Pages

Pages - Menu

Tuesday, January 8, 2013

ကွယ်လွန်သွားသော နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲအား ဇန်န၀ါရီလအတွင်း ပြုလုပ်သွားမည်ဟုဆို

320953_559210397441445_307478374_n

X2O မဏ္ဍပ် ဗုံးဖောက်ခွဲမှုဖြင့် စွပ်စွဲထောင်ချခံရသော နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင် ကွယ်လွန်
သွားပြီးနောက် ၎င်းအား စွပ်စွဲထားသော ပြစ်မှုနှင့် မည်သို့မျှမပတ်သက်ကြောင်း အဖြစ်မှန်ဖော်ထုတ်မည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဇန်န၀ါရီလအတွင်း ပြုလုပ်သွားမည်ဟု ဇနီးဖြစ်သူထံမှ သိရှိရသည်။

“ကိုဖြိုးဝေအောင် အပြစ်မရှိကြောင်း ဖော်ထုတ်ဖို့သူထောင်ထဲမှာရှိကတည်းကအစ်မနဲ့သူ့ညီတို့ ပူးပေါင်းပြီး
ကြိုးစားတယ်။အစ်မတို့လုပ်တာသိပ်မပြည့်စုံဘူးလေ၊သူလွတ်လာပြီးတော့ အောက်ပိုင်းသေနေတာတောင်
မှ အဖြစ်မှန်တွေ လူသိအောင် ဆက်ကြိုးစားတယ်´´ဟု ဇနီးဖြစ်သူ မဌေးဌေးက ပြောပြသည်။

ကိုဖြိုးဝေအောင်၏ အမှုတွဲပါအကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော တရားဥပဒေ စိုးမိုးရေးကော်မတီသို့ လိပ်မူပေးပို့ထားပြီးဖြစ်ကြောင်း၊ အကျဉ်းကျခံနေရစဉ်အတွင်း အကျဉ်းသားများ ခံ
စားရသောဒုက္ခများ၊ ဖြောင့်ချက်အဓမ္မရယူပုံများနှင့်ပတ်သက်သောစာတမ်း(၃)စောင်ကို ရေးသားခဲ့ကြောင်း
သိရသည်။ထိုသို့မတရားမှုများနှင့်ပတ်သက်၍ ဖော်ထုတ်ရန် ကြိုးစားနေစဉ်မှာပင်သူ၏ရောဂါကြောင့် လမ်း
ခုလတ်တွင် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူက ဆိုသည်။

ကိုဖြိုးဝေအောင်သည် နိုင်ငံရေးသမားမဟုတ်သော်လည်း သူထောင်မှလွတ်လာပြီးနောက် အကျဉ်းထောင်
ဆိုတာ နိုင်ငံရေးသမားသာမက လူတန်းစားအသီးသီးအတွက် အလွန်ဒုက္ခရောက်ရပုံ၊ အကျဉ်းသားများအ
တွက် ကျန်းမာရေးစောင့်ရှောက်မှု ချွတ်ယွင်းအားနည်ပုံများကို အချက်အလက်များနှင့်တကွ ဖော်ပြပြီး အစိုး
ရပြုပြင်ပြောင်းလဲရေးများ လုပ်ချင်သောဆန္ဒရှိခဲ့ကြောင်း၊ ထိုသို့ အဖြစ်မှန်များ ဖော်ထုတ်လိုသော ဆန္ဒများ
ကို ကျန်ရစ်သူမိသားစုက ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းဇနီးဖြစ်သူ၏ ပြောပြချက်
အရသိရသည်။

ကိုဖြိုးဝေအောင် အပြစ်မရှိကြောင်း ဖော်ထုတ်မယ့်သတင်းစာရှင်းလင်းပွဲမှာ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း
တွေနဲ့ မီဒီယာတွေကို ဖိတ်မှာပါ၊ နောက် သူရေးခဲ့တဲ့ စာတမ်း(၃)စောင်ကိုလည်း တခြားလူတွေ သိထားသင့်
တယ်ထင်လို့ အစ်မတို့က စာစဉ်အနေနဲ့ ထုတ်ဝေသွားမှာပါ´´ဟု ကလေး နှစ်ယောက်မိခင်ဖြစ်သူ မဌေးဌေးမှ
 ပြောကြားခဲ့သည်။

အင်ဂျီနီယာတစ်ဦးဖြစ်သူ ကိုဖြိုးဝေအောင်သည် ၂၀၁၀ ပြည့်နှစ်၌ X2Oမဏ္ဍပ်ဗုံးဖောက်ခွဲမှုတွင်သံသယဖြစ်
သူ တစ်ဦးနှင့်ဆက်နွှယ်၍ ဖမ်းဆီးထိန်းသိမ်းခံရပြီး သေဒဏ်နှင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်း အပြစ်ပေး
ခံခဲ့ရသည်။

543437_555623024465145_164984419_n

ထို့နောက်၂၀၁၂ခုနှစ် သြဂုတ်လ၃ ရက်နေ့တွင်လွတ်ငြိမ်းချမ်းသာမှုဖြင့် ပြန်လည်လွတ်မြောက်လာသည်။
ပန်လွတ်လာချိန်တွင် ထောင်တွင်းပါ အသည်းကင်ဆာရောဂါနှင့် ကိုယ်အောက်ပိုင်းသေရောဂါများကို ခံစား
ခဲ့ရသည်။

ကိုဖြိုးဝေအောင်သည် ဇန်န၀ါရီလ ၄ ရက်နေ့ မနက် ၃ နာရီအချိန်တွင် အသည်းကင်ဆာဖြင့် ကွယ်လွန်ခဲ့၍ ထိုနေ့၌ပင် ရေဝေးမွတ်စလင်သုဿန်၌  မြှုပ်နှံခဲ့သည်။ကွယ်လွန်ချိန်တွင်အသက်(၃၃)နှစ်ရှိပြီးဇနီးနှင့်သမီး
တစ်ယောက်၊ သားတစ်ယောက် ကျန်ရစ်သည်။

ရတနာ၊ ၀တ်ရည်

myanmarchronicle

No comments:

Post a Comment