်သောကြောင့် လည်းကောင်းယခုရာ
သီသည် ဆင်များကြိုက်နှစ်သက်သော ဗောကိုင်းပင်များ အဖူးပွင့်သောအချိန်ဖြစ်နေသဖြင့်
များမှာလည်း ဆင်အန္တရာယ်နှင့်တွေ့ကြုံနေရပြီး တရားမ၀င် ဆင်သတ် ၊အစွယ် ဖြတ်မှုများလည်း ဖြစ်ပေါ်နေ
ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရွာတွေမှာလင့်စင်တွေထိုးထားပြီးညဘက်ဆင်တွေဆင်းလာရင်အဲ့အပေါ်ကို တက်ပြေးကြရတယ်။ အလုပ်
လဲ ကောင်းကောင်းမလုပ်ရဘူး။ ဒါပေမဲ့ ဒေသခံတွေကတော့ ဆင်ကိုမသတ်ရဲကြပါဘူး။ ဆင်ကို သတ်တာ လူသတ်တာထက်ပိုအပြစ်ကြီးတယ်လို့ သိထားကြတယ်”ဟုငရုတ်ကောင်း မြို့နယ်ခွဲပျဉ်းကတိုးကုန်းရွာသား
တစ်ဦးက ပြောသည်။
ယမန်နှစ်အတွင်းကလည်း ငွေဆောင်မြို့နယ်ခွဲ ဥတုချောင်းဖျားတွင် ဆင်သတ် ၊ ဆင်စွယ် ဖြတ်နေ သူတစ်
ဦးကို ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာလအတွင်းက ငပုတောမြို့နယ်တွင် တွေ့ရှိ သေဆုံးနေ သော ဆင် (၂)
ကောင်အနက်တစ်ကောင်အားသတ်ဖြတ်ခဲ့သူများကိုဖမ်းဆီးရမိခဲ့ကြောင်းပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှသိရှိရသည်။
ယခုတွေ့ရှိသော ဆင်သေဆုံးမှုအတွက်ကလည်း မသမာသူများ၏ လက်ချက်ကြောင့်ဟု ပုသိမ်ခရိုင် လက်
ထောက်ညွှန်ကြားရေးမှူး (သစ်တော)မှ စာဖြင့်တိုင်ကြားမှုကြောင့် ငရုတ်ကောင်း ရဲစခန်းမှ (ပ)”၂-၁၃/၁၉၉
၎” တောရိုင်းတိရိစ္ဆာန်နှင့်သဘာဝအပင်များကာကွယ်ရေးဥပဒေပုဒ်မ၃၇(က)ဖြင့် စုံစမ်းစစ်ဆေးနေကြောင်း
သိရှိရသည်။
မြန်မာနိုင်ငံတွင် ဆင်ကောင်ရေထောင်ဂဏန်းကျော်သာ ကျန်ရှိတော့ပြီး ယခုကဲ့သို့ တရားမ၀င် ဆင်သတ် ၊ ဆင်စွယ်ဖြတ်မှု များပြားလာခြင်းကြောင့် မကြာမီ မြန်မာ့ဆင်များ မျိုးတုံးပျောက်ကွယ်သွားနိုင်ြေ
တော ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။
Myit Makha Mediagroup
Myanmar International News
No comments:
Post a Comment